သိပ်ချစ်ရသောသူရေ....
ကိုဟာလေ သူကြိုက်သမျှ အရာအားလုံးကို မသိရင်တောင် သိရအောင်ကြိုးစားနေသူပါ.
သူမိသားစုအပေါ် ဂရုစိုက်တဲ့ အကြောင်းလေးတွေကြားရရင် အမြဲ ဂုဏ်ယူနေသူပါ.
သူ fansတွေအပေါ် ဘယ်လိုနွေးထွေးတယ်ဆိုတာ ကြားရရင် အားကျနေရသူပါ.
သူ membersတွေနဲ့ အမြဲ ပြုံးရယ်နေအောင် ဆုတောင်းပေးနေသူပါ.
သူအမြဲတမ်း ဖျော်ဖြေရင်း ထိခိုက်မှု မရိအောင် အမြဲစိတ်ပူနေရသူပါ.
သူ တခြားမိန်းကလေးတွေနဲ့ အရောတဝင်နေရင် ကိုနဲ့ မသက်ဆိုင်ပေမယ့် မနာလို ဝန်တိုမှုတွေဖြစ်နေရသူပါ.
သူကို ပြုံးအောင် ပျော်အောင်လုပ်ပေးတဲ့သူရိရင် ဘယ်သူမဆို အမြဲတမ်းကျေးဇူးတင်နေသူပါ.
သူနဲ့ ပတ်သက်ရင် တခါတလေ အရမ်း စိတ်ဆိုးဒေါသထွက်ပေမယ့် အပြုံးလေးတခုကြောင့် အမြဲတမ်း စိတ်ဆိုးအရင်ပြေတဲ့သူပါ.
သူ ပင်ပန်းနေတဲ့ပုံပေါ်ရင် ဘယ်သူကို ဒေါသထွက်ရမှန်းမသိ ဒေါသထွက်နေသူပါ.
သူ...သူဟာ ဘယ်သောအခါမှ ကို့အပိုင် မဖြစ်လာပေမယ့် တခြားသူနဲ့ အမြဲတမ်း ပျော်ရွှင်စေဖို့ ရင်နာခံ ဆုတောင်းနေရသူပါ.
သူ ရယ်....ကမ္ဘာပတ်ပြီး လိုက်ရှာကြည့်ပါလားကွယ်. ဘယ်မိန်းကလေးကမှ fanဆိုတဲ့ သူတွေထက်ပိုချစ်နိုင်ပါ့မလဲ....