"Tao အခု မင်းနဲ့ ရိုက်မယ့် director က US က နာမည်ကြီးနော် သေသေချာချာ ဂရုစိုက်
ကြားလား yrr ဟေ့ရောင် ငါပြောတာ ကြားလားဆို အဲ့ game ပဲ ဆော့နေတာပဲ !!""ရော် ...Lu ကလဲ ကျနော်ကြားပါတယ်
ge ge အဲ့ ဒါပဲ ပြောနေတာ ဘယ်နှခေါက်ရှိနေပြီလဲ recording သာ သွင်းထားတော့ နောက် ထပ်ပြောရင် မော နေရဦးမယ် အသက်ကလဲ ငယ် တော့တာ မဟုတ်ဘူးမလား ""သေနာလေး!!"
"ဗြဲ"
Lu ge က သူ အဖဲ့ ခံလိုက်ရပြီး အပြောင်ပါခံလိုက်ရလို့ ဖုန်းနဲ့ မျက်နှာ မခွာတမ်း game ဆော့နေတဲ့ Tao လက်မောင်းကို လှမ်းရိုက်လေ တယ်..
"အကြီးကို ပြောင်ချော်ချော်နဲ့"
"ဘယ်သူက အကြီးလဲ "
"ငါလေ ငါ ငါ"
Lu ge က သူ့လက်ဖြူ ဖြူ လေးတွေ နဲ့ သူ့ရင်ဘတ်သူ ပုတ်ပြနေပေမယ့် Tao ကတော့ မထုံတတ်တေး မျက်နှာပေးနဲ့ပဲ
" မူကြို ခလေးလေးရုပ်နဲ့များကွာ"
"ဘာ!!!Zi Tao သေပြီ မင်းတော့ ဒီနေ့ပဲ ငါ မြေမြှုပ်ပစ်လိုက်တော့မယ် လာခဲ့စမ်း"
"ge ge ကလဲ"
LuHan ရယ်လေ Tao လက်ထဲ က ဖုန်းကို အတင်းလု ..ပြီးတော့ ဘယ်ကဘယ်လို ရောက်လာမှန်းကို မသိတဲ့ ဆင်နှစ်ကောင် ၀င်စီးလိုက်သလား မသိရတဲ့ ရိုက်ချက်တွေ နဲ့ Tao ကို ဆော်ပလော်တီးတာ ဆိုတာလေ..
"အား...ge ..တော်ပါတော့ ...အရေခွံတွေ လဲ ဆုတ်တော့မယ်ဗျ.."
"မတော်ဘူးဟာ...ပြောဦးမလား...ဘာ..ဘာ...
မူကြို ခလေးရုပ်ဟတ်လား..အဲ့လို မပြောပါနဲ့လို့ ငါ မကြိုက်ပါဘူးလို့ မင်းကို ဘယ်နှစ်ခါပြောရမလဲ ...ခေါ်ဦးမလား!!
ကဲ ကွာ...""မခေါ်တော့ဘူး...နော်...မခေါ်တော့ဘူးလို့ နော်..ခလေးကို မရိုက်နဲ့နော်.."
"အောင်မယ် ဘယ်သူကလဲ ဘယ်သူကခလေးတာလဲ"
"geကလဲ ဗျာ..ကိုယ့်ညီလေးကို ဒီလောက်ရိုက်ရတော်ရောပေါ့...သူ့လက်အ
ကြောင်းသူမသိတာ ကျနေတာပဲ ...ရိုက်ရင် သေအောင်နာတာကို..""အင်းပါ...သူများရုံးခန်းထဲ ရောက်နေတာ မို့လို့လဲ ဒီမှာပဲ ရပ်လိုက်တော့မယ်..ပြော..ထပ်ခေါ်ဦးမှာလား"