'နေပါဦး နေပါဦး အဲ့ဒီတော့ မင်းကseniorအကိုကြီးတွေအတွက် ဆေးလိပ်သွားမဝယ်ပေးခဲ့ဘူးဆိုတဲ့သဘောလား´
မှိုလုံးလေးလိုဆံပင်ကေနဲ့မျက်မှန်ဝိုင်းလေးတပ်ထားတဲ့ ကောင်လေးကို လူသူရှင်းတဲ့ကျောင်းခေါင်မိုးထပ်က နံရံထောင့်မှာကပ်ထားပြီး မိုက်တိမိုက်ကန်းပုံစံကျောင်းသားတွေက ဝိုင်းရံထားသည်။
'ဒါပေမဲ့ ကျောင်းထဲကိုဆေးလိပ်ယူလာခွင့်မှမရှိ...´
'တိတ်စမ်းး ငါတို့ခိုင်းတာကို မင်းလုပ်ကိုလုပ်ပေးရမယ်လို့ပြောထားတာကိုမေ့နေတာလား Hyung ဒီကောင့်ကိုဘယ်လိုလုပ်လိုက်ရမလဲ´
ကျောင်းသားလေးတွေကိုအုပ်စုဖွဲ့အနိုင်ကျင့်နေကြတဲ့ သူတို့အဖွဲ့ရဲ့leaderကို ကြည့်လိုက်မိသည်။ ဖြူဖွေးချောမောတဲ့ရုပ်ရည်နှင့်မလိုက်ဖက်စွာ ရက်စက်တတ်သူကို အသနားခံသလိုကြည့်လိုက်ပေမဲ့ အေးစက်စက်မျက်ဝန်းများက သူ့ကိုစူးစိုက်ကြည့်နေပြီးနောက်
' နည်းနည်းပါးပါးဆုံးမပြီးပြန်လွှတ်လိုက် ငါ့Appaရောက်နေပြီတဲ့ သွားတော့မယ်´
'Nae Hyung.. စိတ်ချပြီးတော့သာသွားပါ´
Phကိုအကျီအိတ်ထဲထည့်ကာ ခေါင်မိုးထပ်ကနေထွက်သွားသူရဲ့ပုံရိပ်ပျောက်ကွယ်သွားပြီးနောက် ....
ခုခံတွန်းလှန်ပိုင်ခွင့်မရှိတဲ့ နာကျင်မှုများက ကိုယ်ပေါ်ကိုကျရောက်လာသည်။ ပြန်ပြီးကိုယ့်ကိုယ်ကိုကာကွယ်မိရင် ရိုက်နှက်မှုများကနှစ်ဆတိုးလာမှာမို့ အရိုက်ခံရလဲငြိမ်နေရုံသာ။ နာကျင်မှုတွေကိုအံတုနေရင်း ဘယ်သူမှမရှိတော့တဲ့ ကျောင်းခေါင်မိုးထပ်လေးမှာ သူခွေခွေလေးငြိမ်နေမိသည်။
'ခင်ဗျား သိပ်ရက်စက်တယ် Kim JunMyeon..´
စီးကျလာသောမျက်ရည်တို့နှင့်အတူ ကောင်းကင်ကြီးကလဲလိုက်ပါငိုကြွေးလျက်။
'ဒါပေမဲ့ ခင်ဗျားလိုလူကိုမှ ချစ်မိတဲ့ကိုယ့်ကိုယ်ကိုသာ အပြစ်တင်ပါ့မယ်..´
မိုးရေတွေထဲ တိတ်တိတ်ကလေးငိုရှိုက်ရင်း..
. . . . . . . .
YOU ARE READING
မြတ်နိုးရပါသော..
FanfictionXingHo အဖြူဆိုတဲ့အရောင်ဟာ စွန်းထင်းဖို့လွယ်တဲ့အရောင်ဆိုတာ...