" Kris ဟိုမှာမင်းကောင်လေး မဟုတ်လား "
" Yaaa Kim Kai ဘာငါ့ကောင်လေးလဲ မင်းသေ
ချင်လို့လား "Kai နဲ့စကားနိုင်လုနေတုန်းအချိန်မှာဘဲထိုသတ္တဝါလေး
ဟာကားလမ်းတစ်ဖက်ကနေလမ်းကူးကာကျွန်တော့်စီ
လာချေပြီ" Hyung ဒီနေ့အိမ်ပြန်တာစောတယ်နော် "
" နေစမ်းပါဦး မင်းကိုငါကအိမ်ပြန်မယ်လို့ပြောမိလို့
လား အခုငါလျှောက်လည်ဦးမှာ မင်းငါ့နောက်လိုက်
လာဖို့မစဉ်းစားနဲ့နော် "" Hyung ကလည်း လိုက်နေကြဟာကို "
" ငါပြောနေတယ်နော် မလိုက်နဲ့လို့ ငါ့ကိုဒေါသထွက်
အောင်လာမလုပ်နဲ့ "" Hyung ကလည်း "
" ငါပြောပြီးသားနော် "
ဆူပုတ်နေတဲ့သတ္တဝါလေးဟာခြေဆောင့်ပြီးကျန်ခဲ့လေ
ရဲ့ လိုက်ချင်လွန်းလို့တောင်းဆိုနေတဲ့မျက်ဝန်းလေးတွေ
ကိုပါတစ်ခါတည်းလျစ်လျူ ရှုလိုက်ရတယ်တကယ်ဆို ထိုဟာလေးဟာတကယ့်ကိုမလွယ်ကြော
လေးပေ မဖိတ်ခေါ်ပါဘဲဒင်းလေးဟာကျွန်တော့်စီကို
ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာလေတယ်တကယ့်ကိုစိတ်ရှုပ်စရာလေးရယ် ...............
ကျွန်တော့်ကို တ Hyung Hyung နဲ့ခေါ်တတ်ကာ ဒင်းလေးဟာကျွန်တော့်ကို Crush ပါသတဲ့ မရိုးနိုင်သောကလေးဆန်ဆန်လက်ဆောင်ပစ္စည်း
လေးတွေကိုနေ့စဉ်နေ့တိုင်းသူနဲ့တစ်ပါတည်းသယ်
ဆောင်လာလေရဲ့အနုပညာတက္ကသိုလ်တက်နေသောကျွန်တော်ဟာ
မိန်းကလေးတွေကြားသိပ်ကိုရေပန်းစားသူရယ်
King ဆိုသောဘွဲ့ထူးကြောင့်လား ခန့်ညားပြီး
ပြောတတ်ဆိုတတ်ကာအပေါင်းအသင်းဝင်ဆံ့သူ
ဖြစ်နေတာကြောင့်ရယ်လားတော့မသိသေချာတာတစ်ခုကတော့ Kris Wu ကိုဆိုလျှင်
တစ်ကျောင်းလုံးကသိကြသည်လေ
မိန်းကလေးများကြားတွင်နာမည်ကြီးသောကျွန်တော်
သည်အထက်တန်းကျောင်းတက်နေသော ကလေးဆန်
ဆန်ကောင်လေးတစ်ယောက်ကိုပါလွှမ်းမိုးနိုင်သည်
ထင်ပါရဲ့သူ့ထက်လေးနှစ်လောက်ကြီးသောကျွန်တော့်ကိုဒင်း
လေးဟာသိပ်တော့လေးစားမှုမရှိ မထင်ရင်မထင်သလို
ကျွန်တော့်ပါးကိုသူ့နှာခေါင်းလေးတွေနစ်ဝင်သည်အထိ
နမ်းတတ်သည် သူအဲ့လိုအပြုအမူတွေလုပ်တိုင်းဒေါသ
ထွက်နေသောကျွန်တော့်ကိုသူဟာ တခစ်ခစ်ရယ်ပြီး
သဘောတွေကျနေတတ်သေးတာ

YOU ARE READING
You are ?????
Romanceအချစ်ဆိုတဲ့အရာကလေ မင်းကစားနေကြ Game တစ်ခုလို မရိုးရှင်းလွန်းဘူး Chanyeol ####