သူက ကောင်းကင်ထက်က ကြယ်တစင်း
သူ့ကို လူတိုင်း မျှော်ကြည့်ရင်း ပိုင်ဆိုင်လို လာကြတယ်
ထိုမျော်ကြည့်တဲ့ သူတွေထဲမှာ ကိုလည်း ပါဝင်ခဲ့တယ်.
တချို့က မျော်ကြည့်ရင်း ပင်ပန်းလာလို့ လက်လျော့လိုက်ကြတယ်
တချို့က မရနိုင်ဘူးဆိုတာ သိလို့ လက်လျော့လိုက်ကြတယ်မျော်ကြည့်ရင်း မျော်ကြည့်ရင်း ရင့်ကျက်လာတယ် တခါတလေပင်ပန်းလာတယ် မရနိုင်ဘူးဆိုတာလည်း တဖြည်းဖြည်းသိလာတယ်
လက်လျော့ဖို့လည်း မကြာခဏ ကြိုးပမ်းလာခဲ့တယ်ကြယ်လေးကို မစွန့်လွတ်နိုင်ခဲ့ဘူး.
ဒါပေမယ့်
ကြယ်လေးကတော့ သူ့ကို မျှော်ကြည့်နေတဲ့လူတွေကို မချစ်တော့လို့ထင်ပါရဲ့
တိမ်မည်းတွေရဲ့ အောက်မှာ ပုန်းရှောင်နေတယ်လေ