OMD ♥ 7

7.9K 511 18
                                    

I'm sorry, I love you

Sehun အိမ်​ပြန်​အလာ​ကို ​စောင့်​ကြို​နေတာက
တံခါးကို မှီအိပ်​​နေတဲ့ ​ခွေးက​လေးတစ်​​ကောင်​~
ရှေ့​တော်​​မှောက်​ ဒူး​ထောက်​ကာ
ငှက်​သိုက်​ဆံပင်​များကို သပ်​တင်​​ပေးမိ​တော့
စူးခနဲ အရက်​နံ့က မွှန်​ထူ​နေတာပဲ
အိမ်​​စောင့်​​ခွေး​လေး မူးရူး​နေ​လေပြီ
နေ့လည်​က ​ကျောင်းမှာ ​တွေ့ခဲ့​တော့ အ​ကောင်းချည်းကိုပဲ
$က​လေး​လေး ~
မဟုတ်​တာလုပ်​လိုက်​ရမှ ကြိုက်​တယ်
ပြောစကားကို နားမ​ထောင်​ဘူး
ရုပ်​​လေးနဲ့မှ မလိုက်​ ဆိုးလိုက်​တဲ့ စရိုက်​ ~^~

သမင်​အ​ပေ​အ​တေကို ​ပွေ့ချီယူကာ
မွေ့ရာ​ပေါ်တင်​​ပေးလိုက်​တယ်
မနိုင်​မနင်းနဲ့ဆို​တော့ Sehun အိတ်​​ရော
File ​ရော စာရွက်​​တွေပါ ကြမ်းပြင်​၀ယ်​ ပွစလန်​ကျဲသွားပြီ

အလုပ်​က ပင်​ပန်း
အိမ်​ပြန်​ ​နောက်​ကျ
အ​မော​ပြေ​ ပိစိကို ​​တွေ့တာနဲ့ ချစ်​ဖို့ အားတင်းခဲ့​ပေမယ့်​ အခု​တော့ အ​မောဆို့ရတယ်

စိတ်​တို​မိတာမို့ အမူးသမား​ပိစိ​လေး တင်​ပါးကို သုံးချက်​​လောက်​ SeHun ဗျင်းထည့်​လိုက်​သည်
သူ​လေးက​တော့ ဖင်​ကုတ်​ ရင်​ကုတ်
အင်းအင်းအဲအဲ လုပ်​ကာ ဇိမ်​ခံ​နေ​သေးတာ

ပိပိ​ကို ဆွဲဖျစ်​​ရင်​​တောင်​ နိုးမယ့်​ပုံ မထင်​ရတာမို့ ဒီအတိုင်း​လေးသာ ထားခဲ့​တော့သည်

ရေချိုး​​လိုက်​​တော့ တ​နေ့တာ စိတ်​ပူပန်​ခဲ့ရသမျှ သက်​သာသွားသလိုပင်​ ~
Appa ​ပေးထားတဲ့ အချိန်​တပတ်​ကလဲ ပြည့်​​တော့မယ်
သမင်​​လေးကိုလဲ ဘာမှ မ​ပြောထားရ​သေးဘူး
Sehun ဘာလုပ်​ရမလဲ မဆုံးဖြတ်​ရ​သေး​ပေမယ့်​ ဒီ​ကောင်​ဆိုး​လေးကို ထားခဲ့ရဖို့က ဘယ်​လိုမှ ​မဖြစ်နိုင်​~
က​လေးသာသာ အရွယ်​​လေးကို တစ်​​ယောက်​ထဲ ​နေခိုင်းရတာ Lu မိဘ​တွေ ဘယ်​လိုသ​ဘောမျိုးနဲ့ လွှတ်​ထားသလဲ မသိ​ပေမယ့်​ သူက​တော့ လုံးဝကို စိတ်​မချနိုင်​ပါ
အပိုစာသား​တွေဟု ​ပြောပါကလဲ ခံရမည်​သာ။
သမင်​​လေးက ဆိုးလဲဆိုးသလို Sehun ကိုလဲ အင်​မတန်​မှပင်​ အားကိုး​နေသည်​​လေ

Oh My Deer ~♥~ Completed Donde viven las historias. Descúbrelo ahora