ပြုံးလိုက်တိုင်း လေးကိုင်း သဏ္ဍန်နှုတ်ခမ်းရဲ့ ထောင့်စွန်းလေးတွေ တွန့်သွားအောင် ပြုံးတတ်သူ....
ပြုံးနေတဲ့ အခါ သူပြုံးနေတာကြည့်ပြီး ရောယောင်ပြုံးတတ်အောင် လုပ်တတ်သူ
မိသားစုပြီးရင် ဒုတိယမြောက် နွေးထွေးတဲ့ အပြုံးကိုပေးသူ
သူ့အပြုံးတွေကြောင့် ပျော်ရွှင်ခဲ့ပြီး အမြဲတမ်း ပြုံးစေချင်ပေမယ့်
တကြိမ်တော့ သူ့အပြုံးတွေကို မုန်းသွားဖူးတယ်...
သူ ပြုံးနေခဲ့တယ် တကြိမ်တခါမှ မမြင်ဖူးတဲ့ အပြုံးမျိုးတွေနဲ့လေ သူပျော်နေခဲ့တာလား???
သူ့အပျော်တွေ ဝမ်းနည်းမှုတွေက ကို့ဆီ အမြဲတမ်း ကူးစက်ခဲ့ပေမယ့် ထိုတချိန်မှာတော့ သူ့ရဲ့အပျော် သူ့ရဲ့အပြုံးတွေက ကို့အတွက် မျက်ရည်တွေ နာကျင်လို့ဖြစ်လာတဲ့ အပြုံးတွေ အနေနဲ့ကူးစက်လာခဲ့တယ်...
ငါမှားသွားပြီလား သူကိုယုံကြည်မိလို့ မှားသွားပြီလား
ဟုတ်ပါတယ်...မှားသွားခဲ့တယ်