chan yeolနှင့် baek hyunပုံစံ
ကြောင့် yi fanနှင့် se hunကပါ
တစ်ယောက်နှင့် တစ်ယောက်ကြည့်
ကာ မေးငေါ့လျက်တိတ်ဆိတ်နေကြ
သည် ။ အခြေအနေကို ရိပ်မိသွား
သော baek hyunက ခပ်တိုးတိုး
ချောင်းတစ်ချက်ဟန့်လိုက်ရင်း…"aww!!! chan yeol ahမတွေ့တာ
တောင်ကြာပြီနော်""ဟမ်!! aww!! imm baek hyun"
baek hyunအသံကြားကာမှ chan
yeolကြောင်အမ်းအမ်းနှင့် ပြန်နှုတ်
ဆက်လေသည် ။"ဟမ်!! ခင်ဗျားတို့နှစ်ယောက်က သိ
နေကြတာလား??"အံ့အားသင့်စွာ မေးလာသည့် se hun
စကားသံအဆုံးမှာ chan yeolဟာ ခေါင်းငုံ့ရင်း လက်မလေးတစ်ခုနှင့်တစ်ခု ကို ကုတ်ဖဲ့နေသည် ။ ဒါဟာ အကြပ်
အတည်းရောက်နေချိန်တိုင်း လုပ်တတ်
သည့် chan yeolအပြုအမူတစ်ခု
ဆိုတာ baek hyunသိတာမို့ အသာ
ပြုံးလိုက်ရင်း…"LAမှ ကျောင်းတက်တုန်းကခင်ခဲ့တာ"
ကျွန်တော့်ကြောင့်နဲ့ yeolအနေမခက်
စေလိုပါလေ…se hun၏ ကောင်းမှုကြောင့် baek
hyunခမျာ စိတ်မပါတပါဖြင့် ကစား
ကွင်းအတွင်းရှိ Restaurantတစ်ခုသို့
လိုက်လာရသည် ။ မလိုက်ဘူးဟု ငြင်း
ပေမယ့်လည်း အနှီလူသားoh se hun
ဟာ ဘာကြောင့်ရယ်မသိ ဂျစ်တိုက်
လွန်းသည် ။ အတင်းငြင်းနေပြန်ရင်
လည်း တစ်မျိုးထင်သွားနိုင်တာမို့ se
hunခေါ်ရာ လိုက်လာမိသည် ။waiterလေးရောက်လာတော့ yeol
နဲ့ အတူပါလာသူကောင်လေးရော se
hunပါ ဘာမှမမှာသေးဘဲ Menuကိုသာ
လှန်လှောကြည့်နေကြတာမို့…"americanoတစ်ခွက်"
တစ်ပြိုင်တည်းထွက်လာသည့် အသံ
နှစ်ခုကြောင့် menuစာအုပ်ဆီအကြည့်
ရောက်နေသည့် ကောင်လေးနှစ်
ယောက်၏ အကြည့်တို့ဟာ baek
hyunဆီတစ်လှည့် chan yeolဆီ
တစ်လှည့် ကျရောက်လာ၏ ။စူးစမ်းသလိုကြည့်နေသော yi fan
မျက်လုံးတို့ကြောင့် chan yeolခေါင်း
အသာငုံ့လိုက်မိသည် ။"americano နှစ်ခွက်နော် ပြီးတော့
spagettiတစ်ပွဲ"baek hyunက မသိဟန်ပြုကာ
waiterလေးဆီမှာ လိုက်ရင်း…"oh se hun!! bubble-teaပဲ
လား??"ကျဉ်းကျဉ်းကျုတ်ကျုတ်ထိုအခြေအနေမှ
ရုန်းထွက်လိုသော်ငြား baek hyun
se hunဆီတမင်မေးလိုက်မိခြင်းသာ…
YOU ARE READING
" ~~The One~~ I Love "《✔Completed》
RomanceKris Wu + Chan Yeol《Yaoi》 》side character~Sehun + Baekhyun " 'ညီအစ်ကို' ဆိုတဲ့ ဝေါဟာရကို ငါသိပ်မုန်း တယ် chan yeol!! မင်းက ငါ့အကိုမဖြစ်သင့်ဘူး!! ငါ့ချစ်သူ ဖြစ်သင့်တာ!! " ✔Original Fanfic By Baekyeolliehyun04 ✔Release Date~December 9, 2017 ✔Complet...