Zawgyi
Junအပေါ်ထပ်တက်လာသော်ပြူ တင်းပေါက်မှ အပြင်သို့ငေးနေသောTaoကိုတွေ့လေသည်။
Jun-"Tao Oppa"
Taoလှည့်ကြည့်လိုက်ရာနီရဲနေသောပါးပြင်ပေါ် တွင်လက်ရာရေးရေးထင်နေသည်။
Jun-"Appaရိုက်လိုက်တာလား။"
Tao-"အင်း။"
Jun-"တောင်းပန်ပါတယ်။Appaကိုယ်စားကော၊ သမီးကြောင့်နဲ့ရိုက်ခံရလို့ကော။"
Tao-"ရပါတယ်။ဒါနဲ့ဒီနေ့လာပို့တဲ့သူ ပြောင်းသွားပါလား။"
Jun-"ဟုတ်တယ်။သူငယ်ချင်းအစ်ကိုက ကြုံလို့ လိုက်ပို့တာ။"
Tao-"ဟုတ်လား။"
Jun-"သူ့နာမည်ကZhang Yi Xingတဲ့။သူက ချောတယ်မလား။"
Tao-"အင်း။Junလေးသူ့ကိုသဘောကျနေတာ လား။"
Jun-"မသိဘူး။အဲလိုတော့ထင်တာပဲ။"
Tao-"ငါ့ညီမလေးကအရွယ်ရောက်ပြီပဲ။"
Jun-"သူ့ကိုသဘောကျမကျတော့မသေချာသေးပါဘူး။သမီးသွားအိပ်တော့မယ်နော်။"
Tao-"ကောင်းသောညပါ။"
Jun-"ကောင်းသောညပါ။"
Taoနှင့်Junတို့သည်ငယ်ကတည်းကအတူတူ ကြီးပြင်းလာကြသည်။သူတို့နှစ်ယောက်ဘာမှ မတော်စပ်ပေမယ့်Taoအတွက်Junကတစ်ဦး တည်းသောညီမလေးဖြစ်ပြီးJunအတွက်Taoက လည်းတစ်ဦတည်းသောအစ်ကိုပင်ဖြစ်သည်။ Junစိတ်ထဲမှာတစ်ခုခုရှိတိုင်းTaoကိုအရင် ပြောပြတတ်သလိုTaoကလည်းJunကိုအမြဲ ကာကွယ်ပေးလေ့ရှိပါသည်။
Junတစ်ယောက်အိပ်မပျော်ပဲတွေးနေမိသည်။ သူ့ရဲ့မျက်နှာချိုချိုလေး၊ သူ့ပါးချိုင့်လေး ကိုမြင်ယောင်နေမိသည်။မျက်စိထဲတွင်သူ့ကို ပုံဖော်နေမိသည်။
Jun-"အခုဆိုသူဘာလုပ်နေမလဲ။အာ... ငါကလည်းဘာတွေတွေးနေပါလိမ့်။ငါသူ့ကိုချစ်မိနေတာလား။မသိတော့ပါဘူးလေ။ အိပ်တာပဲကောင်းပါတယ်။"
⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳
နောက်တစ်နေ့-
Jun-"DO..နင့်Hyungလာပို့တာလား။"
DO-"ဟုတ်တယ်လေ။ဘာလို့လဲ။"
Jun-"သူ့ဖုန်းနံပါတ်ပေးလို့ရတယ်မလား။"
YOU ARE READING
Love From Hurt (Completed)
Romanceနာကျင်မှုတွေနဲ့ အစပျိုးခဲ့တဲ့ အချစ်တစ်ခု.... ရှေ့ဆက်ဖို့ လွယ်ကူပါ့မလား... နာကျင်မှုတွေနဲ့ အစပျိုးခဲ့တဲ့ အချစ်တစ်ခု.... ရှေ့ဆက်ဖို့ လွယ်ကူပါ့မလား...