OMD ♡ 10

5.4K 400 24
                                    

💧💧💧Oh My Deer💧💧💧

I can't live without you!
I'll be yours forever , KoKo ~

💦

တိတ်​ဆိတ်​ခြင်းများ ဖြန့်​ကျက်​​နေရာယူထား​သော အနက်​​ရောင်​ ဈာပနပွဲ တခု

ပူ​ဆွေး​သောက​ရောက်​​နေ​သော လူသားတို့ကြားထဲမှ ဘုရားဆု​တောင်းသံ ခပ်​တိုးတိုး ထွက်​​ပေါ်​နေသည်

တစ်​​ယောက်​​သောသူထံ ​ပို့သ​သော ​မေတ္တာတရား ~ တည်​ငြိမ်​စွာ စီးဆင်းသွားရန်​ ​မျှော်​လင့်​မိပါရဲ့

သချိုင်း​မြေထဲ တ​ဖြေး​ဖြေး နည်းလာတဲ့ လူအုပ်​ထဲမယ်​ ဖြူဖြူ​ဖွေး​ဖွေး ​ကောင်​​လေးတစ်​​ယောက်​က​တော့ ပတ်​ဝန်းကျင်​ကို သတိမမူမိသည့်​အလား ​ခေါင်းငိုက်​စိုက်​ကျလျက်​ ရှိသည်​။ ထို​က​​လေး​၏ ဝမ်းနည်းမှုကို ​မျှ​ဝေခံစားပေး​လေသလားမသိ ....... တဖွဲဖွဲကျကာ​နေတဲ့ မိုးစက်​ပွင့်​များက ပိုမိုသည်းထန်​လာ​ချေပြီ။

နောင်​တတရားနှင့်​အတူ ​ကြွေကျလာတဲ့ မျက်​​ရည်​​​တွေရယ်​ ~~~ ချစ်​ရသူ ထာဝရ အိပ်​စက်​ရာသို့ စိမ့်​ဝင်​ကာ အ​ဖော်​ ပြု​ပေးဖို့ ​​တောင်းဆိုပါရ​စေ။

ချစ်​ရတဲ့ ကိုကို ​တောင်းဆိုခဲ့သမျှကို ကျွန်​​တော်​ ဖြည့်​ဆည်း​ပေးချင်​လိုက်​တာ။ ထပ်​မခံစားနိုင်​​တော့​ပေမယ့်​ ​နောင်​တ​တွေပဲ မင်းမူလာကာ လှိုက်​၍ လှိုက်​၍ ဆို့နင့်​လာ​သော ရင်​ဘတ်​ကြီး​ကြောင့်​ သူ့ခန္ဓာကိုယ်​​လေး မြက်​ခင်း​ပေါ် ​ခွေကျသွားတယ်​။ အရင်​လို ​​ပွေ့ဖက်​​ပေးမယ့်​ ရင်​ခွင်​ကျယ်​က​တော့ သူ့အပိုင်​လို့ ထင်​မှတ်​မိတဲ့ ခဏမှာပဲ ​စောစီးစွာ ​ပျောက်​ဆုံးသွားခဲ့​ပြီမို့ ~~~

"" Lu ရယ်​ .. သတိထားပါဦး!!! ထွက်​သွားတဲ့သူက ပြန်​မလာနိုင်​​တော့ဘူး​လေကွာ!!! မင်း အသက်​ဆက်​ရှင်​ရဦးမယ်​ အရူး​လေးရဲ့ ""

မိုး​ရေစိုရွှဲ​နေတဲ့ သူ့ကို ​ဖေးမ ကူကာ ဖက်​ထား​ပေး​တဲ့ Chanyeol ကို ပြန်​တွန်းပစ်​လိုက်​တယ်​။ သူ ဘယ်​​လောက်​ထိ နာကျင်​ရမှန်း သိရက်​နဲ့ ဒီလိုမျိုး ​ပြောထွက်​ရက်​သလား?!! မလိုချင်​ဘူး။ သူငယ်​ချင်းလဲ မလိုချင်​ဘူး။ ဘာကိုမှ မလိုချင်​ဘူး။ သူ့ကိုပဲ လိုချင်​တယ်​။ သူ့ကိုပဲ လိုအပ်​တယ်​။

Oh My Deer ~♥~ Completed Where stories live. Discover now