💖 Oh My Deer 💖
♡ ♥ Love is caring for each other
even when you are angry ♥ ♡💝
ပန်းပင်တွေပေါ် ရောင်စုံမီးလုံးလေးတွေ စီတန်းချိတ်ဆွဲထားတဲ့ cafe ဆိုင်လေး ~
အရုပ်သေးသေးလေးများနှင့်ပါ ချစ်စရာကောင်းစွာ ဆင်ယင်ထားတဲ့ ဆိုင်လေးဟာ ချစ်သူများအတွက် အလှပဆုံးသော Heaven လေး ဖြစ်နေမှာ အမှန်ပဲပေါ့။Westlife ရဲ့ Unbreakable သီချင်းလေးကို လိုက်ဖက်စွာ ဖွင့်ပေးထားတာဟာလဲ ပန်းနုရောင် ချစ်ခြင်းကို ပိုမို ဂန္ထ၀င် ဆန်စေတယ်။
ဒီလို ရိုမန်တစ်ဆန်ဆန် နေရာလေးဆီ .. ကျနော်လဲ ချစ်သူလေးနဲ့ အတူ လာခဲ့တယ်..။ ဘေးမှာ အဖျက်သမား တစ်ယောက် အပိုပါနေတာက လွဲရင်ပေါ့...။
Lu - " ဟုတ်လို့လား? ဇာတ်လမ်းဆင်နေတာလား? "
လက်ပိုက်ကာ မျက်လုံးလေး မှေးကြည့်ရင်း တရားခံစစ်သလို စစ်နေတဲ့ အဆိုးလေးက ကျနော့် မျက်လုံးထဲတော့ ကလေးလေး ခုံပေါ်တက်ပြီး လူကြီးကို ခြိမ်းခြောက်နေသလိုပင် ...။
Boa - " ရော် ~ ဟုတ်ပါတယ်ဆို .. ကလေးကို မမက ညာပါ့မလား .. နေ့ခင်းကတည်းက ရှင်းပြနေတာ ညနေစောင်းပြီလေ "
စားပွဲ ဟိုဘက်က Boa ကလဲ တရင်းတနှီး ဟန်နဲ့ ပြောနေတာ။ ကလေးတဲ့ ~ ဟွန်း !!
Boa - " သူငယ်ချင်းတွေက King တစ်ယောက်ကို နမ်းနိုင်ရင် ဒေါ်လာ ၁သောင်း ပေးမယ်ဆိုလို့ လုပ်မိတာပါကွယ် "
Lu - " ကျနော်လဲ King ပဲလေ !! ဘာလို့ ကျနော့်ကို မနမ်းလဲ? "
အမ်!!!??? သမောင်တကင် စကားကြောင့် Sehun ဆွေ့ဆွေ့ခုန် နေပြီ။ တခွန်းမှ ဝင်မပြောရဘူးဆိုလို့ ငြိမ်နေရတာ..။ နေဦး !! ညကျမှ တွေ့မယ်.. ။
Boa - " ပူတူးလေးကို နမ်းရင် Sehun က Noona ကို သတ်မှာပေါ့ ~ ဒါမဲ့ Sehun ကို နမ်းလိုက်ရင်ကျ ပူတူးလေးနဲ့ ညှိလို့ရမယ် ထင်လို့ ခ်ခ် "
KAMU SEDANG MEMBACA
Oh My Deer ~♥~ Completed
RomansaI love you, LuHan. My Deer is My Everything. ♥ HunHan ♥ WarninG ~ yaoi /20 + ❤❤❤