dok dok~~
ပြန်ထူးမည်မှန်းမသိသော်လည်း အသိ
ပေးရုံသာ တံခါးခေါက်လိုက်ပြီး အခန်းတံ
ခါးကို အသာလေးဟကာဝင်လိုက်တော့
ခုတင်ပေါ်မှာ ခေါင်းငိုက်စိုက်ချကာထိုင်
နေသည့်သူ…"နေ့လည်စာလည်းလာမစားလို့ omma
ကပေးခိုင်းလိုက်တာ"အခန်းတံခါးကို အသာပြန်စေ့ကာ ယူလာ
သည့် ကြက်သားဆန်ပြုတ်ပန်းကန်လေး
အား bed-sideပေါ်တင်ရင်း ပြောလိုက်
တော့ မော့ကြည့်လာသည့်သူ…သူ့မျက်လုံးအစုံဟာ နီရဲလို့…ဒီကောင်
လေး ငိုထားပြန်ပြီလားလေ…"ပြန်ယူသွား!!!"
"နေမကောင်းဘူးဆို စားထားလိုက်
နောက်မှပန်းကန်လာယူမယ်"ငါတကယ်စိတ်ပူလို့ပါ yi fanရယ်…
"ပြန်ယူသွားလို့ ပြောနေတယ်လေ!!"
မသိချင်ယောင်ဆောင်ပြီး အခန်းထဲက
ထွက်သွားရန်ပြင်ခိုက်…"Park chan yeol!! မင်းကငါ့စကားကို
ဆို $ဖက်မလုပ်တာလား ဟမ်??"ကျယ်လောင်စူးရှသော အော်သံနှင့်အတူ
ဆန်ပြုတ်ပန်းကန်ကလေးမှာလည်း နံရံ
ဆီပစ်ပေါက်ခံရကာ ခွမ်းကနဲအသံပြု
လျက် ကြမ်းပြင်ပေါ်သို့ အစိပ်စိပ်အမွှာမွှာ
လွင့်စင်ကုန်သည် ။"ah!!"
နံရံမှ ကန်ထွက်လာသော ဖန်ကွဲစတစ်ခု
က လက်ခုံသို့ လာထိသဖြင့် စူးခနဲခံစား
လိုက်ရသည် ။"အိမ်အကူတွေကို လာသိမ်းခိုင်းလိုက်
မယ်"ဒုန်း**
"ah!!"
ကျောပေးလျက်သား ကျွန်တော့်အား ပု
ခုံးနှစ်ဖက်မှနေ၍ မျက်နှာချင်းဆိုင်စေကာ
နံရံနှင့် ဆွဲကပ်လိုက်တာကြောင့် ကျော
ဘက်မှ အောင့်ခနဲ…"wu yi!!!"
စကားတောင်မဆုံးသေး ကျွန်တော့်နှုတ်
ခမ်းကို ဖိကပ်လာသော သူ့နှုတ်ခမ်းလွှာ…
လူကိုသူ့ကိုယ်လုံးနှင့် ဖိကပ်ထားကာ လက်တစ်ဖက်က ပုခုံးကိုဖိ၍ တစ်ဖက်က
ခေါင်းကို ထိန်းကိုင်ထားသောကြောင့်
နံရံနှင့် သူ့ကြား ကျွန်တော်မှာ မလူးသာမ
လွန့်သာ…
YOU ARE READING
" ~~The One~~ I Love "《✔Completed》
RomanceKris Wu + Chan Yeol《Yaoi》 》side character~Sehun + Baekhyun " 'ညီအစ်ကို' ဆိုတဲ့ ဝေါဟာရကို ငါသိပ်မုန်း တယ် chan yeol!! မင်းက ငါ့အကိုမဖြစ်သင့်ဘူး!! ငါ့ချစ်သူ ဖြစ်သင့်တာ!! " ✔Original Fanfic By Baekyeolliehyun04 ✔Release Date~December 9, 2017 ✔Complet...