Part 26

1K 79 18
                                    

Baekး ငါ ငါ မင်းကို ......

Yeol မျှော်လင့်ချက်ကြီးစွာဖြင့်Baekအဖြေစကား
ကိုနားစွင့်နေမိသည်။

Baekး ငါ ငါ

BaekစကားမဆုံးမီYeolကိုတစ်ချက်အကဲခတ်
လိုက်သည်။ဟုတ်ပါသည်။Park Chanyeol
ဆိုသောလူဆိုးကြီးသည် ဟောဒီByun Baekhyunဆိုသော လူသားပိစိလေး၏အချစ်
ကိုသူ၏ဝိုင်းစက်စက်မျက်လုံးများမှတစ်ဆင့်
တောင်းခံနေလေသည်။

Yeolး Inn...Ba Baek ကိုယ်နားထောင်နေ
တယ်လေ။ဆက်ပြောလေBaek

Baek,Yeolကိုမျက်နှာလွှဲလိုက်ရင်းသူ၏ပန်းနု
ရောင်နှုတ်ခပ်းနှစ်လွှာမှတိုးလျစွာစကားဆိုလိုက်လေသည်။

Baekး ငါမင်းကို မချစ်ချင်ဘူး Yeol

Baekစကားကြောင့်Yeolအသက်မရှိတော့တဲ့သူ
အလား။တစ်ကိုယ်လုံးမှာရှိတဲ့အားအင်တွေ
ဆုတ်ယုတ်သွားသည့်အလား ခံစားနေရရှာသည်။
သူ၏နှလုံးသားတစ်စုံဟာလည်း

ချစ်ရသူ၏ငြင်းပယ်မှု
မျှော်လင့်ချက်တို့လွင့်ပျောက်သွားမှု
နာကျင်မှု ဟူသော ရက်စက်လှသည့်မြားသုံးစင်း
ကထိုးစိုက်မှုကြောင့်သွေးစိမ်းအရှင်ရှင်ထွက်နေ
လေပြီ။

နားထဲတွင်လည်ချစ်ရသူပြောသောစကားကိုသာ
ထပ်ကာထပ်ကာပဲ့တင်ထပ်ကြားနေမိသည်။

ငါမင်းကိုမချစ်ချင်ဘူး Yeol
ငါမင်းကိုမချစ်ချင်ဘူး Yeol
ငါမင်းကိုမချစ်ချင်ဘူး Yeol

ချုပ်တည်းထားပါလျက်နှဲင့်မျက်ရည်စတို့ဟာလည်းအတားအဆီးမဲ့စွာပါးပြင်ထက်သို့လိမ့်ဆင်း
လာနေပြီ။Oh သူနဲ့ပတ်သက်ရင်ကိုယ့်စိတ်ဟာအ
လျိုလိုနုနယ်သွားပြီး ထိန်းချုပ်မရပါ။မင်း ကိုယ့်
ကိုဘယ်လိုများပြုစားလိုက်တာလဲ Baekရာ။

Yeolး Baek ah!ကိုယ့် ကိုယ့်ကိုမချစ်ချင်ဘူး
ဆိုတာဘာသဘောလဲ ဟင်?

Baekသူ့ကိုတုန်လှုပ်စွာနဲ့ပြောလာတဲ့Yeolကို
တွေဝေစွာစိုက်ကြည့်ရင်းအဓိပ္ပာယ်မရှိစွာပြော
လိုက်လေသည်။

Baekး ကြောက်လို့

Yeolး ဘာ ဘာ ကို ကြောက်တာလဲ Baek

Baekး မင်းကိုချစ်ရမှာကိုကြောက်တာ Yeolရဲ့

Yeolး ဟင့်အင်း Baekကိုယ့်ကိုချစ်ရမှာကို
ကြောက်စရာမလိုပါဘူး။ကိုယ်Baekကိုပျော်ရွှင်
အောင်ထားမှာမို့ ကိုယ့်ဆီကိုလာခဲ့ပေးပါနော်။

Don't be afraid,Be my boyfriendWhere stories live. Discover now