Zawgyi
အခု လိပ်ပြာရဲ့follower1.2kကျော်သွားပါပြီ။ ဒီအတောအတွင်း လိပ်ပြာကိုfollowပေးခဲ့ကြတဲ့ reader-nimတို့ အားလုံးကို အရမ်းပဲ ကျေးဇူးတင်ပါတယ်😘😘😘1kပြည့်တုန်းက မအားတာနဲ့ မပြောလိုက်ရပါဘူး😔😔😔😔
အမှန်တော့ Wattpadဆိုတာ လိပ်ပြာအတွက်တော့ သာမန်အဖွဲ့အစည်းတစ်ခုထက်ကို ပိုပါတယ်။ လိပ်ပြာအတွက် သံယောဇဉ်တွယ်ရာ နေရာတစ်ခုလိုပါပဲ။ reader-nimတို့ တစ်ယောက်ချင်းစီကို လိပ်ပြာချစ်လည်းချစ်ပါတယ်။ ခင်လည်း ခင်ပါတယ်။လိပ်ပြာအတွက်တော့ မိသားစုလိုပဲခံစားရပါတယ်😚😚😚
ဒီအတောအတွင်း reader-nimတို့အပေါ် စိတ်အနှောင့်အယှက်ဖြစ်စရာတွေ လုပ်ခဲ့မိရင် တကယ်စိတ်ရင်းနဲ့ တောင်းပန်ပါတယ်နော်😔😔 Updateတွေကြာခဲ့ရင်... ဇာတ်ရှိန်တက်နေတုန်း ဖြတ်ချထားခဲ့မိရင်.... ဟိုဟိုဒီဒီအကြောင်းပြပြီး Updateမလုပ်ဖြစ်ခဲ့တာတွေအတွက်ကော တောင်းပန်ပါတယ်နော်...
ပြောရမယ်ဆိုရင် လိပ်ပြာဒီကိုစရောက်တုန်းက လိပ်ပြာရဲ့ ပထမဆုံးficလေးက vote 5ခုပဲ ရှိခဲ့တာပါ။ followerလည်း တစ်ယောက်စ နှစ်ယောက်စပဲ ရှိခဲ့တာ။လိပ်ပြာအရမ်းကြိုးစားတယ် လို့တော့ မပြောချင်ပါဘူး။ဒါပေမယ့် reader-nimတို့အတွက် အကောင်းဆုံးတွေကိုပဲ ဖန်တီးပေးချင်ခဲ့တာ။နောက်ပိုင်း ficလေးတွေကျတော့ reader-nimတို့ တန်ဖိုးထားပြီးဖတ်ပေးကြလို့ viewerတွေကော voteတွေကော အများကြီးရလာခဲ့ပါတယ်🙏🙏🙏
reader-nimတို့ကို အကောင်းဆုံးတွေပဲ ဖန်းတီးပြီးပေးချင်ခဲ့တာပါ။reader-nimတို့ တန်ဖိုးထားပေးလို့ ဘယ်သူမှတန်ဖိုးမထား အထင်ကြီးမခံခဲ့ရတဲ့ လိပ်ပြာဆိုတဲ့ ကျွန်မက ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေရှိလာခဲ့တယ်။လိပ်ပြာရဲ့ficတွေကို မိသားစုတွေ ရင်းနှီးတဲ့သူတွေက ဖတ်ဖို့မပြောနဲ့ ထိတောင်မထိကြပါဘူး။အခု1.2kပြည့်တာတောင် ကိုယ့်ဘာသာကိုယ် တစ်ကိုယ်တော်ပဲ conconလုပ်ခဲ့ပါတယ်။😌😌
ဘာမှအဖြစ်မရှိဘူးလို့ တွေးမိလိုက်တိုင်း reader-nimတို့ ရေးတဲ့feedbackလေးတွေကို ကြည့်ပြီး အားတင်းထားမိတယ်။တကယ်ပဲ ကျေးဇူးတင်ပါတယ်။🙏🙏🙏ဒါပေမယ့် အခုချိန်အထိ အကောင်းဆုံးမဖြစ်သေးဘူးလို့ ခံစားရတယ်။အားငယ်မိနေတုန်းပဲ။လိုအပ်ချက်ရှိနေတယ်လို့ ခံစားနေရတုန်း။😭😭😭 အဲဒါကြောင့် လိပ်ပြာရဲ့ficလေးတွေကို ဝေဖန်ပေးဖို့ ပြောမိတာပါ။စိတ်ရှုပ်သွားရင်လည်း တောင်းပန်ပါတယ်။😔😔
YOU ARE READING
Love From Hurt (Completed)
Romanceနာကျင်မှုတွေနဲ့ အစပျိုးခဲ့တဲ့ အချစ်တစ်ခု.... ရှေ့ဆက်ဖို့ လွယ်ကူပါ့မလား... နာကျင်မှုတွေနဲ့ အစပျိုးခဲ့တဲ့ အချစ်တစ်ခု.... ရှေ့ဆက်ဖို့ လွယ်ကူပါ့မလား...