Pt - 5

3.2K 313 16
                                    

" Hyung "

လာပြန်ပါပြီ ဒီပုံစံကဘယ်လိုပုံစံပါလိမ့် ?????

" ဘယ်လိုဖြစ်နေတာလဲကွာ ဒီမှာ ကို TV ကြည့်နေ
တယ်လေ "

" Hyung ကလည်း "

ဘယ်လိုဟာလေးမှန်းမသိ ပေါင်ပေါ်ခေါင်းတင်ပြီးလာ
အိပ်နေလေသည် အဲ့လိုလေးငြိမ်နေတယ်ဆိုလည်း
တော်သေးရဲ့

အခုဟာက တစ်ကိုယ်လုံးကိုပစ်မှီလိုက် ရင်ဘတ်ပေါ်
ခေါင်းလာတင်လိုက် ခေါင်းနဲ့ရင်ဘတ်ကိုတိုးလိုက်
မျက်နှာနားလာပြီးပွတ်သီးပွတ်သတ်လာလုပ်လိုက်နဲ့

" Yarrrrr !!!!! Park Chanyeol !!! "

" Hyung ကလည်း "

" ဘာ Hyung ကလည်းလဲ ဒီမှာ TV ကြည့်နေတယ်
လို့ ပြောနေတယ်လေကွာ "

" Hyungggggggg "

" ဟာကွာ ဘာဖြစ်နေတာလဲ "

" နေမကောင်းသေးဘူးထင်တယ် အာ့ကို Hyung ကအော်တယ် "

ကြည့် ကြည့် လေသံလေးနည်းနည်းမာလိုက်လို့
ချက်ချင်းကိုနေမကောင်းဘူးဖြစ်တော့တာဘဲ မျက်ရည်
ကလည်းအဝိုင်းသားနဲ့

" Hyung ကိုမခေါ်တော့ဘူး "

ခြေဆောင့်လို့ ကလေးဆိုးဟာ ရင်ဘတ်ကိုမှီပြီးအိပ်
နေရာက ချက်ချင်းထထိုင်သွားရဲ့

နှုတ်ခမ်းကလည်းဝက်နှုတ်ခမ်းလိုဆူထော်လို့
သူလေးဟာစိတ်ကောက်သွားရှာတာ ~~~~~

" လာပါဦး Hyung စီ "

" မလာဘူး "

" ကလေးက Hyung TV ကြည့်နေတာကိုလိုက်ရှုပ်
နေတာကိုး အဲ့ဒီတော့ Hyung ကစိတ်တိုသွားတာ
ပေါ့ "

အဲ့ဒီခပ်ဆိုးဆိုးအကောင်ငယ်လေးကိုလေ ချော့တဲ့အခါ
ကြ ကလေးလို့နူးနူးညံ့ညံ့သုံးရတယ် မဟုတ်ရင် ဒင်းလေးကသိပ်နားမဝင်

" ကလေးလို့ ခေါ်နေတာကို ကြည့် ကလေးလေးက
တကယ်စိတ်ကောက်သွားတာဘဲ "

တုပ်တုပ်မလှုပ် ကလေးလေးတကယ်စိတ်ကောက်သွား
ရှာတာနေမယ်ထင်ရဲ့

ကျွန်တော်ကလည်းလေ အခုမှနေကောင်းခါစ ကလေး
ကို နည်းနည်းအော်သလိုဖြစ်သွားမိတယ်လေ

" ကလေး Hyung ကိုစိတ်ကောက်သွားတဲ့ကလေး
လေး ကလေးက Hyung ကိုချွဲချင်လို့လား လာ လာ
Hyung ရင်ခွင်ထဲကိုလာ "

You are   ????? Where stories live. Discover now