Part13

568 50 10
                                    

Youngjae နှင့် အပေါင်းပါများ အလွန်တရာ ခမ်းနားလှသော
အိမ်ကြီးတခုဆီသို့ ရောက်လာကြလေသည် သာမန် ချမ်းသာသောသူများ၏အိမ်နှင့်မတူပဲ တမူထူးခြားနေသည်ကို သတိထားမိကြလေသည်Jinyoungလဲ လိုက်ပါလာလေသည်

woman- သူဋ္ဌေးကတော် ရောက်လာပီလား တောင်းပန်ပါတယ်နော်
သူဋ္ဌေးကတော်တို့လာရင် ဧည့်ခံဖို့အတွက် စီစဉ်စရာရှိတာလေးတွေ
စီစဉ်နေလို့ ထွက်မကြိုနိုင်ဘူးဖစ်သွားတယ်

YJ- gwinchana . ဘာမှထွေထွေထူးထူးလုပ်မနေပါနဲ့
ဒီတိုင်းအလည်သက်သက်ပဲဟာကို

woman- မဟုတ်တာပဲ သူဋ္ဌေးကတော်လာလည်မယ်လို့ သတင်း
ကြားတော့ ဘယ်လောက်တောင် ပျော်လိုက်ရလဲဆိုတာ :-D
ထိုင်ပါဦး သူဋ္ဌေးကတော် စကားပြောကောင်းနေတာနဲ့ပဲ

YJ- ဒါနဲ့ သမီးလေးရော ဘယ်သွားလဲ

woman- ရှိပါတယ် ခနလေးစောင့်ပါနော်

အတန်ငယ်ကြာသော် အလွန်ကျက်သရေရှိပီး မြင်သူတကာ ငေးမော
ရလောက်မယ့်အလှမျိုးပိုင်ဆိုင်ထားသော မိန်းမငယ်လေးတယောက်
ရောက်လာလေသည် သူမ  ဝတ်စားထားသည်မှာ သာမန်လူပုဂ္ဂိုလ်များ
နှင့်မတူပဲ တမူထူးခြားနေပေသည်

Youngjae၏ အနောက်တွင် စောင့်ကြပ်နေရသော Jinyoungအပါအဝင် အပေါင်းပါများအားလုံးလဲ ငေးမောကြကုန်
သည်

YJ- သမီးလေးက တနေ့တခြားလှလာတာပဲ

girl-  သူဋ္ဌေးကတော်ကမှ ပိုလို့တောင်နုနေပါသေးတယ် သူဌေး
ကတော် ကိုယ်တိုင်ဒီဇိုင်းဆွဲပေးထားတဲ့ အလှတရားတွေနဲ့ သမီးက
လှနေတာပါ

YJ- ကြည့်စမ်း တော်တော်စကားပြောတတ်တာပဲ အာ့ကြောင့်
သမီးကိုချစ်နေရတာ

girl- သူဋ္ဌေးကတော်ကလဲ မြှောက်နေပြန်ပါပီ ဒါနဲ့ mark oppa
မပါလာဘူးလားဟင်

YJ- သားလေးက တော်တော်အလုပ်ရှုပ်နေပုံပဲသမီးရယ် အန်တီနဲ့
တောင် တွေ့ဖို့ အချိန်ရတာမဟုတ်ဘူး

girl- ဟုတ် :-(

မိန်းမငယ်လေးမျက်နှာပျက်သွားသည်ကို Jinyoungသတိထားမိ
လေသည်

YJ- စိတ်မပူပါနဲ့ အန်တီ သားအားတဲ့တရက်ရက်ကို သမီးနဲ့တွေ့ဖို့
စီစဉ်ပေးပါ့မယ် ဟုတ်ပီလား

ကိုယ့်ရဲ့ဘော်ဒီဂတ်မလေးWhere stories live. Discover now