Gangnamရပ်ကွက်မှာ ကြီးမားထည်ဝါစွာ တည်ရှိနေတဲ့ အဆောက်အဦးကြီးကတော့ အလုပ်သမားပေါင်းထောင်ပေါင်းများစွာ လုပ်ကိုင်နေကြတဲ့ coporationကြီး တစ်ခုပေါ့
seoulမြို့ကြီးမှာ ဂုဏ်သတင်းကျော်ကြားလှတဲ့ companyကြီးဆိုလည်းမမှားဘူးလေ မျိုးရိုးအစဉ်အဆက် ဦးစီးလာခဲ့ကြတာ ယခုဆို south koreaမှာသာမက asiaတစ်ခွင်မှာပါ ထိပ်တန်းစာရင်းဝင်တဲ့ coporationကြီးတစ်ခုလေ
အဲ့companyကြီးရဲ့ ပိုင်ရှင်ကတော့ chaebol familyတစ်ခုဖြစ်တဲ့ Jung familyက ပိုင်ဆိုင်တာပေါ့ကွယ်
ယခုJung Coporationရဲ့ လက်ရှိCEOကတော့ သူဌေးကြီး jung yunhoပေါ့
CEO jungမှာ အသက်၅၀ပဲရှိသေးတယ် မိန်းမကခပ်ငယ်ငယ်နဲ့ဆုံးသွားတော့ သမီးနှစ်ယောက်နဲ့ single fatherဖြစ်ခဲ့တာပေါ့
သမီးတေမွေးထားတဲ့အဖေပီပီ သမီးတေကို နေရာချထားပေးရေးက စဉ်းစားစရာအခြေအနေကို ဆိုက်ရောက်လာpလေ အဖြစ်ကဒီလိုCEO jungရဲ့ သမီးကြီး
Jessica Jung aka Jung Sooyeon
မှာ အသက် ၂၉နှစ်ကျော်လာပြီ မကြာမှီ၃၀ပြည့်တော့မည် ဖြစ်သော်လည်း ရည်းစားဆိုသည်မှာတောင် မူးလို့ပင်ရှူစရာမရှိ
အိမ်ထောင်ပြုဖို့ မဆိုထားနှင့်.....ထိုjessica jungဆိုသည်မှာ သူဌေးသမီးတို့ အင်္ဂါရပ်နှင့်အညီ
ချောမောလှပတဲ့မျက်နှာ
သွယ်လှတဲ့ကိုယ်ခန္ဓာ
စတိုင်ကျတဲ့ဝတ်စားဆင်ယင်မှု
အေးစက်သောအမူအရာ
တို့ပြည့်စုံပါသော်ငြားလည်းသူမ၏ ထိုပြီးပြည့်စုံမှု နောက်ကွယ်မှာ ကပ်ပါလာသော အမူအကျင့်များမှာမူ
No.1 - jessica jungသည် ဇီဇာအလွန်ကြောင်သည်
သို့သော် အချက်အပြုတ်မှာ မိမိစတိုင်မဟုတ်ဟု ခံယူထားသူဖြစ်သည်
No.2- jessica jungသည် ဒေါသကြီးသည်
သို့သော် မိမိဒေါသကြီးရခြင်းမှာ တစ်ခြားသောသူများက စိတ်တိုအောင်လုပ်၍ဖြစ်သည်
No.3- jessica jungသည် အသန့်အပြန့်အလွန်ကြိုက်သည်
သို့သော် မိမိကိုယ်တိုင်လည်း ရေခဏခဏချိုးရမှာ ပျင်းသည်
No.4- jessica jungသည် လူကပိန်သလောက် အိပ်ရေးအလွန်ပုတ်သည်
သို့သော် သူမသည် လူတစ်ယောက်အိပ်ချိန်က အနည်းဆုံး၈နာရီ ဖြစ်နိုင်ရင် ၁၀နာရီလောက်ရှိရမည်ဟု ခံယူထားသည်
No.5- jessica jungသည် အပျင်းကြီးသောသူလည်းဖြစ်သည်
ထို့ကြောင့် ချွှေးထွက်စေသော အလုပ်များအားမည်သို့မျှမနှစ်သက်