~#6
"Tsk...မင်းသားကလဲ မမိုက်ပါဖူးကွာ..."
"ဘာလို့လဲ Lu ရဲ့!!??"
"ကြည့်လေ....သူက အဲ့လို လုပ်စရာလားလို့??!"
"ဘာကိုလဲလို့ ပြောပါဦး"
"ဒီလို Hunရာ...သူ သေတော့မဲ့ ရောဂါဖြစ်နေလဲ မင်းသမီးကို အဲ့လောက် ရုတ်တရပ်ဖြတ်လိုက်တော့ မင်းသမီးက မခံစားရဖူးလား???"
"Imm...ခံစားရတာပေါ့!!!"
"အဲ့တာပဲကြည့်လေ!!!!
သူလဲ သေဦးမယ်....မင်းသမီးကလဲ ခံစားရဦးမယ်...
သူဒီလို လုပ်တာကြီးက နည်းမှ မမှန်တာကွ....""အဲ ဆိုစမ်းပါဦး......
ဘယ်ဟာက နည်းမှန်သလဲလို့??!""အခုကို အရင်ပြောပြမယ်နော်~~~
အခု မင်းသမီးက သူရုတ်တရပ်အဖြတ်ခံရတော့ သူတစ်ခုခုမှားလို့လားဆိုတဲ့ Psychoကြီး ဝင်မယ်~~
အဲ....
ပြီးရင် မင်းသားကို နေ့နေ့ညညလွမ်းမယ်...
နောက်ဆုံး မင်းသားရဲ့ ရောဂါကို သိသွားရင် သူ မင်းသားကို ဖြတ်ခဲ့တာ ကျေးဇူးပါဆိုပြီး ကျေးဇူးတင်မယ် ထင်နေလား??!!
သူ့ကို မပြောရကောင်းလား...ဘာလား...ညာလားက လာရော~
ကဲ နောက်ဆုံးမင်းသားသေသွားရော...
သူထပ်ပြီး ခံစားရတာပဲ...
စဉ်းစားကြည့် Hun~~
မင်းသမီးကို တစ်ခါပဲခံစားရအောင် လုပ်လို့ရတယ်~""ဘယ်လို ဘယ်လို!!!
ကဲ ကို Xiao Luရဲ့ ညွှန်းစမ်းပါဦး~""ဒီလို Hunရာ..... ဒီလို ရုတ်တရပ်လမ်းခွဲလိုက်မဲ့အစား ဆက်ဆံရေးကို အေးစက်စက်ကြီးဖြစ်အောင်လုပ်လို့ရတယ် Hunရာ~~
မုန်းသွားအောင် တခြားတစ်ယောက်နဲ့ ပလူခိုင်းတာမျိုး မဟုတ်ဖူး....""Imm~"
"ရှိတယ်မလား??
လူချင်းနီးနေပေမဲ့ စိတ်ချင်းဝေးနေသလိုကြီးလေ....""Ommx..."
"အင်း...အဲ့လိုမျိုး Hunရာ..ကိုယ့်ချစ်သူမကြိုက်တဲ့ဟာတွေကို ကိုယ်ပဲ အသိဆုံးလေ...
အဲ့တော့ သူ့စိတ်ကို ကိုယ်ပဲ နားအလည်ဆုံး....
တဖြည်းဖြည်းနဲ့ သူက ကိုယ့်အပေါ် စိတ်ပျက်လာပြီး လမ်းခွဲစကားပြောတဲ့အချိန်မှာ သူ့ဖက်ကလဲ လမ်းခွဲချင်နေတာနဲ့ အဲ့လိုဆို အဆင်သင့်သွားရော...
မင်းသားကတော့ နာကျင်ရမှာပေါ့နော်...
ကဲနောက်ပိုင်း မင်းသမီးက မင်းသားရောဂါသိပြီ ထားပါတော့..
သူ ဝမ်းနည်းချင်လဲ ဝမ်းနည်းမယ်...
ဝမ်းနည်းချင်မှလဲ နည်းတော့မယ်.......
ဘာလို့ဆို မင်းသားနဲ့ ပတ်သတ်တဲ့သူ့စိတ်တွေက အေးစက်စက်ကြီး ဖြစ်သွားပြီလေ~~"
YOU ARE READING
Non différent mais non ressemblant[Complete]
Fanfictionမင်းအတွက် နေ့ဆို ငါ့အတွက် လမိုက်ညလို့ ငါထင်ခဲ့ဖူးတယ်. တကယ်က ငါ့အတွက် လမိုက်ညဆို မင်းအတွက် ငရဲဖြစ်နေခဲ့တာ ငါမသိခဲ့ဖူး. အဖြေရှာဖို့ မစဉ်းစားဘဲ တစ်ဖက်သတ် တစ်ကိုယ်ကောင်းဆန်ခဲ့တဲ့ ငါ့ကို ခွင့်မလွှတ်ပါနဲ့ Hun~ Le Miracle De Avril...