~#7
ချယ်ရီနီနီပန်းကလေးများလဲ မြေသို့ခ၍ ထပ်မံမပွင့်ဖူးတော့ပြီ...ဟိုဒီပုန်းရှောင်နေခဲ့သော စင်ယော်ငှက်ကလေးများလဲ ဆောင်းတွင်းဝင်လို့ ပျံသန်းကြပြီ.....
ကုန်းတွင်းပိုင်း ခပ်ကြမ်းကြမ်းလေတို့ကလဲ ဟိုတဝှေ့ ဒီတဝှေ့တိုက်ခတ်ခဲ့လေပြီ.....
ဒီလိုအချိန်ဆိုလျှင် Xiao Luhan ဆိုသော တရုတ်လေးနှင့် Oh Sehun ဆိုသော ကောင်လေးသည်..
ကျောင်းပိတ်ရက်ဆိုသော အတားအဆီးရှိသော်ငြား ~ကော်ဖီနံ့ဖြင့်သင်းထုံနေသော စိမ်းစိမ်းစိုစိုဖြင့် လန်းဆန်းနေသည့် တောအုပ် ကော်ဖီဆိုင်လေးတွင် ဆုံဖြစ်အောင် ဆုံကြလေသည်.....
သို့သော်....
ဤနှစ်......
ဤယနေ့........
ဤအချိန်တွင်တော့..........Xiao Luhanသည် ပေါ်လာမည်ကို မသေချာသော ကတိပေးဖူးသူကို မျှော်လင့်ချက်တို့ဖြင့် စောင့်လျက်နေ၏.....
နေရောင်ပျောက်နေခဲ့သော နံနက်ခင်းမှသည်.....
ထင်းရူးပင်တွေကြား နေခလာခဲ့ပြီ.........လက်ကောက်ဝတ်တွင် ပတ်ထားခဲ့သော နာရီလေးမှ လက်တံတိုလေးတောင် တချက်ချက်နှင့် ရွေ့လျားနေခဲ့ပြီ......
ရှေ့က အေးစက်နေပြီးဖြစ်သော ကော်ဖီခွက်လေးရဲ့ အနားသတ်တွေကို လက်နဲ့ထိရင်း ဆွေးဆွေးမြေ့မြေ့ ပြုံးမိပြန်၏.....
နှာဖျားဝက သက်ပြင်းသာသာ လေပူတစ်ချက်အတိုက်မှာတော့ မှန်ပြတင်းကို ဖြတ်၍ သစ်ရွက်ကြွေသော တောလမ်းလေးကို ငေးမိပြန်သည်....
ဝေဝေဝါးဝါး ပေါ်လွင့်လာတဲ့ မြင်ကွင်းကတော့ နွေရူးစိတ်ကူးယဉ်အိပ်မက်ဟု ယောင်ယမ်းထင်မိလိုက်ပေမဲ့~
တဖြည်းဖြည်းလှမ်းလျှောက်လာတဲ့ ခြေလှမ်းတိုင်းမှာ သူဆိုတာ သေချာဖို့ အားအင်တွေဖြည့်ဆည်းပေးလိုက်သလို~
YOU ARE READING
Non différent mais non ressemblant[Complete]
Fanficမင်းအတွက် နေ့ဆို ငါ့အတွက် လမိုက်ညလို့ ငါထင်ခဲ့ဖူးတယ်. တကယ်က ငါ့အတွက် လမိုက်ညဆို မင်းအတွက် ငရဲဖြစ်နေခဲ့တာ ငါမသိခဲ့ဖူး. အဖြေရှာဖို့ မစဉ်းစားဘဲ တစ်ဖက်သတ် တစ်ကိုယ်ကောင်းဆန်ခဲ့တဲ့ ငါ့ကို ခွင့်မလွှတ်ပါနဲ့ Hun~ Le Miracle De Avril...