4

2K 206 42
                                    

JunMyeon တစ်​​ယောက်​Kim YiXingနဲ့​ မိဘမဲ့​ဂေဟာ​လေးမှာပြန်​ဆုံရ​ပေမဲ့ သူမှန်းမမှတ်​မိခဲ့။ အဖွဲ့ထဲကတစ်​​ယောက်​ကသာ ​ကြော်​ငြာအတွက်​ကမ်းလှမ်းထားတဲ့​တေး​ရေးဆရာမှန်း မှတ်​မိ​ပေလို့။

'တကယ်​ဗျာ .. အဲ့သီချင်းနား​ထောင်​တိုင်းကို​ဆွေး​နေရတယ်​ စာသား​လေး​တွေကအစ ရင်​ထဲ​ရောက်​သွားတာ'

'ဟာ အဆို​တော်​က​တော်​လို့ပါဗျာ..'

သူ့ကိုချီးကျူး​နေကြ​တော့ရှက်​ပြီး ဂုတ်​ပိုးကိုလက်​နဲ့အသာပွတ်​​နေသည်​​လေ။ JunMyeonက​တော့ခပ်​လှမ်းလှမ်းက သစ်​ပင်​​အောက်​မှာထိုင်​နေရင်း ရယ်​သံ​တွေ​ကြောင့်​လှမ်းကြည့်​မိတိုင်း အကြည့်​ချင်းဆုံ​နေသည်​​လေ။ လှူတာ​တွေပြီး​တော့ သူတို့ပြန်​ခါနီး က​လေး​တွေနဲ့​ဘောလုံးကန်​​ပေး​နေတဲ့​ကောင်​​လေး။ ပါးချိုင့်​​တွေ​ပေါ်​နေ​အောင်​နှစ်​နှစ်​ခြိုက်​ခြိုက်​ကိုရယ်​​မော​နေပြီး သူတို့ကိုသတိထားမိ​တော့ အနားကို​အ​ပြေး​ရောက်​လာပြီး အဖွဲ့ကလူ​တွေနဲ့နှုတ်​ဆက်​​နေကြသည်​​လေ။

'စော​စောကမိတ်​ဆက်​​ပေးရမှာကို ဒါကျွန်​​တော်​တို့ရဲ့အဖွဲ့မှူး​လေ Kim JunMyeonတဲ့'

'ဟုတ်​ကဲ့ ​တွေ့ရတာဝမ်းသာပါတယ်​'

ခပ်​တည်​တည်​​နေ​နေတဲ့JunMyeonကို ချစ်​စရာအပြုံး​တွေနဲ့ လက်​ကမ်းလာသူ။

...............

'Oh..never goona let you go
Giving you my heart and soul
မင်းကကိုယ့်​အတွက်အရာအားလုံးပါပဲ ....ForLife'

Boy Groupတစ်​ခုအတွက်​ သီချင်းစပ်​​ပေးရင်း စာသားကိုခပ်​တိုးတိုး​လေးညည်း​နေမိသည်​။ studio​လေးမှာ အလုပ်​ရှုပ်​​နေရင်းက JunMyeonကို​တွေးမိ​တော့ ရင်​ခုန်​​လာတာမို့ နှုတ်​ခမ်းကိုအသာကိုက်​ရင်းပြုံးမိလိုက်​သည်​။

'အရမ်းကိုခန့်​ညားလာတာပဲ'

ဂစ်​တာ​လေးကိုပိုက်​ရင်း ပြန့်​ကျဲ​နေတဲ့သီချင်းစာရွက်​​တွေကြားမှာ သူ့အ​ကြောင်းကို​တွေး​နေမိတုန်း

ဒေါက်​ ..​ဒေါက်​..

'Xing သားမအိပ်​​သေးဘူးလား'

မြတ်နိုးရပါသော.. Where stories live. Discover now