ဖတ်ဖတ်ဖတ်!!!
လူသွားလမ်းပေါ်တွင် လျင်မြန်စွာပြေးနေသော ကျယ်လောင်သည့်ခြေသံ......လူသွားလမ်းထက်တွင်တော့ ထိုခြေသံက စိုးမိုးနေသည်။
ဟောဟဲဟောဟဲ...............>>
လမ်းမ၏တစ်နေရာတွင်......ထိုပြေးနေသူသည် မောဟိုက်သံတို့နှင့်အတူရပ်လိုက်သည်။သူ့ရှေ့တွင်ရှိနေသော အဆောက်အဦးအကြီးကြီးကို တစ်ချက်မော့ကြည့်ပြီး ထိုအဆောက်အဦးထဲသို့ ကျောင်းလွယ်အိတ်ကလေးကို ပြင်လွယ်လိုက်ကာ ဝင်သွားသည်။အဆောက်အဦး၏အပေါ်ထပ်သို့တက်လာပြီး Chairmanဟု နာမည်စာတန်းထိုးထားသော အခန်းတံခါးကိုဖွင့်ပြီးဝင်သွားလိုက်တော့ သူ့ရဲ့အချစ်ဆုံးသူက သူ့ကိုမော့မကြည့်နိုင်လောက်အောင်အလုပ်ဒေများနေသည်။သူရောက်နေတာတောင်အဖက်မလုပ်ဘဲအလုပ်ဒေများနေသော သူ့ရဲ့ချစ်သူကို အသံလေးပေးလိုက်သည်။
~~Hyung~~~~
အသံကြားတော့မှ မော့ကြည့်လာသော သူ့ရဲ့ချစ်သူကိုပြုံးပြလိုက်သော်လည်း ပြန်ဆက်ဆံခံလိုက်ရသည်က
~~ကလေး မင်းကို ဒီကိုလိုက်မလာဖို့ပြောထားတယ်လေ!!ဘယ်နှခါပြောမှမှတ်မိမှာလဲ အထက်တန်းကျောင်းသားတစ်ယောက်ရဲ့ မှတ်ဥာဏ်အဲ့လောက်ဆိုးသလား~~
ပြင်းထန်သောစကားများကြောင့် သူမျက်နှာလေး ညှိုးသွားပြီး
~~Hyungလည်း......hyungပဲဒီနေ့ ညစာအတူစားဖို့ပြောထားလို့ကျောင်းက လွှတ်လွှတ်ချင်းပြေးလာတာ~~
~~~အေးပါ ကလေးအိမ်ပြန်တော့ ကိုယ်အလုပ်ဆင်းရင် ဖုန်းဆက်လိုက်တော့မှထွက်လာခဲ့~~
သူ့ချစ်သူရဲ့စကားကို မလွန်ဆန်နိုင်သောကြောင့် အိမ်ကိုသာပြန်လာခဲ့သည်။အိမ်ကိုပြန်လာသည့်လမ်းတစ်လျှောက်တွင် နှေးကွေးသောခြေလှမ်းများဖြင့် လမ်းကိုစိတ်မပါလက်မပါလျှောက်နေသာ သူ............။
××××××××××××××××××××××××××××××××××××××
ကျွန်တော့်နာမည် Lee Yeong Soo ပါ။ပြောရမယ်ဆိုရင်ကျွန်တော်က အထက်တန်းကျောင်းသားတစ်ယောက်ပေါ့။ကျွန်တော့်မိဘတွေက နိုင်ငံခြားက Balck phoenixဆိုတဲ့ အလှကုန်ကုမ္ပဏီပိုင်ရှင်တွေပါ။အရမ်းလည်းအောင်မြင်နေတဲ့စီးပွားရေးသမားတွေပေါ့။ကျွန်တော်ကတော့ Koreaမှာ တစ်ယောက်တည်းလာနေပြီး ကျောင်းလာတက်တာပါ။ပြောရမယ်ဆိုရင်......မိဝေးဖဝေးပေါ့ဗျာ။ကျွန်တော့်ပူဆာမှုကြောင့်သာ အမေတို့ကကျွန်တော့်ကို koreaမှာထားတာ သူတို့စိတ်နဲ့သူတို့သာဆိုရင် ကျွန်တော့်ကိုသူတို့နဲ့ဝေးရာမှာထားလိမ့်မယ်မထင်ဘူး။ဘာလို့ဆို ကျွန်တော်က တစ်ဦးတည်းသောသားဖြစ်ပြီး တစ်အိမ်လုံးက ဖူးဖူးမှုတ်အောင်ချစ်ကြလို့ပါ။ငယ်ငယ်ကတည်းက အဖေအမေတို့အပေါ်ဆိုးချင်တိုင်းဆိုး နွဲ့ချင်တိုင်းနွဲ့ပြီး လိုချင်တာရှိရင် မရ ရအောင် ရယူတတ်တဲ့ ကျွန်တော်ကလေ......Hyungနဲ့တွေ့မှပဲ သူ့ရှေ့မှာဝပ်ဆင်းရတော့တယ်။
အိမ်အကူ:Sooလေးပြန်လာပြီလား။
Soo:ဟုတ်ကဲ့အဒေါ် သားပြန်ရောက်ပါပြီ။
အိမ်အကူ: ဒီနေ့က
သာမန်နေ့တွေထက်နောက်ကျသလိုပဲသားရယ်Soo:Ah......သား သူငယ်ချင်းအိမ်မှာခဏနေလိုက်လို့ပါအဒေါ်
အိမ်အကူ: ဟုတ်ပါပြီ......နားလိုက်ဦးနော်သား
Soo:nae!
Sooတစ်ယောက် အိမ်အကူအဒေါ်ကြီးကို နှုတ်ဆက်ပြီး သူ့ရဲ့အခန်းထဲဝင်လာသည်။ ကုတင်ဘေးရှိ စာကြည့်ခုံပေါ်ကို လွယ်အိတ်ကိုပစ်တင်လိုက်ပြီး ကုတင်ပေါ် ခြေပစ်လက်ပစ်လှဲချလိုက်သည်။ပင်ပန်းနေသောကြောင့် တစ်ကိုယ်လုံး ညောင်းညာနေသည်။သူ...ဘတ်စ်ကား ၄မှတ်တိုင်လောက်ဝေးတဲ့ သူ့ရဲ့Hyungဆီကို ရောက်ချင်ဇောနဲ့ပြေးသွားလိုက်သည်က သူ့ကိုပို၍ပင်ပန်းစေသည်။ဒီနေ့လည်းကျောင်းမှာ အတန်းလိုက်သန့်ရှင်းရေးလုပ်လာခဲ့တော့ ပင်ပန်းနေသော Yeong Sooတစ်ယောက်ကုတင်ပေါ်တွင်ပက်လက်ကလေးလှဲလျက်နှင့် မျက်လုံးလေးကိုအသာမှိတ်ကာ သူ့Hyungဖုန်းခေါ်လာမယ့် အချိန်ကို စောင့်ရင်း နားစွင့်နေမိသည်။
Sooဆိုတဲ့ကောင်လေးက အရပ်မြင့်မြင့် အသားအရေက အနည်းငယ်ညိုချင်သော်လည်း ညိုသည်တော့ မဟုတ်...မျက်လုံးမမှေးပေမယ့် မျက်လုံးကသေးသေးလေး နှာခေါင်းလေးကစင်းပြီးရှည်ကာသွယ်သည်။ရယ်လိုက်ရင် အပြုံးလေးနှင့်အတူ ပေါ်လာတတ်သော သွားတက်ဖွေးဖွေးလေး နှစ်ချောင်းက စီရီနေသော သွားဖွေးဖွေးလေးတွေကို ဝန်းရံထားသည်။သာမန်ယောက်ျားလေးတွေလို ဆံပင်အတိုတွင်ရှေ့ဆံပင်လေးများကို ဂျယ်ထောင်ထားသည်။အသက်16နှစ်အရွယ်မျှသာရှိသေးသော Lee Yeong Sooသည် သူများ ယောက်ျားလေးတွေလို ကိုယ်လုံးကိုယ်ပေါက်မှာလည်းမတောင့်တင်းပေ။ အသင့်အတင့်ရှိပြီး အရပ်ရှည်ရုံမျှသာ ဖြစ်သော Yeong Soo၏ အမှန်တရားနှစ်ခုမှာ အလွန်ချစ်ဖို့ကောင်းပြီး ကလေးလေးတစ်ယောက်လို အပြစ်ကင်းစင်လွန်းတာ၊သူနဲ့၁၂နှစ်ကွာသော ကုမ္ပဏီပိုင်ရှင်သူဌေးဖြစ်တဲ့သူ့Hyungကို အသက်နှင့်အမျှချစ်တယ်ဆိုတာပါပဲ။
~~~~~~~~TBC~~~~~
အစပိုင်းဆိုတော့ နည်းနည်းဈေးကိုင်ချင်သေးရဲ့hee ^_^
အားပေးကြပါဦးနော် Normal ficလေးကတော့ တုံ့ပြန်မှုအား နည်းနည်း နည်းတော့ Yaoi ficလေးပြောင်းရေးတာ။မကောင်းမကန်းလေးမှန်းသိပေမယ့်မျက်နှာပြောင်တိုက်ပြီးတော့ ကို တောင်းဆိုချင်ပါတယ်နော်။
17.12.2016(sat)
By NGdeer
Mutharphyu.
^3^