Part 15

1.2K 108 10
                                    

မင်းသိလား…ကိုယ်ဘယ်လောက်စိတ်ပူနေခဲ့လဲ
ဆိုတာ…။

မင်းသိလား…မင်းတစ်ခုခုဖြစ်သွားရင်ကိုယ်ကိုယ့်ကိုအသေပြန်သတ်ချင်နေလိမ့်မယ်ဆိုတာ…

ကလေး…ကလေးကိုသိပ်ချစ်တဲ့ဒီလူဆိုးကြီး
အသက်ရှင်နေရတဲ့ရည်ရွယ်ချက်ကလေဟောဒီ
ကလေးဆိုတဲ့ကိုယ့်ရဲ့ကိုယ်ပိုင်ကောင်းကင်မှာ
လင်းလက်နေတဲ့ကြယ်လေးကိုကာကွယ်ပေးချင်
လွန်းလို့ပါ။

ပန်းလေးတစ်ပွင့်လိုလှရက်တဲ့ကလေးကိုတစ်
ခုခုက ဒါမှမဟုတ် တစ်ယောက်ယောက်က ထပ်
ပြီးညှိုးနွမ်းအောင်လုပ်မဲ့ကိစ္စမျိုးထပ်မရှိစေရပါ
ဘူး။ကိုယ်ကတိပေးတယ်။ပန်းလေးကိုကိုယ်ဆို
တဲ့ဥယျာဉ်မှုးကြီးကအမြဲစောင့်ရှောက်မယ်။

ပန်းလေးသာမင်းကိုစောင့်မျှော်နေတဲ့ဥယျာဉ်မှုး
ကြီးရဲ့ရင်ခွင်ထဲမှာပျော်ရွှင်နိုင်ပါစေ…………။

ကိုယ်တောင်းဆုပြုတယ် ။ ပန်းလှလေးရဲ့ပွင့်ဖက်
တွေကြွေကုန်မှာကိုယ်သေလောက်အောင်ကြောက်
တာမို့ပန်းလှလေးမပဲ့ကြွေစေရအောင်ကိုယ့်ကို
စောင့်ရှောက်ခွင့်ပြုနော်……ကလေး။

💐💐💐💐💐💐💐💐💐💐💐💐💐💐💐

Yeolကတော့အိပ်ရာထက်ကနိုးလာမဲ့သူ့ချစ်ရ
သူလေးရဲ့မျက်နှာလေးကိုခပ်တွေတွေလေးငေး
ကြည့်နေမိတာဘယ်လောက်ကြာပြီမှန်းတောင်
မသိ။

Baekတစ်ယောက်မေ့မြောနေရင်းအိပ်မက်ဆိုး
တွေမက်နေတယ်ထင်ပါရဲ့။တစ်ကိုယ်လုံးချွေး
စေးတွေပြန်ပြီးပါးစပ်ကလည်းယောင်ယမ်းမြည်
တမ်းနေသည်။ပါးပြင်ထက်မှာမျက်ရည်ကြည်
လေးတွေကလည်းလိမ့်ဆင်းလို့။

     ဟင့်အင်း…ကြောက်တယ်။မလုပ်ပါနဲ့ အားးး
      ဟင့် ဟင့်  Chanyeol ငါ့ကိုကယ်ပါ။
         ငါကြောက်လို့ပါ။Chanyeol!!!!!!

Yeolလည်းကြောက်လန့်တကြားယောင်ယမ်း
အော်ဟစ်နေတဲ့ချစ်ရသူလေးရဲ့လက်သွယ်သွယ်
လေးကိုဆုပ်ကိုင်ထားလိုက်တယ်။

Yeolး ကလေး …ကလေးဘာမှမဖြစ်ဘူးနော်။
ကိုယ်ရှိတယ်။ကလေးဘေးမှာကိုယ်ရှိတယ်။
မကြောက်နဲ့နော်။

Baekလည်းYeolအသံကြောင့်ယောင်ယမ်းနေ
ရာကနေနိုးလာပြီးYeolရင်ခွင်ကျယ်ကြီးကိုအား
ကိုးတကြီးဖက်တွယ်ငိုနေရှာတယ်။

Don't be afraid,Be my boyfriendWhere stories live. Discover now