3

1.7K 197 34
                                    


အချိန်​​တွေ ​ခြောက်​နှစ်​​တောင်​ကြာမြင့်​ခဲ့​ပေမဲ့ Xing တစ်​​ယောက်​​သောသူကိုသတိရမိ​နေဆဲ။ အနုပညာ​ကျောင်းထွက်​ဖြစ်​ကာ လက်​ရှိ​တေး​ရေးဆရာ​ပေါက်​စ​လေးအ​နေနဲ့ ရပ်​တည်​​နေပြီး သူငယ်​ချင်း​တွေကလဲ ကိုယ့်​လမ်းကိုယ်​​လျှောက်​လှမ်း​နေကြပြီ​လေ။ သူကသာ..သူကသာ ဘယ်​နိုင်​ငံကို​ရောက်​​နေမှန်းမသိတဲ့သူကိုလွမ်းဆွတ်​​နေမိတုန်း၊ မ​ပေးခဲ့တဲ့ကတိ​တွေကို​စောင့်​ထိန်း​နေတုန်း။ သူပဲအစွဲအလမ်းကြီးလွန်း​နေသလားး..

'သား ဒီအပတ်​ အိပ်​မက်​​လေးကို သွားမယ်​ဆို Paကို​ပြောဦး​နော်​ လှူစရာ​လေး​တွေထည့်​​ပေးလိုက်​မလို့´

Paအသံကြား​တော့မှ မနက်​စာစားရင်းအ​တွေးလွန်​သွားတာကို သတိထားမိလိုက်​သည်​။ 

'Nae Pa.. ကျွန်​​တော့်​သူငယ်​ချင်း​တွေလဲ လှူကြဦးမှာ´

ဝါသနာပါသည့်​ အနုပညာအလုပ်​ကိုပါလုပ်​ခွင့်​ရသည့်​အပြင်​ ပရဟိတလဲလုပ်​ရင်း​ PaPaနဲ့အတူ 
အေးချမ်းတဲ့ဘဝ​လေးကိုသာဖြတ်​သန်း​နေထိုင်​​နေကြသည်​​လေ။ အိပ်​မက်​​လေးဆိုတဲ့မိဘမဲ့​ဂေဟာက​တော့ Xingတဣသိုလ်​​ကျောင်းသားဘဝက စုံစမ်းမိပြီးသိထားတဲ့​ဂေဟာ​လေး။ ချို့တဲ့ပြီးပိတ်​သိမ်းရမလိုဖြစ်​​နေတဲ့ ​ဂေဟာ​လေးကို သူတို့သူငယ်​ချင်း​တွေက​ထောက်​ပံ့​ပေးထားတာမို့ အခု​တော့အဆင်​​ပြေပြေဖြစ်​​နေ​ပေမဲ့ က​လေး​တွေကိုသံ​ယောဇဉ်​တွယ်​​နေတဲ့ Xingတို့က တစ်​လတစ်​ခါ​လောက်​ သွား​ရောက်​​နေတတ်​ခြင်းသာ။

'သွားပြီ Pa​ရေ။ ဒီ​နေ့ studioမှာ အလုပ်​​လေး​တွေလက်​စသတ်​ရဦးမယ်​´

'ညပြန်​မလာဖြစ်​ရင်​လဲ phဆက်​ဦး အလုပ်​ကြီးပဲဖိလုပ်​မ​နေနဲ့။ ကျန်းမာ​ရေးကလဲရှိ​သေးတယ်​´

'ဟုတ်​ကဲ့ပါ Paရဲ့ သွားပြီနော်​´

လွယ်​အိတ်​​လေးလွယ်​ပြီးထွက်​သွားတဲ့က​လေးကိုကြည့်​ရင်း သူပြုံးလိုက်​မိသည်​။ သူ့ရဲ့က​လေးပိစိ​လေး​တောင်​ ဘာလိုလိုနဲ့ဒီအရွယ်​​ရောက်​လာပြီပဲ.. ​တွေး​နေရင်း တစ်​စုံတစ်​ခုကိုသတိရသွား၍ အပြုံး​တွေ​မှေးမှိန်​သွားရသည်​ကို​တော့....

မြတ်နိုးရပါသော.. Where stories live. Discover now