Ep **

484 25 4
                                    

"Oneul neoreul kkok ango~Giving you my heart and soul~~neon salmui jeonbuya For life~~"

ကုတင်ပေါ်တွင်ပစ်ထားသော ဖုန်းလေးမှPhone ringtoneလေးမြည်လာသောကြောင့်Soo(Yeong soo)တစ်ယောက် ရေချိုးခန်းထဲမှကမန်းကတန်းအပြေးတပိုင်းလေးထွက်လာခဲ့သည်။ကိုယ်အောက်ပိုင်းကိုတဘက်နှင့်ပတ်ထားသောကြောင့် သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းမှာ ရင်ဖိုစရာ ကြွက်သားများမရှိပေမယ့် ကြည့်လို့တော့ကောင်းနေသည်။(Author သွားချောင်းလာတာ ^_^)

Soo:hyung!!!

sooဝမ်းသာအားရစွာနှင့်ဖုန်းကိုကောက်ကိုင်လိုက်ပြီးတစ်ဖက်မှ minwooကို ဖုန်းဖြေလိုက်သည်။

Woo:ah......ကလေးရာ ကိုယ်အခုမှ ရုံးကပြန်ရောက်တယ်ကွာကိုယ်ပင်ပန်းနေလို့ ညစာအတူစားဖို့အတွက်တော့ တောင်းပန်ပါတယ်......မရတော့ဘူးMianhae!

sooနာရီကိုလှမ်းကြည့်လိုက်သော်.........ည8:30.

Soo's pov:aw......ငါကုတင်ပေါ်အိပ်ပျော်သွားတာ ဒီအချိန်တောင်ရောက်နေပြီပဲ...တော်သေးတာပေါ့Hyungရဲ့phone callကို လွတ်မသွားတာ...

Woo:Soo.........Soo......ကလေး!! ပြန်ဖြေဦးလေကွာ စိတ်ကောက်သွားတာလားး

Soo:om? aw......မဟုတ်ပါဘူးHyungရဲ့......ကျွန်တော်နားလည်ပါတယ်...ဒါဆိုHyungနားလိုက်တော့နော် ညစာကတော့နောက်မှပေါ့

Woo:ommပါ......

Soo:hyung!! saranghae!

woo:eo!!

minwoo,yeong sooကို တုန့်ပြန်မပြော'eo'တစ်လုံးတည်းသာပြောပြီးဖုန်းချသွားသည်။ဒါကတော့Yeong sooအတွက်အထူးအဆန်းမဟုတ်တော့......သူချစ်တယ်ပြောတိုင်း တုန့်ပြန်အပြောမခံရတာကိုသူကျင့်သားရနေပါပြီ.Minwooကို ချစ်တယ်ဆိုတာလည်းသူကပဲစပြောခဲ့တာ......ဘာလို့ဆိုMinwooကို သူကအရမ်းချစ်မိလို့12နှစ်ကွာတယ်ဆိုတာသူ့အတွက်ကန့်သတ်ချက်မဟုတ်သလို အချိန်တစ်ခုရောက်လျှင်လည်း သူကပဲမိဘတွေကို ဖွင့်ပြောပြီး Minwooကိုလက်ထပ်မယ်လို့ Yeong sooစဉ်းစားထားခဲ့ပြီးဖြစ်သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~

Hyungနဲ့ဖုန်းပြောပြောပြီးချင်း ကျွန်တော် စိတ်တွေပူလာမိတယ်......Hyungကပင်ပန်းနေလို့တဲ့......နေရောကောင်းရဲ့လားမသိဘူး။သူကတစ်ယောက်တည်းနေတာလေ......NBအားကစားဖိနပ်ကုမ္ပဏီပိုင်ရှင်Park Minwooဆိုတဲ့လူကြီးကိုကျွန်တော်အမြဲစိတ်ပူနေမိခဲ့တယ်။သူက သူဌေးဆိုပေမယ့်လည်း တခြားသူဌေးတွေလို တိုက်အကြီးကြီးတွေကားအကြီးကြီးတွေနဲ့လည်း မနေဘူးဗျ။တိုက်ခန်းသေးလေးတစ်ခန်းကိုဝယ်ပြီးနေလေရဲ့။နေတော့လည်းတစ်ယောက်တည်း။ သူနေမကောင်းဖြစ်ခဲ့ရင် ပြုစုမယ့်သူလည်းမရှိတော့အမြဲလိုလို စိတ်ပူနေမိတယ်။အရမ်းလည်းကပ်စေးနဲတဲ့ လူ့ဂွစာကြီး......မိန်းကလေးကိစ္စနဲ့ပတ်သက်ပြီးတော့တော့ သူ့ကိုစိတ်ချမိပါတယ် ဘာလို့ဆို သူ့ဘဝမှာ ကျွန်တော်တစ်ယောက်တည်းရှိတယ်ဆိုတာကို ကျွန်တော်ယုံကြည်ထားလို့ပါ။သူကတော့အဲ့လိုမပြောပေမယ့် ကျွန်တော်ကယုံကြည်တာပါ။ ယုံကြည်မှုနားလည်မှုဆိုတာကရှိသင့်တယ်လေ ကျွန်တော့်သူ့ကိုအပြည့်အဝပေးပြီးသားပါ။ကျွန်တော့်ချစ်ရပါသောရေခဲတုံးကြီး Park Minwooကိုလေ။

မြို့လယ်ကောင်ရဲ့ ရှုပ်ထွေးလှသော ညတစ်ည။ဟိုမှသည်မှ ကူးခတ်သွားလာနေသော ကားမျိုးစုံအရွယ်စုံတို့၏ ဟွန်းတီးသံများ......လူများဖြင့်စည်ကားနေသည်မှာ ဆိုးလ်မြို့ရဲ့မြို့လယ်ကောင်ညတစ်ညပင်ဖြစ်သည်။ထိုသို့စည်ကားနေသော ပတ်ဝန်းကျင်တွင် ချစ်သူကို စိုးရိမ်စိတ်နဲ့အတူ ခြေလှမ်းများကိုခပ်သွက်သွက်လှမ်းနေသော Yeong sooကတော့ ထိုသို့ ရှုပ်ထွေးလှသော ပတ်ဝန်းကျင်ကို ကျင့်သားရနေပါပြီ။
############################

"Ting Tong"

woo:Nugu seyo??

×××××××××××TBC××××××××××××××××××

By NGdeer
24.12.2016

ဒီအပိုင်းလေးက တိုသွားတယ်တိုတာမှတိုတိုတိုကို မြည်လို့...မဖြစ်ဖြစ်အောင်updateလိုက်ရလို့ပါ......@oohsehunyoko97ရေ နာ့ကိုမဆဲနက်နော် အပိုင်းတိုလို့. နာupdateတယ်ညော်.........^_^ with မျက်နှာချို

Virtual LoveWhere stories live. Discover now