Pt _ 3

3.1K 330 17
                                    

" Hyung "

" ဟာ ဘာလဲကွာ "

" ဟင့် ရေချိုးခန်းမှာရေပိုက်မလာဘူး အဲ့ဒါဘာဖြစ်နေ
တာလဲ "

" ရေမလာပါဘူးဆို ရေပိုက်ပျက်နေလို့နေမှာပေါ့ကွာ
အဲ့ဒါကိုအထူးအဆန်းလုပ်လို့ "

" လာပြင်ပေး ရေချိုးမို့ "

" ဘာာာ ငါကဘယ်လိုပြင်တတ်မလဲ "

" အာ့ဆိုပြင်တတ်တဲ့လူခေါ်ပေး "

ရုပ်ကိုကငိုမဲ့မဲ့ရုပ်နဲ့ မခေါ်ပေးပြန်ရင်လည်းကိုယ့်အလွန်
ကဖြစ်ဦးမယ် ကိုယ်ကအကြီးမဟုတ်လား

" ရသွားပြီ Hyung ကအတော်ဆုံး "

မျက်စောင်းခဲမယ်ရှိသေးဖျတ်ခနဲပါးတစ်ဖက်ကနွေးသွားရ အဲ့တော့လည်းထိုးမယ့်မျက်စောင်းကသူ့အလိုလိုပြန်
ဝင်သွားရပြန်ရော

ရှိစေတော့ ကိုယ်ကလူကြီးမဟုတ်လား ~~~~~~

" Chanyeol !!!!!!!!! "

" ဟင် Hyung ဘာဖြစ်လို့လဲဟင် "

ဘာ !!!!!! ဘာဖြစ်လို့လဲ ဟုတ်လား

" ဘာတွေလဲ ဒါတွေက ငါ့အိမ်ကို အားးးးးးး သွေးတက်တယ် ကလေးစုတ်လေး "

" Hyung ကလည်း "

ပေကလတ် ပေကလတ် မျက်လုံးအစုံနဲ့ ထိုကလေးကို
လေ ကျွန်တော်နုပ်နုပ်စင်းပစ်လို့ရရင်စင်းပလိုက်ပြီး
လောက်ပြီ

ဘယ်နှယ့် TV ရှေ့ ပီဇာအချပ်အပိုင်းအစတွေက တိုးလို့တွဲလောင်းရယ် ဖွထားတဲ့အမှိုက်ကလမ်းထိပ်က
အမှိုက်ပုံကြီးအလားဘဲ TV remote တွေဟာလေ
မနည်းကိုလိုက်ရှာကောက်နေရတယ်

Kris Kris တော်တော်ဝဋ်ကြွေးကြီးပါလားနော်

" Hyung "

လာပြန်ပြီနောက်တစ်နည်း ခေါင်းအုံးကြီးပိုက်လို့
အခန်းရှေ့မှာမျက်နှာငယ်နဲ့

" ဘာဖြစ်လာတာလဲ သွား ဧည့်ခန်းက ဆိုဖာပေါ်မှာ
သွားအိပ် သွား "

" Hyung စိတ်ပုတ်တယ် ဆိုဖာပေါ်အိပ်မှတော့
ကျွန်တော်နာမှာပေါ့လို့ ပြီးတော့ တစ်ယောက်တည်း
ကြီးအိပ်ချင်ပါဘူး "

စိတ်ထိန်း စိတ်ထိန်း Kris စိတ်ထိန်း မင်းကအကြီးလေ အငယ်နဲ့ဖက်ပြီးရန်မဖြစ်သင့်ဘူး
မဟုတ်လား ~~~~~~~

You are   ????? Where stories live. Discover now