dok dok dok!!!
"သားရေ chan yeol!! ညစာစားရ
အောင်!!! ဖေဖေစောင့်နေတယ်""အင်း…အွန်း!!"
အခန်းအပြင်မှ မေမေခေါ်နေသော
ကြောင့် ကျွန်တော် ညီ့ကိုတွန်းထုတ်နေမိ
သည်အဲ့ကောင်လေးဟာလေ ဘယ်လိုဟာ
လေးမှန်းမသိ…အတင်းဖက်ပြီး နမ်းနေ
ပြန်တာ…ကျွန်တော့်နှုတ်ခမ်းတစ်ခုလုံး
လည်း ထူပူနေပြီ…"သား!! chan yeol!!"
အသံမြင့်လာသော မေမေ့ခေါ်သံကြောင့်
တွန်းမရတဲ့အဆုံး သူ့နှုတ်ခမ်းကို ကိုက်ချ
ပစ်လိုက်သည်…"အ!! chan yeol!"
ပြူးကြောင်ကြောင်လေးနဲ့ ကျွန်တော့်ကို ကြည့်နေတာသူပဲ အပြစ်မရှိသလို…
"သားအကျီလဲနေလို့မေမေ…ပြီးရင် အောက် ဆင်းလာခဲ့မယ်နော်"
"အေးအေး သား"
ကျွန်တော် သူ့ကိုလှည့်မကြည့်ဘဲ အခန်း
ပြင်ထွက်ရန်ပြင်လိုက်တော့ သူကျွန်
တော့်လက်ကို လှမ်းဆွဲလာတယ်…"ဘာလဲ??"
အသံခပ်မာမာနဲ့ မေးလိုက်တော့ ငယ်
သွားတဲ့ သူ့မျက်နှာလေး…ဟုတ်တယ်
လေ…အတင်းစွတ်နမ်းနေတာ…တံခါး
lockချထားမိလို့ တော်သေးတာပေါ့…
နို့မို့ မတွေးရဲစရာ…"စိတ်ဆိုးသွားလားဟင်!!"
အေး…မဆိုးဘူးဟေ့…အနမ်းခံရလို့ ပျော်
နေတာဟ…ကျွန်တော် မျက်စောင်းတစ်ချက်ပိတ်ထိုး
လိုက်ပြီး တံခါးဖွင့်ပြန်တော့ လက်ကိုဆွဲ
ပြန်တဲ့သူ…"ဟို!! နမ်းမိတာတောင်းပန်ပါတယ်…
စိတ်မဆိုးနဲ့နော်…စိတ်မထိန်းနိုင်တော့
လို့ပါ"ဘာပြောတယ်?? စိတ်မထိန်းနိုင်လို့ နမ်း
တာဟုတ်စ…ဒီထက်ပိုပြီး ခပ်ပြင်းပြင်း
ကိုက်လိုက်ရမှာကွာ…"အင်း!! ရတယ်"
"chan yeol!! နှုတ်ခမ်းနာနေတယ်"
နှုတ်ခမ်းလေးဆူကာ သူ့နှုတ်ခမ်းသူ လက်
ညှိုးထိုးရင်း ပြောလာသည့်ညီ…ခပ်ချွဲချွဲ
လေးပြောပုံအရ သူကျွန်တော် ဂရုစိုက်
တာ ခံချင်နေပုံရသည်
YOU ARE READING
" ~~The One~~ I Love "《✔Completed》
RomanceKris Wu + Chan Yeol《Yaoi》 》side character~Sehun + Baekhyun " 'ညီအစ်ကို' ဆိုတဲ့ ဝေါဟာရကို ငါသိပ်မုန်း တယ် chan yeol!! မင်းက ငါ့အကိုမဖြစ်သင့်ဘူး!! ငါ့ချစ်သူ ဖြစ်သင့်တာ!! " ✔Original Fanfic By Baekyeolliehyun04 ✔Release Date~December 9, 2017 ✔Complet...