Part.1

425 28 2
                                    

ုခြားနားမှု??
မဟုတ်​ဖူး...
သို့​သော်​လဲ တူညီသလားဆို​တော့လဲ မဟုတ်​ပြန်​ဖူး??
ငါတို့နှစ်​​ယောက်​က
မတူညီခြင်းနဲ့ ခြားနားခြင်း တို့ရဲ့ ကြား ​ချောက်​ကမ်းပါး​ပေါ်​မှာ ရှင်​သန်​ဖို့ကြိုးစား​နေကြတဲ့ နှလုံးသား တစ်​စုံပါ....

~#1

ငွေမှင်​​ရောင်​ တိမ်​လွှာ​ဖျော့​ဖျော့တို့က အပြာ​ရောင်​ လွှမ်းမိုး​နေတဲ့​ကောင်းကင်​တံခွန်​မှာ ​လေဟုန်​စီးပြီး အပြိုင်​အဆိုင်​ ပျံသန်း​နေကြ​လေရဲ့.....

ပန်းနု​ရောင်​ အိပ်​မက်​လှလှ​တွေကလဲ ကြင်​နာမှုတို့နှင့်​ ချစ်​ကြိုက်​မှု​တွေကြားမှာ လူးလာ​ပျော်​မြူးပြီး ကလူမြူ ကြည်​စ​နောက်​​နေ​လေရဲ့.....

သို့​သော်​....
ယခုရှိ​နေ​သော တိမ်​လွှာအချို့က တစ်​ချိန်​မှာ ​ပျောက်​ကွယ်​သွားမည်​ဆိုလျှင်​....
ယခုမက်​​နေ​သော အိပ်​မက်​ချိုချိုတို့က​ရော???
ကုန်​ဆုံးသွားမည်​လား????

ကောင်းကင်​နီနီရဲ့ ပျံသန်းမှုအပြီးမှာ​တော့ ​ကျေးငှက်​​လေး​တွေရဲ့ အရိပ်​ထင်​ထင်​က ဟိုဒီ​ရွေ့လျားမှု​တွေပြီးဆုံးသွားခဲ့ပါတယ်​....

ကျေးငှက်​အစုံနဲ့ ​ကောင်းကင်​ကြီးက အိပ်​စက်​အနားယူသွားခဲ့​ပေမဲ့ လူသား​တွေက​တော့ ရုန်းကန်​ လှုပ်​ရှား​နေဆဲ....

ဟိုဒီအပြိုင်​လင်းလာတဲ့ မီး​ရောင်​စုံ​တွေနဲ့ အတူ လမ်းမ​တွေ ထက်​မှာ သက်​ဝင်​လှုပ်​ရှား​နေမြဲ....

"ဟုတ်​ကဲ့!!!!​ကျေးဇူးတင်​ပါတယ်​....."

Customer ​ပေးတဲ့ cash ကိုယူလိုက်​ရင်း ​ချွေး​တောင်​ မသုတ်​နိုင်​ပဲ ​နောက်​ Customerရဲ့ orderကို လက်​ခံဖို့ ပြင်​ရပါတယ်​....

"Coke တစ်​ခွက်​~~သမင်​သား​ကြော်​ တစ်​တုံး..."

အ​ပေါ်ကို ​မော့မကြည့်​လဲ ဒီအသံကို သူမှတ်​မိတာ​ပေါ့....

သူ ဆီနံ့တွေ ​ချွေးနံ့​တွေနဲ့ လုံး​ထွေးမ​နေရင်​ သူ့ကိုယ်​သင်းရနံ့သဲ့သဲ့ကိုပါ မှတ်​မိနိုင်​မှာ....

"ဟုတ်​ကဲ့!!!!ခဏ​စောင့်​ပါ​နော်​..ဧည့်​သည်​....

ကြက်​​ကြော်​ အစပ်​တစ်​တုံး Coke တစ်​ခွက်​<<<<<"

Non différent mais non ressemblant[Complete]Where stories live. Discover now