Pt_11

1.2K 144 8
                                    

" Hyung ကားတစ်စီးလောက်ရှိရင်ကောင်းမှာဘဲ "

လာပြီ မိုးလင်းပြီဆိုတာနဲ့ဘယ်လိုစမွှေရင်ကောင်းမလဲ
တချိန်လုံးထိုင်စဉ်းစားနေသလားမှတ်ရတယ်

" Hyung ကျောင်းသွားရင်လေ ကိုယ်ပိုင်ကားလေးနဲ့
ဆိုဘယ်လောက်ကောင်းမလဲနော် Bus ကြီးစီးနေရ
တာ အရမ်းမုန်းတာဘဲလို့ 😭 "

" Hyunggggggggg "

" တော်ပါတော့ Chan Yeol ရယ် အေးဆေးနေပါ
ကွာ "

" Hyung ကအော်တာလား "

မအော်ရဲပါ  >_<

" Pa Pa တို့ကသိပ်သနားစရာကောင်းတာဘဲနော်
Tobennie နော် ဟုတ်တယ်မလား တစ်နေရာရာကို
သွားစရာရှိပြီဆိုရင် နာရီဝက်နေမှတစ်စီးလာတတ်တဲ့
Bus ကြီးကိုစောင့်ပြီးစီးနေရတယ်နော် ပူနဲ့ Tobennie ပူနဲ့ Pa Pa ကြီးလာလို့ငွေရှာနိုင်မှကား
အကောင်းစားကြီးဝယ်ပေးမယ် အဲ့ခါကြ မင်း Appa
ကပ်စေးကုပ်ကြီးကို အဲ့ကားပေါ်ခြေတစ်ဖက်တောင်
မတက်ခိုင်းဘူးမှတ် "

ခွေးပေါက်လေးကကြိမ်းဝါးနေတာ Tobennie ခမျာ
တအိအိနဲ့ ဟိုမော့ဒီမော့လုပ်နေရရှာတယ်

ဒင်းကလေးစကားနားထောင်နေတာမဟုတ်ဘူး
Tobennie ခမျာဗိုက်ဆာလို့ တအိအိနဲ့အဆာ
တောင်းနေရှာတာ

အဲ့ဒါကို ဒင်းကလေးကသိပုံတောင်မပေါ် သူ့ Feel နဲ့
သူပြောချင်ရှာတွေလျှောက်ပြောလို့ ~

မဝယ်ပေးချင်လို့မှမဟုတ်ဘဲ ကျောင်းပြီးစ အချိန်
ပိုင်းလုပ်နေရတဲ့သူတစ်ယောက်အဖို့ အပိုဝင်ငွေဆိုတာ
ဘယ်ရှိပါ့မလဲ

ဒင်းလေးတို့နှစ်ယောက်စားသောက်ဖို့တောင်မနည်း
ရုန်းနေရတာ

ဒါတွေလည်း ကလေးကသိမယ့်ပုံမပေါ် ~ သိအောင်
လည်းမပြောပြချင်ပါ

" ကလေး လာလေ ဘာလုပ်နေတာလဲ "

" Hyung ဟို Showroom ထဲက ကားအနီလေး
ကိုကြည့်ဦး ဝါးးးးးး အရမ်းမိုက်တာဘဲ ဟိုကားအနက်
လေးဆိုအိနေတာဘဲ စီးချင်စရာကြီးနော် နော်လို့
Hyung "

အရင်လို မွှေဖို့ စားဖို့လောက်ဘဲအာရုံရတော့သည်
မဟုတ် လမ်းသွားသည်နှင့် တွေ့ရာ ကား showroom တွေကိုအရောင်တလဲ့လဲ့မျက်ဝန်းဝိုင်း
တွေနဲ့ငေးငေးကြည့်တတ်နေပြီ

You are   ????? Where stories live. Discover now