Part-21,Final Part

1.1K 63 6
                                    

Zawgyi

4နှစ်ကြာသော်-

ကိုယ်လုံးပေါ်မှန်ရှေ့တွင် နက်ကတိုင်ကို သေချာကျနစွာစည်းနှောင်နေသော သူက သပ်ရပ်သန့်ရှင်းကာ အောင်မြင်သော စီးပွားရေးသမားတစ်ယောက်အသွင်ကိုဆောင်နေလေသည်။

ကြယ်ငါးပွင့်Hotelဖြစ်သော Heaven Hotel ရဲ့ညတစ်ညကတော့လင်းလက်တောက်ပလို့ နေလေသည်။ကားပေါ်ကနေသူဆင်းလိုက်သည်နှင့် တဖျတ်ဖျတ်လက်နေသော ကင်မရာမီးများနှင့် လူအုပ်ကြီးက သူ့ကိုစောင့်ကြို၍နေလေသည်။ မိုက်များဖြင့်အပြိုင်အဆိုင်မေးလာကြသော မေးခွန်းတို့ကိုစိတ်ရှည်လက်ရှည်ဖြေကြားရင်း Hotelထဲသို့ သူဝင်လာခဲ့လေသည်။သူတက်ရောက်လာသည်မှာ သူ့ပါတနာဖြစ်သောZhang Groupက ထုတ်ကုန်သစ်မိတ်ဆက်ပွဲဖြစ်လေသည်။သူ့ကိုမြင်တော့သူဌေးZhang Yi Xingက လာနှုတ်ဆက်လေသည်။

Xing-"Chanyeol...တွေ့ရတာဝမ်းသာတယ်ဗျာ။"

Yeolလည်းလက်ဆွဲနှုတ်ဆက်လိုက်ပြီး-

Yeol-"ထုတ်ကုန်အသစ် အောင်မြင်ပါစေဗျာ။ ဂုဏ်ယူပါတယ်။"

Jun-"Aww...Chanyeol-shi...တွေ့ရတာဝမ်းသာပါတယ်။"

အလှဆုံးဝတ်ဆင်ထားတဲ့Jun Myeonကိုပြန်လည်နှုတ်ဆက်ပြီးတော့-

Yeol-"Xinghoလေးကောမပါဘူးလား?"

Jun-"သူကနှစ်နှစ်ပဲရှိသေးတော့ပွဲတွေခေါ်မလာသေးဘူး။၎နှစ်လောက်ရောက်မှပွဲထုတ်မလို့။"

Jun Myeonစကားကြောင့်သုံးယောက်သား ရယ်မောလိုက်ကြသောလည်း Chanyeolရဲ့ မျက်လုံးတို့က တစ်စုံတစ်ယောက်ကိုရှာဖွေနေသယောင်။

Xing-"ကျွန်တော်တို့စကားပြောရအောင်။"

Jun Myeonကလည်းအလိုက်တသိရှောင်သွားပေးလေသည်။

Yeol-"ဟုတ်ကဲ့။"

Xing-"Hanလေးကိုလိုက်ရှာနေတာလား?"

ထိုအမည်နာမကိုမကြားရတာကြာနေပေမယ့် နှလုံးသားကရင်းနှီးနေသေးတာကြောင့် ဆတ်ခနဲတုန်ခါသွားပြီးအမြင်အာရုံတွေဝေဝါးလာလေသည်။ယိုင်လဲမလိုဖြစ်သွားသော ခန္ဓာကိုယ်ကို အတတ်နိုင်ဆုံးပြန်ထိန်းထားလိုက်ရင်း-

Love From Hurt (Completed)Where stories live. Discover now