Part 17

1.1K 89 8
                                    

ချစ်ရသူရဲ့ဘေးမှာတူတူယှဉ်တွဲပြီးလမ်းလျှောက်
ရတာ ဒီလောက်ကြည်နှုးစရာကောင်းမှန်းမသိခဲ့
ဘူး။Hak Hak.ကျွန်တော့်ကလေးလေးဘေးမှာ
ကပ်ပြီးလမ်းလျှောက်နေရတော့အလို
လိုပျော်ပြီးတက်ကြွလာတယ်လေ။ထူးတော့ဆန်းသား!!!!

တစ်ယောက်ယောက်ကိုချစ်မိပြီဆိုရင်သူ့နားမှာ
ရှိနေရရင်သူ့အလိုလိုပျော်လာတာလား???

ခံစားချက်တွေနဲ့သဘာဝတရားကြီးကိုနားမလည်
တဲ့ကျွန်တော်…ကျွန်တော့်နှလုံးသားနဲ့ဦးနှောက်ထဲ
မှာစွဲမြဲနေ အောင်မှတ်ထားတော့မယ်။

ချစ်ရသူဘေးမှာ ရှိနေရုံနဲ့တင် အပျော်တွေစုပုံ
ရောက်လာတယ်ဆိုတာ………။

အခုကျွန်တော့်ကလေးလေးကိုအိမ်ပြန်လိုက်ပို့
နေတာလေ။သူလေးကြည့်ရတာအခုထိ
အကြောက်မပြေသေးဘူးထင်ပါရဲ့။ကတုန်ကယင်
လေးဖြစ်နေရှာတယ်။ဒါမဲ့ကျွန်တော့်မျက်လုံးထဲ
မှာသူလေးကတုန်ကယင်ဖြစ်နေတဲ့ပုံစံလေးကတစ်
မျိုးလေးချစ်စရာကောင်းနေပြန်တယ်။

အမှန်တိုင်းဝန်ခံရရင်သူနဲ့ပတ်သက်သမျှအရာအား
လုံးကိုချစ်တယ်။

Yeolး ကလေး…အဆင်ပြေရဲ့လား။ကိုယ့်လက်ကို
တွဲထားမလား။ကလေးကြောက်နေသေးရင်ပေါ့
ကိုယ့်လက်ကိုဆုပ်ကိုင်ဖို့နောက်တွန့်မနေပါနဲ့။
ကိုယ်မင်းရဲ့ဘေးမှာheroတစ်ယောက်အဖြစ်
ရှိနေပေးမယ်။ကလေးကိုကိုယ်ကာကွယ်ပေးမယ်
ဒါကြောင့်မို့ကိုယ့်လက်ကိုကလေးကြောက်နေရင်
ဆုပ်ကိုင်ထားလိုက်နော်။

တစ်ခါလောက်အရဲစွန့်ပြီးသူလေးလက်ကိုထိတွေ့
ခွင့်တောင်းမိတာပါလေ။သူလေးကတော့ရှက်နေ
တာလား…စိတ်ဆိုးသွားတာလားမသဲကွဲ။

Yeolး ရပါတယ်။ကလေးလက်မတွဲချင်လည်းမ
တွဲနဲ့နော်။ကိုယ်ကဒီအတိုင်းမင်းကိုကိုယ့်ဘေးက
နေထပ်ပျောက်သွားမှာစိုးလို့ပြောမိတာပါ။စိတ်
မဆိုးနဲ့နော်…ကလေး။

Baekး Chanyeol

တိုးလျစွာကလေးလေးနှုတ်ခမ်းဖျားကထွက်လာ
တဲ့ကျွန်တော့်ရဲ့နာမည်။အနည်းငယ်တုနယင်နေ
တဲ့ကလေးလေးအသံကြောင့်ကျွန်တော်စိတ်
မကောင်းဖြစ်ရပြန်တယ်။သူလေးခုထိကြောက်နေ
ရှာသေးတာဘဲ။

Don't be afraid,Be my boyfriendNơi câu chuyện tồn tại. Hãy khám phá bây giờ