OMD ♡ 12

5.5K 477 8
                                    

Oh My Deer

♥ ♡  Life is perfect when you are in my arms, My Deer ♡ ♥

အိပ်​မောကျ​နေ​သော ​ချစ်​ရသူ အနား ​နေရခြင်းမှာ ​ပြောမပြတတ်​အောင်​ ကြည်​နူး​နွေး​ထွေးလွန်းသည်​။

လူ​တကာကို ကြည့်ရဆိုး​​အောင်​ ​ဖျက်​လိုဖျက်​ဆီး လုပ်တတ်​​သော အမာရွတ်​သည်​ သူနဲ့ကျမှ အဖြည့်​ခံ အလှတရားတခုလို အသွင်ေ​ပြာင်းလျက်​ ~

၎င်းတည်​ရှိရာ ​ပန်းနု​သွေးစွန်းေ​သာ အောက်​နှုတ်​ခမ်းလွှာသည်​ စကား​ပြောတိုင်း အသည်းတယားယားဖြစ်​​အောင်​ ပြုစား​လေ့ရှိသည်​။

နဖူးပြင်​​ပေါ်မှ မှဲ့နက်​​သေး​သေး​လေးသည်​ကား မြင်​သူ ခိုးနမ်းချင်​စိတ်​ ဖြစ်​​စေသားဟု ဆု​တောင်းမှားခဲ့​လေသလား မသိ။ ထိ​တွေ့ နမ်းရှုံ့လို့ မဝ​နိုင်​​အောင်​ပင်​ ...။

သူ့နှုတ်​ခမ်းပါးဖြင့်​ အမြတ်​တနိုး
တို့ထိမိ​တော့ အင်း ခနဲ အသံပြုကာ
လူးလွန့်​သွား​လေရဲ့။
Sehun ၏ ညင်​သာ​သော အနမ်းသည်
သမင်​​လေးကို အသက်​ဝင်​လာ​စေတဲ့အထိ 
နှောင့်​ယှက်​မှု မပြုနိုင်​ခဲ့။

အိပ်​ပါ​စေ ~ အနားမှာ သူ ရှိ​နေလို့သာ စိတ်​ချလက်​ချ အိပ်​​မောကျ​နိုင်​တဲ့ ပန်​ဒါ​နီ​လေးကို နိုးမသွား​စေလိုပါ။

မျက်​တွင်း​လေးများ ​ချောင်​လို့ ...
ပိန်​ကျသွားလိုက်​တာ။ 
ဆောရီး ~ သမင်​​လေးကို ချစ်​လွန်​ လွန်းလို့ ကို့ဆုံးဖြတ်​ချက်​​ မှားသွားတာပါကွာ။
အားလုံး ကို့အပြစ်​ ...။
ဒါ​ကြောင့်​မို့ တသက်​စာ
ထာဝရ တာဝန်​ယူခွင့်​ပြု ~~။

ဒီလို​လေးပဲ ကြည့်​ရုံ ကြည့်​​နေမိတာ နာရီ​ပေါင်းများစွာ ကုန်​လွန်​သွား​သော်​လဲ သူ မငြီး​ငွေ့​သေး။

Sehun လက်​တစ်​ဖက်​ကို လက်​​ဖဝါး​သေး​သေး​လေးနဲ့ တင်းတင်းဆုပ်​ကိုင်​ထားပြီး ​လောကကြီးကို ​မေ့​လျော့​နေတဲ့ ​ကောင်​​လေးဟာ ကြည့်​​နေရရုံနှင့်​ပင်​ လူတစ်​​ယောက်​ကို ဖမ်းစားထားနိုင်​သည်​တဲ့လား။

Oh My Deer ~♥~ Completed Where stories live. Discover now