~#2
ဆောင်းလေးအေးအေးတိုးဝင်မရအောင် ပြတင်တံခါးများ ပိတ်ထားသော်လဲ အအေးဒဏ်က လေထုကြားမှ ဖြတ်စီးလျက်~
ကောင်းကင်မှာကတော့ အခိုးဝေဝေ နှင်းတွေတွေနှင့် မြူ ခိုးဆိုင်းဆိုင်း ဖြန့်ကျက်လျက်~
ကိုယ်ငွေ့ထွေးထွေး ရင်ခွင်နွေးနွေးထဲမှ နိုးထချင်လာပါသော်လဲ မဖြစ်လာမှာကို သူသိနေပြီးသား...
မျက်လုံးတို့ကို အားယူဖွင့်ကြည့်လိုက်တော့ ချစ်ရသူက အနီးဆုံးတွင် ရှိဖို့မပြောနှင့်...
တစ်မိုးအောက်တွင်တောင် မရှိတော့မှန်း အဝါရောင် memoလေးက သက်သေပြလျက်....ရိုးအီနေခဲ့ပါပြီ....
နေသားကျနေခဲ့ပါပြီ...သို့သော်လဲ ဦးနှောက်ကပဲ အမှတ်တယူထားပြီး နှလုံးသားက အမှတ်သည်းခြေ မရှိတာလားမသိ...
ကြိမ်ဖန်များစွာ ကြာလာပါသော်လဲ ရင်ဖက်အစုံက ငိုကြွေးနေဆဲ....
သူ အေးစက်နေပြီ ဖြစ်တဲ့ ဘေးနေရာလေးကို ငေးကြည့်ရင်း မြူ ခိုးဝေနေတဲ့ မနက်ခင်းကိုသာ အပြစ်တင်လျက်......
~~~~~~~~~~~~~~~~~~~~~~~
ရင်ဖက်အပေါ်မှာ လျော့ရဲရဲဖြစ်နေတဲ့ မီးခိုးနုရောင် ပဝါလေးကို မာဖလာလေးကို တင်းနေအောင် ပြန်ပြင်ရင်း တိုးဝေ့လာတဲ့ လေကြမ်းကြမ်းကြီးတွေကို တားဆီးလိုက်သလို......
လေအဟုန်ကြောင့် နားရွက်ဖျားတွေ အေးစက်လာသလို ခံစားရတာကြောင့် Beanie ကို နားရွက်ပေါ်ပါ ဖုံးပြီး ဝှက်ထားမိလိုက်သည်...
ကိုရီးယားနိုင်ငံရဲ့ ဆောင်းရာသီမှာ အမြဲ ဒီဂရီအနုတ်ပြကာ ကျောရိုးခိုက်မတပ် အေးမြသည်....
နွေ...နွေဦးနှင့် ဆောင်းဦးတို့ကို သူကြိုက်နှစ်သက်သော်လဲ ဆောင်းဝင်လာလျှင် သူ Beijing ကိုသာ သတိရမိသည်...
ဤသို့ အေးစက်စက် နှင်းစက်လက် ရွာချသော ရာသီဆို Mama ချက်ပေးသည့် ထမင်းပူပူ ဟင်းပူပူကို သူပုံမှန်ထက် ပို၍ လွမ်းမိပါသည်.....
YOU ARE READING
Non différent mais non ressemblant[Complete]
Fanficမင်းအတွက် နေ့ဆို ငါ့အတွက် လမိုက်ညလို့ ငါထင်ခဲ့ဖူးတယ်. တကယ်က ငါ့အတွက် လမိုက်ညဆို မင်းအတွက် ငရဲဖြစ်နေခဲ့တာ ငါမသိခဲ့ဖူး. အဖြေရှာဖို့ မစဉ်းစားဘဲ တစ်ဖက်သတ် တစ်ကိုယ်ကောင်းဆန်ခဲ့တဲ့ ငါ့ကို ခွင့်မလွှတ်ပါနဲ့ Hun~ Le Miracle De Avril...