Part 9

1.5K 148 23
                                    

Baekလည်းကျောင်းဆင်းတော့အိမ်ပြန်ရောက်
တယ်ဆိုရင်ဘဲDiaryစာအုပ်လေးရဲ့ပထမဆုံးစာ
မျက်နှာလေးကိုလှန်လိုက်တယ်။

11.1.2016

မင်းနဲ့စတွေ့ခဲ့တဲ့နေ့လေး......ကိုယ့်
ှလုံးသားလေးကိုပြုပြင်ပြောင်းလဲခဲ့မိတဲ့နေ့
ပေါ့။အဲ့နေ့ကကိုယ်ဒဏ်ရာတွေရလာလို့သစ်ပင်
အောက်မှာမှီအိပ်နေတာလေ။အဲ့အချိန်မှာကလေး
ကကိုယ့်ကိုစကားလာပြောတယ်လေ။မင်းကတော့
အပြုံးမပျက်ဘဲကိုယ့်ကိုဂရုတစိုက်မေးနေပေမဲ့
ကိုယ်ကတော့မင်းကိုရင့်ရင့်သီးသီးဆက်ဆံခဲ့မိ
တယ်။အဲ့အတွက်တောင်းပန်ပါတယ်။ကိုယ်က
vampireဆိုတော့မင်းတို့လိုတော့ဘယ်သိမ်မွေ့
ပါ့မလဲ။ပြီးတော့မင်းပေးခဲ့တဲ့ဆေးဘူးလေးကို
ကိုယ်ခုထိသိမ်းထားဆဲပါ။မင်းမသိပေမဲ့လို့ပေါ့။
ပြီးတော့ကိုယ်မင်းကိုဝန်ခံချင်တယ်။အဲ့နေ့က
မင်းအပြုံးလေးတွေသိပ်လှတာဘဲ။

ကိုယ့်ရင်ထဲကိုတံခါးမခေါက်ဘဲဝင်လာသူလေး
အတွက်
Park Chanyeolမှ

Baek pvး အဲ့ဒါသူလား။ငါဆေးဘူးဝယ်ပြီးပေး
ခဲ့တဲ့တစ်ယောက်က။ငါဖြင့်မှတ်တောင်မမှတ်
မိဘူး

13.1.2016

ကိုယ်မင်းနာမည်လေးကိုမမေးခဲ့မိတာ
သိပ်နောင်တရတာဘဲ။ကိုယ်ကိုယ်တိုင်တောင်မသိ
လိုက်ဘဲမင်းကိုလိုက်ရှာနေခဲ့မိတယ်။မင်းကိုဘဲ
အရမ်းတွေ့နေချင်တယ်။ပြီးတော့မင်းအပြုံးလှလှ
လေးတွေကိုပြန်မြင်ယောင်မိတိုင်း ဒီနေရာ......
ဘယ်ဘက်ရင်အုံကလေဒုတ်ဒုတ်ဒုတ်နဲ့ခုန်လာတာ
ဘာဖြစ်လို့လဲဟင်?

ကိုယ့်နှလုံးသားရဲ့အဖြေကိုဖြေပေးမဲ့သူအတွက်
Park Chanyeolမှ

15.1.2016

ဘယ်လိုလုပ်ရမှာလဲဟင်။ကိုယ်မင်းကိုသိပ်
သတိရတာဘဲ။တွေ့ချင်တယ်။အရမ်းဘဲ။ဒါမဲ့
ကိုယ်မင်းနာမည်လေးမသိသလိုမင်းနေတဲ့နေရာ
ကိုလည်းမသိဘူး။ဟင့်အင်း။မနေနိုင်ဘူး။မင်း
မျက်နှာလေးကိုမတွေ့ရတာ3ရက်ဘဲရှိသေးပေ
မဲ့ကိုယ်မနေနိုင်ဘူး။ကိုယ်ဘာတွေဖြစ်နေတာလဲ။
ဖြေပေးနိုင်မလား။ဒါပေါ့။မင်းဘဲဖြေရမှာပေါ့။
မင်းဘဲကိုယ့်နှလုံးသားကိုယောက်ယက်ခတ်အောင်
လုပ်သွားတာလေ။ဟုတ်တယ်မလား???

Don't be afraid,Be my boyfriendWhere stories live. Discover now