Part.3

132 16 0
                                    

~#3

မနက်​ခင်းရဲ့ ​ဆောင်း​လေကြမ်းကြမ်းက ချစ်​ရသူနဲ့ဆို​တော့ ​နေသာ​နေသ​ယောင်​....

မြူဆိုင်း​နေတဲ့ ​ကောင်းကင်​ကြီးက တမဟုတ်​ချင်း ကြည်​လင်​သွားသ​ယောင်​.....

နုဖတ်​ဖတ်​လက်​အစုံက ဝါဂွမ်းစလို အိ​ထွေးပြီး သိုး​မွေးလက်​အိတ်​လို အ​နွေးဓာတ်​​ပေး​နေသည်​....

လက်​တစ်​ဖက်​ထဲသာ ထိ​တွေ့ထားခြင်းဖြစ်​​သော်​လဲ အ​နွေးဓာတ်​က ဘယ်​ဖက်​ဝဲဖက်​ နှလုံးသားက ပြန့်​တက်​ကာ တစ်​ကိုယ်​လုံးကို လွှမ်းခြုံထားသည်​ပဲ.....

နှလုံးသားက ​အေးစက်​​နေ​သော်​လဲ ရင်​ခုန်​သံက​တော့ ​နွေး​ထွေး​နေဆဲပါ....

Hunက နီးရာ ​ကော်​ဖီဆိုင်​​လေးကို ဦး​ဆောင်​​ခေါ်သွားရင်း ​ကောင်​တာ​ရှေ့မှာ မီနူး​ရွေး​နေခဲ့သည်​...

"Americano နှစ်​ခွက်​နဲ့ Garlic Bum sandwish 2 set ​ပေးပါ..."

Hun ရဲ့ အမှာစာ​လေးကို ​ဘေးက နား​ထောင်​ရင်း သူပြုံးမိခဲ့သည်​....

ချစ်​စကြိုက်​စ ချစ်​သူဖြစ်​ကာစတုန်းက Hun သည်​ Americanoကို လုံးဝမကြိုက်​ပါ....

သို့​သော်​လဲ Lu ​ကြောင့်​ တစ်​ခါတ​လေ ​သောက်​ဖြစ်​ခဲ့သည်​..

နောက်​ ဂျင်းနံ့ဆို မခံနိုင်​​သော Hun သည်​ သူ့အကြိုက်​လိုက်​ကာ Garlic Bum ကို စား​ပေးတတ်​သည်​...

ယခုတွင်​​တော့ သူနဲ့ တူတူပင်​...
Hun သည်​ သူနှင့်​အကုန်​နီးပါး အကြိုက်​တူလာသလို...
သူသည်​လဲ Hun ကြိုက်​တာ​လေး​တွေ နှစ်​သက်​ဖြစ်​လာသည်​...

"Lu စား​လေ..."
ပါးစပ်​​ရှေ့ကို ထိုး​ပေး​နေ​သော ​ပေါင်​မုန့်​ အပိုင်း​လေးတစ်​ပိုင်းက နှုတ်​ခမ်းကြားမှ စီးဆင်းသွား​သောအခါ...
ချိုမြိန်​လှ​လေစွာ..

ပူ​ပူ​နွေး​နွေး Americano တစ်​ခွက်​ကလဲ ချိုမြိန်​မှုကို ခါးဆိမ့်​ဆိမ့်​ဖြင့်​ အနားသပ်​ ပုံ​ဖော်​လိုက်​သည်​မှာ ပနံသင့်​လှ​ချေရဲ့.....

သူတို့ ရည်းစားသက်​တမ်းသည်​ နှစ်​နှစ်​တင်းတင်း​ကျော်​လာပြီဖြစ်​သည်​...
နှစ်​နှစ်​​ကျော်​အတွင်း Hun သည်​ သူ့ကို ဂရုစိုက်​သလို စိတ်​ပျက်​ရ​အောင်​လဲ မလုပ်​ခဲ့​ပေ...

Non différent mais non ressemblant[Complete]Where stories live. Discover now