ရင်ခုန်မှုအစကသူ့အပြုံးက
အချစ်ရဲ့အစကသူ့ပျော်ရွှင်မှုက" Byun Baek ya Byun Baekhyun "
" အန် wae "
ဘေးနားလာအော်တဲ့ Xiumin ကိုအလျင်ပြန်ထူးလိုက်တာကိုသဘောတကျထရယ်လေရဲ့
ပါးလေးတွေဖောင်းတက်သွားတာအရမ်းချစ်စရာကောင်းတယ်
မပြုစားနဲ့ချစ်သူကိုယ့်အသည်းကနုနုလေးရယ်
" ya ငါ့ကိုကြည့်ပြီးဘာတွေတွေးနေတာတုန်း "
စူးစူးနစ်နစ်ကြည့်နေတဲ့ Baekhyun အကြည့်ကိုသတိထားမိစွာ Xiumin မေးလာတော့
" ချစ်စရာကောင်းလွန်းလို့ "
အတည်ပေါက်ပြောလိုက်တဲ့ Baekhyun စကားကြောင့် Xiumin ပါးပြင်ပေါ်တွင်အနီစက်လေးတွေရေးဆွဲသွားတယ်
" မနောက်နဲ့နော် Baekhyun "
" မနောက်ဘူးတကယ်ပြောတာ "
အပြုံးအရယ်မရှိရွှန်းလဲ့နေတဲ့မျက်ဝန်းတောက်တောက်တစ်စုံနဲ့စကားလုံးတွေကြောင့် Xiumin ကြောင်သွားမိတာအမှန်
" သွားမယ် "
ချက်ချင်းကြီးသွားမယ်ပြောပြီးထထွက်သွားတဲ့ Baekhyun ကိုနားမလည်စွာငေးကြည့်နေတုန်း
" ရင်ခုန်သွားတာလားပေါက် "
" ya Byun Baekhyun မင်းသေမယ် "
Byun Baekhyun တို့ဘာများဖြစ်သွားတာလဲလို့စိုးရိမ်လိုက်ရတာသူကတော့စသွားသေးတယ်
ရှေ့ကနေပြေးသွားတဲ့ Baekhyun နောက်ကိုအမှီလိုက်ပြီးလည်ပင်းကိုလက်နှစ်ဖက်နဲ့ညစ်ကာဆွဲမွေ့လိုက်တယ်
" စလို့တော်တော်ကောင်းနေလား "
ကျောင်းဝင်းအတွင်းမြတ်ခင်းစိမ်းစိမ်းတွေပေါ်မှာပြေးလွှားနေတဲ့သူတို့နှစ်ယောက်ကိုကြည့်ပြီးတစ်ယောက်သောသူနှုတ်ခမ်းထောင့်လေးမဲ့သွားတယ်
" စိတ်ပျက်စရာ "
တိုးတိုးလေးဆိုရင်းလှည့်ထွက်သွားတဲ့ကျောပြင်လေးကို Xiumin အဝေးကတွေ့လိုက်ရသော်လည်း