''ကိုယ့်ရဲ့bodyguardမလေး''
Part-4ညနေအတန်းဆင်းသောအခါ Mark နှင့် Jinyoungတို့ အိမ်သို့
ပြန်ရောက်လာကြလေသည်Youngjae- အမလေး သားရယ် စိတ်ပူလိုက်ရတာ ဘာမှမဖစ်လို့
တော်သေးတယ်Mark- omma ကလဲ ဘာဖြစ်ရမှာလဲ အဲ့လောက်ကြီးစိတ်မပူပါနဲ့
YJ- တော်သေးတာပေါ့ Jinyoung ပါသွားလို့
Mark- ဟုတ်တယ် ဟုတ်တယ် သူပါလာလို့လေ
JB- ဘယ်လိုလဲ သား appaရွေးပေးတဲ့bodyguard တော်တယ်
မလားMark- သိပ်တော်တာပေါ့ဗျာ အရမ်းကိုတော်တာ ဟွန့်
Mark Tuan ပြောပီးပီးချင်း မိမိအခန်းရှိရာသို့ ထွက်လာခဲ့လေသည်
Mark Tuan ၏မိဘများနေသော အခန်းသည် အရှေ့ဘက်ခြမ်း၌
ွှရှိ၍ Mark Tuan ၏အခန်းသည် အနောက်ဘက်ခြမ်းတွင်ရှိသည်
ကျယ်ဝန်းလှသော ခြံနှင့် ကျယ်ဝန်းလှသော အိမ်အဆောက်ဦး၌
Jinyoung နေသောအခန်းမှာ Mark Tuan ၏အခန်းနှင့်နီးလ်ေသည် Mark Tuan တို့မိသားစုနေသော အိမ်သည်
ပင်လယ်နားအနီး ကုန်းမြင့်ပေါ်တွင် သီးသန့်တည်ဆောက်ထားလေ
သည်တောင်ကိုးရီးယားနိုင်ငံ၏အချမ်းသာဆုံးစာရင်းထဲတွင် no.1နေရာယူ
ထားလေသည် fashion လောကကိုပါ အုပ်စိုးထားသော group
ဖြစ်နေရုံသာမက နိုင်ငံရေးကိစ္စများတွင်လဲ အနည်းငယ်ပါဝင်ထားသော
အင်အားကြီးမိသားစုဖြစ်ပေသည်JB- အတွင်းရေးမှူးKim Jinyoung ကိုသွားခေါ်ခဲ့ဦး
Kim- nae
JB ခေါ်သောကြောင့် Jinyoung လဲချက်ချင်းပင် ရောက်လာခဲ့လေ
သည်JY- သူဋ္ဌေးကြီး ခေါ်တယ်ဆိုလို့ ဘာကိစ္စများလဲမသိဘူးရှင့်
JB- ထွေထွေထူးထူးတော့မဟုတ်ပါဘူး သားအကြောင်းနဲနဲပြောချင်လို့
ပါJY- ဟုတ်ကဲ့ရှင့်
JB- သားကိုငယ်ငယ်လေးထဲကအလိုလိုက်ထားတော့ ဆိုးတယ်
ပီးတော့သားကသာမန်လူတွေနဲ့မတူဘူး မွေးကတည်းက အခြွေရံပေါင်း
များစွာနဲ့မွေးလာပီး သူ့မာမီက ဖူးဖူးမှုတ်ထားတယ် သူငယ်ငယ်လေးကထဲက ကျောင်းစာတွေ ဘာသာစကားတွေကိုလဲ အိမ်မှာပဲသင်တယ်uncleပြောမှသာ အလယ်တန်းကို
ခုလက်ရှိတက်နေတဲ့ကျောင်းမှာ စထားခဲ့တယ် သားကသူ့ကိုတင်းကျပ်
ပီးချစ်နေတာမျိုးမလိုချင်ဘူး သာမန်လူတယောက်လိုပဲနေချင်တယ်
uncle မိန်းမကသူ့သဘောအတိုင်းပဲ သားကိုသဲသဲလှုပ်ချစ်တယ်
uncleလဲပြောမနိုင်ဘူး သားကလဲမကြိုက်ဘူး သားလေးMarkက ဆိုးသွမ်းနေတဲ့သူမဟုတ်ပါဘူး ပီးတော့သူ့မှာ ပြင်းထန်တဲ့ခံစားချက်
တချို့လဲရှိနေတယ် မသိသာပေမယ့် အဲ့ကိစ္စနဲ့သူ့မာမီကိုစိတ်နာနေ
တယ် အာ့ကြောင့်အမြဲဘုဂလန့်လုပ်တတ်တယ် သမီးက သားနဲ့အနီး
ကပ်နေရမှာမို့လို့ ပြောထားတာပါ
YOU ARE READING
ကိုယ့်ရဲ့ဘော်ဒီဂတ်မလေး
Fanfictionအရမ်းချမ်းသာပီးအရမ်းဆိုးသွမ်းတဲ့ သူဋ္ဌေးသားလေးအားချစ်မိသောကြောင့် သူဋ္ဌေးသားလေးရဲ့bodyguardအဖစ်နေကာ တွေ့ကြုံရသော အခက်ခဲများနှင့် အရှုပ်တော်ပုံအကြောင်း Markjin fanfico