€p *****

233 18 4
                                    

Be: သူဌေးကားရပ်ပါဦး!

Woo:ဘာလို့လဲBecha ssi!!

ကားမောင်းနေရင်းလမ်းတစ်နေရာတွင်Bechaက လှမ်းတားလိုက်၍Minwooနားမလည်နိုင်စွာပြန်မေးမိသည်။ကုမ္ပဏီတွင် အရေးကြီးဧည့်သည်များရောက်နေပါလျက် ကားရပ်ခိုင်းနေသေးသည်။Bechaဘာမှမပြောဘဲကားထဲတွင်ထိုင်နေရင်းMinwoo ဘက်လှည့်ကာ......

Be:ကုမ္ပဏီမှာဘာဧည့်သည်မှရောက်မနေပါဘူးသူဌေး။သူဌေးကိုကျွန်မ ပြောစရာရှိလို့အဲ့ကလေးဆီကနေ ဆွဲခေါ်လာခဲ့တာကိုခွင့်လွှတ်ပါ။

Woo:ထားလိုက်ပါတော့။ တော်တော်အရေးကြီးတဲ့ကိစ္စထင်တယ် ပြောပါဦး

Becha:သူဌေးလည်းရိပ်မိမယ်ထင်ပါတယ်...

Woo: ဘာကိုဆိုလိုချင်တာလဲ???

Be:သူဌေးလည်းသိမှာပါ...ကျွန်မ သူဌေးအပေါ်ထားတဲ့စိတ်ခံစားချက်ကို

Woo:ဗျာ????

Becha တဖြေးဖြေးနှင့် Minwoo အနားကပ်လာပြီး သူမ၏နှုတ်ခမ်းပါးများ ဦးတည်ရာက.........
Minwooရဲ့ နှုတ်ခမ်းများကို ပူနွေးးသွားစေသည့်Becha ကတော့ လိုချင်တာရသော ကလေးတစ်ယောက်ပမာ ကျေကျေနပ်နပ်ကြီးကိုပြုံးပြနေသော်လည်း Minwooကတော့ ကျောက်ရုပ်တစ်ရုပ်လို ပြောရမည့်စကားများး အစအန ရှာမရအောင်ပျောက်ဆုံးခဲ့လေသည်။

>>>>>>>>>>>

အအေးဆိုင်လေးတစ်ခု၏ ထောင့်တစ်နေရာတွင်အသားဖွေးဖွေး ခန္ဓာကိုယ်ထောင်ထောင်မောင်းမောင်းနှင့် ကောင်လေးတစ်ယောက် ဖုန်းတစ်လုံးနှင့်အလုပ်ရှုပ်နေသည်။မိန်းကလေးများးအဖို့ မျက်စိတဆုံးငေးရလောက်အောင်ယောက်ျားပီသသော မျက်နှာနှင့်နှာခေါင်းချွန်ချွန် ထိုကောင်လေးက......Do Chan Eun

Chaneunတစ်ယောက် ဖုန်းscreenကို လက်နှင့်တို့လိုက် ဖုန်းကို နား နားတွင် ကပ်ကာ ထားလိုက်။ဖုန်းခေါ်လို့မရလျှင် 'တောက်' ခေါက်ကာ ထပ်ခေါ်လိုက်နှင့် အလုပ်ရှုပ်နေသည်။ နောက်ဆုံး သူဖုန်းခေါ်နေသူထံသို့ ဖုန်းဝင်သွားသည်တူသည်။နှင်းဆီပွင့်ရောင်သူ့နှုတ်ခမ်းများပွင့်လာပြီးး ပြောမည့်စကားကို အစချီလိုက်သည်က သူ၏သူငယ်ချင်းနာမည်ကို ခေါ်လိုက်ခြင်းပင်ဖြစ်သည်။

Virtual LoveWhere stories live. Discover now