Part5

702 69 8
                                    

နံနက်ခင်းလေးတခုတွင် ဆိုဒ်အပြည့်နှင့် အပြင်သွားရန် ပြင်ဆင်နေ
သောMark Tuan တခုခုအားအလိုမကျဖစ်နေလေသည်
မတတ်နိုင်သည့်အဆုံးJinyoungအားphဆက်လိုက်လေသည်
Mark- Jinyoung ခုချက်ချင်းအခန်းထဲလာခဲ့

အခန်းတံခါးအားအလျင်အမြန်တွန်းဖွင့်ပီး Jinyoung အပြေးဝင်လာ
ခဲ့လေသည်
Mark- ဒီရေမွှေးနံ့က ~~

Mark Tuanတယောက် ရုတ်တရက်စကားများဆွံ့အခဲ့လေသည်
ပြေပျစ်ကျော့ရှင်းလှသောခန္ဓာကိုယ်တွင် ပန်းဆီရောင်ဂါဝန်လေးအား
ဝတ်ကာ ရှင်းလင်းနေသော လည်တိုင်ရှည်လေးအားပုဝါစအပါးလေး
စည်းထားသော Jinyoungအား Mark Tuan ငေးမောစွာ
စိုက်ကြည့်နေမိသည် ဆယ်ကျော်သက်ရွယ်မိန်းမငယ်လေး၏အလှ
တရားတို့အား မည်သည်ကမှ ဖုံးအုပ်မထားနိုင်ပေ

JY- သူဋ္ဌေးလေး သူဋ္ဌေးလေး

Jinyoungခေါ်လိုက်မှ Mark Tuan သတိပြန်ဝင်ခဲ့လေသည်

Mark- ဒီရေမွှေးအသစ်ရဲ့ အနံ့ကို တချက်လောက်ကြည့်ပေးဦး
ဘယ်လိုနေလဲလို့

Mark Tuan ကမ်းပေးလိုက်သော ရေမွှေးအားJinyoungလှမ်း
ယူလိုက်ကာ အနံ့ခံကြည့်လိုက်လေသည်

Mark- ဘယ်လိုနေလဲ

JY- ကောင်းပါတယ် သူဋ္ဌေးလေးနဲ့လဲလိုက်ဖက်ပါတယ်

Mark- ဘာကိုကြည့်ပီးပြောတာလဲ

JY- ရှင် ဟိုဟာလေ
Jinyoungရုတ်တရက်ကြောင်သွားလေသည်

JY- ဒီအနံ့လေးက လူငယ်ဆန်တယ် နူးညံ့ပီးကောင်းမွန်တဲ့ခံစားချက်
ဖြစ်စေတယ် သူဋ္ဌေးလေးလို အရမ်းစမတ်ကျပီးချောတဲ့လူငယ်
တယောက်နဲ့ အရမ်းလိုက်ဖက်တယ်လို့မြင်ပါတယ်

Mark- မင်းက အပြောဆို ကောင်းသားပဲ ၂မှတ် ပေးလိုက်ပီ
တခါပေး၁မှတ်ပဲ

JY- အာ့ဆို အရင်၁မှတ်ကရော ဘယ်တုန်းကပေးတာလဲဟင်

Mark- အရင်တခါ ပင်လယ်ဘက်မှာလမ်းလျှောက်တုန်းက ၁မှတ်လေ

Jinyoung အလိုလိုပြုံးမိလေသည် အလွန်ကျေနပ်နေမိလေသည်

Mark- လာဦး အင်္ကျီလက်ကြယ်သီးလာတပ်ပေးဦး

JY- ဟုတ်

Jinyoung တယောက် ရင်ခုန်စွာဖြင့် Mark အနားတိုးလာလေ
သည် Mark Tuanလက်ခုံနုနုလေး၏အနီးကပ်ဆုံးနေရာမှာ
ရှိနေသော သူမ၏လက်နှင့်အသားချင်းထိမိရုံမျှဖြင့် ရင်ခုန်သံတို့မှာ
အတိုင်းအဆမရှိခုန်နေလေသည် မျှော်မှန်းခွင့်မရှိလောက်အောင်
အမြင့်ဆုံးနေရာမှာရှိနေခဲ့သော မင်းသားလေးနှင့် တဖြည်းဖြည်းနီးကပ်
လာသလို ခံစားမိလေသည်

ကိုယ့်ရဲ့ဘော်ဒီဂတ်မလေးWhere stories live. Discover now