"သူ လေ သူ သူ ကျနော့်အိမ်မက်တွေထဲက"
ကျနော်ရှေ့မှာ ရပ်နေတဲ့ သူ့လက်တွေကို သွားကိုင်ပြီး သူ့မျက်နှာကို ကြည့်ပြီး ပြောနေမိတာ
ကျနော် သွေးရူးသွေးတန်းဆန် သွားပြန်ပြီနော်
ကျနော့်လက်တစ်ဖက်က သူ့မျက်နှာလှလှဆီ
ရောက်သွားပြီး သကာလ"ဟုတ်ပါတယ် သူ အစစ်ပါ"
ကျနော် တွေ့လိုတွေ့ငြား အမြဲရှာကြည့်နေခဲ့ရတဲ့ သူ မှ သူ..
သူကတော့ ဘာမှမပြော
တအံ့တသြဖြင့်သာ ကျနော့်ကိုပြန်ကြည့်နေသည်
ပြော ဖို့ စကားလုံးတွေ ပျောက်ရှနေတာ ဖြစ်မယ်
ထိုအချိန်မှာ
"ဒါရိုက်တာ ကျနော်တို့ ဖြစ်နိုင်မယ် ဆိုရင်လေ
နောက်တစ်ခေါက်မှပဲ လာတွေ့လို့မရ နိုင်ဘူးလား ခမျာ
Tao အခု အခြေအနေက အလုပ်အကြောင်းဆွေးနွေးဖို့ ဘယ်လိုမှ မဖြစ်နိုင်လို့ပါ"ဆိုတဲ့ Lu ge ရဲ့ မေတ္တာရပ်ခံ သံ နဲ့ အတူ
Lu ge ge ရဲ့ လက်တွေက သူ့မျက်နှာပေါ်က ကျနော့်လက်တွေကို လာယူသွားခဲ့တယ်
"အဟမ်း..ရ..ရပါတယ်...LuHan တို့အဆင်ပြေသလိုပဲ လုပ်ပါ"
ထူးဆန်းစွာပင်
သူက သူ့လိုနာမည်ကြီး ဒါရိုက်တာ တစ်ယောက်က
ကျနော် ဒီလောက်ရုပ်ပျက်ဆင်းပျက် တွေ လုပ်မိတာတောင် ကျနော့်ကို သူနဲ့အလုပ်လုပ်ဖို့အတွက် နောက်တစ်ကြိမ် အခွင့်အရေးပေးတယ် တဲ့လား
သူက...ကျနော့်ကို တစ်ချက်မှ မလွှဲပဲ စိုက်ကြည့်နေခဲ့တယ်
သူ့မျက်နှာကို ကိုင်တွယ်မိခဲ့တာတောင် ဘာမှ မပြော ပဲနဲ့
"အာ တစ်ကယ် ကျေးဇူးတင်ပါတယ်
ကျနော်တို့ကို ထပ်ဆက်သွယ်တာကို စောင့်နေပါ့မယ်ခမျာ အခုတော့ ကျနော်တို့ကို ပြန်ခွင့်ပြုပါဦး နော်""ကောင်းပါပြီ"
Lu ge က မြန်မြန်သွက်သွက် နှုတ်ဆက် ပြီး
အာစေးမိသလို သူ့မျက်နှာကိုပဲ ငေးနေမိတဲ့
ကျနော်Zi Tao ကို သူ့ရုံးခန်းကနေ ဆွဲ ထုတ်လာခဲ့တယ်...