Part12

582 59 8
                                    

Mark နှင့်Jinyoungအားသူငယ်ချင်းများအားလုံး ဝိုင်း၍ကြည့်
နေကြသည် Mark Jinyoungအား အောက်သို့ချပေးလိုက်သည်
နှင့်တပြိုင်နက် Jinyoung အပြင်သို့ပြေးထွက်လာခဲ့လေသည်
အနောက်မှ Mark Tuan လိုက်လာလေသည်

Mark- Jinလေး

Jinyoung ဘာမှပြန်မပြောပေ မျက်ရည်တို့ကိုသုတ်ပစ်ကာ~

JY- Jinလေး ဒီကပဲစောင့်နေတော့မယ် oppa ပီးတာနဲ့အပြင်ပြန်
ထွက်ခဲ့ပါ သိပ်ပီးနောက်မကျစေနဲ့လို့ သူဋ္ဌေးကတော်က မှာလိုက်တယ်

Mark- Jinလေး ဒီဘက်မျက်နှာလှည့်ဦး

Mark Tuan . Jinyoung ၏ပုခုံးအား လက်ဖြင့် ဆွဲလှည့်လိုက်
လေသည်

Mark- Jinလေး ကိုယ်တောင်းပန်ပါတယ် ကိုယ့်ကို အလုပ်ရှင်လို
မဆက်ဆံစေချင်လို့ပါ အဲ့လိုကြီးသဘောထားနေမှာစိုးလို့ပါ ကိုယ်ကဒီတိုင်း~~

JY- ဘာက ပြောင်းလဲသွားမှာလဲ

Mark- ဘာကိုလဲ

JY- အလုပ်စဝင်ကထဲက Jinလေးက အလုပ်သမားအနေနဲ့ဖစ်သလို
oppaကလဲ အလုပ်ရှင်ပဲလေ Oppa က Jinလေးကိုမျက်နှာသာ
ပေးလိုက်တာနဲ့ Jinလေးက အလုပ်သမားမဟုတ်တော့တာမှ မဟုတ်
တာ သက်သက်မဲ့ သူများတွေအထင်လွဲအောင်မနေပါနဲ့ oppaနဲ့
Jinလေးက အဝေးကြီးပါ

Mark- ဘာကိုဝေးတာလဲ   ကိုယ်မင်းကိုတန်ဖိုးထားတယ် မင်းနဲ့
ကိုယ်နဲ့ ဘာမှမကွာခြားဘူးလို့ ကိုယ်ယုံကြည်တယ် အဲ့တာကြောင့်
သက်သက်မဲ့ တခြားအရာတွေ ခေါင်းထဲမထည့်ပါနဲ့ ဒီတိုင်း ကိုယ်ပြော
သလိုပဲနေပေးပါ ကိုယ့်အနားမှာပေါ့

Mark Tuan .Jinyoungအား စိုက်ကြည့်ကာ ပြောလိုက်လေ
သည်

Mark- ကိုယ်ပြောတာကြားလား

JY- သိဘူး

Mark Tuan တယောက်သက်ပြင်းချလိုက်မိလေသည်

Mark- ကဲ ကောင်မလေးတော့ စိတ်ကောက်နေတာလား အာ့ဆိုရင်
ကောင်လေးဖြစ်တဲ့ကိုယ်က ချော့ရမှာပေါ့ လာလိုက်ခဲ့

Mark Tuan.Jinyoung၏လက်အားဆွဲကာ ကားရှိရာသို့ထွက်
လာခဲ့လေသည် ကားကို Mark Tuanကိုယ်တိုင်မောင်းကာ ဟန်မြစ်
ဘက်သို့ထွက်လာခဲ့လေသည်

ဟန်မြစ်ကမ်းဘေးသို့အရောက်~~

JY- ဒီကို ဘာလုပ်တာလဲ အိမ်မပြန်ပဲနဲ့

ကိုယ့်ရဲ့ဘော်ဒီဂတ်မလေးWhere stories live. Discover now