2

1.9K 227 21
                                    

စာ​မေးပွဲနီးနေပြီး ကျောင်းကြာကြာပျက်လို့မဖြစ်တာမို့ သုံးရက်လောက်အနားယူပြီးနောက် YiXingကျောင်းသွားရန်ပြင်ရတော့သည်။ ကားပေါ်မှာလဲ PaPaကတော့ ကားမောင်းရင်း ဘေးနားကနေပြီးစိုးရိမ်နေသောမျက်ဝန်းများဖြင့်သာ သူ့ကိုခဏခဏကြည့်နေသည်လေ။ ကိုယ့်ကလေးကကျောင်းမှာအနိုင်ကျင့်ခံနေရမှန်းသိသိရက်နဲ့ ကျောင်းကိုလွှတ်ရတာက အန္တရာယ်ထဲကို ကိုယ်တိုင်တွန်းပို့မိနေသလိုခံစားနေရပေမဲ့ Xingလေးကတော့ ဘာမှမဖြစ်သည့်အလား။ ကျောင်းပြောင်းဖို့ပြောခဲ့ပေမဲ့ စာမေးပွဲနီးကာမှကျောင်းအပြောင်းအရွှေ့တွေလုပ်ရင် ကလေးလဲပင်ပန်းနိုင်ပြီး Xingကိုယ်တိုင်ကလဲမပြောင်းချင်ဘူးဆိုတော့ JaeJoongဘာမှမတတ်နိုင်တော့။

'သွားတော့မယ် Pa'

'သားး'

ကျောင်းရှေ့ရောက်တာနဲ့ ခါးပတ်ကိုဆွဲဖြုတ်ပြီး လွယ်အိတ်လေးကိုယူကာ ကားပေါ်ကဆင်းတော့မဲ့ကလေးကို Jaeလှမ်းဆွဲထားမိသည်။ သူစိတ်ပူနေတာကိုသိတဲ့ကလေးက ပါးချိုင့်လေးတွေပေါ်ပြီးမျက်ဝန်းလေးတွေမှေးမှိတ်သွားတဲ့အထိ ပြုံးပြရင်း Jaeလက်ကိုအသာဆွဲဖယ်လိုက်ကာ

'စိတ်​မပူပါနဲ့  Xingအဆင်ပြေပါတယ်ဆိုနေ။ Paရုံးနောက်ကျနေဦးမယ် ကားကိုဖြည်းဖြည်းမောင်းဦးနော်'

Xingကားပေါ်ကဆင်းပြီး ကျောင်းဝန်းထဲကိုဝင်သွားတဲ့အထိ JaeJoongငိုင်နေမိသည်။ Xingလေးကိုဒီလိုလွှတ်ပေးထားလို့ဖြစ်ပါ့မလား။ အနိုင်ကျင့်နေတဲ့သူတွေကိုလဲ ဘယ်လိုမေးမေးမပြောတော့ ဒီကလေးကျောင်းမှာခြိမ်းခြောက်ခံထားရတာလား။ ဘယ်သူတွေမှန်းမသိတော့ Jaeလဲဘာမှလုပ်မရ။ ဆရာတွေကိုစောင့်ကြည့်ပေးထားဖို့ အကူအညီတောင်းခဲ့ပေမဲ့လဲ ..ဒီလိုနဲ့ ကလေးတစ်ခုခုဖြစ်သွားရင် သူရင်ကျိုးရမည်လေ။

. . . . . . . . . . .

YiXingစာသင်ခန်းကနေ အားကစားကွင်းကိုလှမ်းမြင်နေရတဲ့ပြတင်းပေါက်လေးမှာထိုင်ပြီး ကွင်းထဲမှာဘောလုံးကန်နေကြတဲ့ JunMyeonတို့ကိုကြည့်နေမိသည်။ ဖြာကျနေတဲ့နေရောင်ခြည်နွေးနွေးလေးမှာ ပြေးလွှားပြီးဘောလုံးကန်နေတဲ့ JunMyeon sunbaeဟာ သူ့အတွက်နတ်သားအလား။ ကိုယ့်ရဲ့Seniorဆိုပေမဲ့လဲ ပိုပြီးရင်းနှီးသလိုခံစားမိချင်လို့ JunMyeonရှေ့မှာကလွဲရင် sunbaeလို့တောင်မခေါ်မိ။ သူများတွေသိရင် ဘာမှမဟုတ်​တဲ့လုပ်ရပ်လေးအပေါ်စွဲလမ်းနေပြီး ဒီလိုအနိုင်ကျင့်ခံနေတဲ့အရူးလို့ ဆိုကောင်းဆိုနိုင်ပေမဲ့ အချစ်ဆိုတာဒီလိုအသေးအမွှားကိစ္စကနေလဲြဲဖစ်တည်လာနိုင်တာပဲမလား။
YiXingကြည့်နေတုန်းမှာပဲ ကွင်းထဲဝင်လာတဲ့ LuHanတို့အဖွဲ့။

မြတ်နိုးရပါသော.. Where stories live. Discover now