အချစ်​စစ်​ရဲ့လမ်းကကြမ်း​သော်​လည်း part-4

1K 77 2
                                    

အချိန်​​တွေကုန်​တာလည်း ​နှေးလိုက်​တာ။ နာရီကို လှမ်းကြည့်​​တော့ ကိုးနာရီခွဲဘဲရှိ​သေးတယ်​။ ဒီအချိန်​ဆို Fanyဘာလုပ်​​နေမလည်း အိပ်​များ​ပျော်​​နေပြီလား ဒါမှမဟုတ်​ ကျွန်​​တော့်​ကို​စောင့်​​နေတာလားဆိုပြီး ​တွေး​နေမိတယ်​။ ရုတ်​တရက်​ မီးပျက်​သွား​တော့ အရင်​ဆုံး သတိရမိတာ Fany😢 သူမအခုချိန်​ ​မှောင်​မည်းထဲမှာ ​ကြောက်​​နေ​တော့မှာဘဲ။ ကျွန်​​တော်​တို့က မီးစက်​နှိုးလိုက်​လို့ရ​ပေမယ့်​ သူမက​ရော အဆင်​​ပြေပါ့မလားဆိုပြီး စိုးရိမ်​မိ​နေလို့ မီးအမြန်​ဆုံးပြန်​လာဖို့ ဆု​တောင်း​နေမိတယ်​။ နာရီဝက်​ကြာ​ပေမယ့်​ မီးပြန်​မလာ​သေးဘူး ကျွန်​​တော်​ Fanyကို အရမ်းစိတ်​ပူ​နေလို့ ​ယောက်​ယက်​ခတ်​​နေတာကို ကျွန်​​တော့်​ရဲ့ သူငယ်​ချင်း hyoyeon တ​ယောက်​ သတိထားမိဟန်​တူပါတယ်​။ " hyung Tae ဘာဖြစ်​​နေတာလည်း ​ယောက်​ယက်​ခတ်​​နေတာဘဲ" သူ့ရဲ့​မေးခွန်း​ကြောင့်​ ကျွန်​​တော်​အ​ကြောင်းစုံ​ပြောပြ​တော့ "aww မင်းရဲ့ ပူပူ​နွေး​နွေးဇနီး​လောင်း​လေးကို စိတ်​ပူ​နေတာကိုး ရတယ်​ သွားလိုက်​ပြန်​​တော့ ငါတ​ယောက်​တည်း​ရောင်းနိုင်​ပါတယ်​ ၁၀ခွဲကျ ​နောက်​ dutyသမား​တွေလာပြီ​လေ"
Hyoyeon စကား​ကြောင့်​ ကျွန်​​တော်​​ပျော်​သွား​ပေမယ့်​ အလုပ်​ကိုလည်း စိတ်​ပူမိတယ်​။ " hyoအဆင်​​ပြေရဲ့လား" "​ပြေပါတယ်​ကွာ ​နောက်​ဆံတင်းမ​နေနဲ့ မြန်​မြန်​ပြန်​ ဒီညက မင်္ဂလာဦးညမလား မီးကလည်းပျက်​​နေ​တော့ အ​ဟေး😝😝" " hyung​နောက်​မ​နေနဲ့ boss​ရောက်​လာရင်​ ဘယ်​လိုလုပ်​မလည်း" "ငါအ​ကြောင်းစုံရှင်းပြ​လိုက်​မယ်​ မြန်​မြန်​ပြန်​​တော့ ​လေ​ကြောရှည်​မ​နေနဲ့ ဂျပု😒😒 " "တကယ်​​ကျေးဇူးကွာ ​ပြေးပြီ​ဟေ့"
Hyoyeon ​ကျေးဇူး​ကြောင့်​ ကျွန်​​တော်​အိမ်​ကိုမြန်​မြန်​​ပြေးလာ​လေသည်​။ တစ်​လမ်းလုံးကလည်း ​မှောင်​မည်းပြီး ​ခွေး​တွေကတအူအူနဲ့ဆို​တော့ Fanyဘယ်​​လောက်​​ကြောက်​​နေမလည်းဆိုတာ ​တွေးမိပြီး အသားကုန်​​ပြေးလို့ ​မှောက်​ရက်​လဲပီး ဒူးပွန်းတာ​တောင်​ ဂရုမထားအား အိမ်​ကို အမြန်​ပြန်​​ရောက်​ဖို့ဘဲ ​​ဇောကြီး​နေမိတယ်​။ အိမ်​ပြန်​​ရောက်​​တော့ တအိမ်​လုံးက​မှောင်​မည်းပြီး အခန်းထဲက ငိုသံကြားလို့ အမြန်​​ပြေးကြည့်​​တော့ ​စောင်​ပုံ​အောက်​မှာ ​ခွေ​ခွေ​လေးငို​နေတဲ့ သူမကို​တွေ့​တော့ စိတ်​မ​ကောင်းဖြစ်​မိပြီး ​ဖက်​လိုက်​ကာ " fany yrr, Tae​ရောက်​လာပြီ​လေ မ​ကြောက်​နဲ့​တော့​နော်​"
"Tae yrrဘာလို့ အခုမှလာတာလည်း😭😭" "Taeအလုပ်​ချိန်​မပြီး​သေးလို့ပါ ခု​တောင်​Fanyကို စိတ်​ပူလို့ သူငယ်​ချင်းကို အကူအညီ​တောင်းပြီးပြန်​လာတာ"
"Fany အရမ်း​ကြောက်​​နေတာ မီးကလည်းပျက်​ ​မှောင်​မည်းပြီး ​ခွေး​တွေက အရမ်း အူ​နေ​တော့😢😢"
"ဓာတ်​မီးဘာလို့ မထွန်းတာလည်း"
"ဘယ်​နားမှန်းမသိလို့​ပေါ့ ပြီး​တော့ ဖုန်းကလည်း အားကုန်​​နေ​တော့😭😭"
"ကဲပါTae​ရောက်​လာပြီ မ​ကြောက်​နဲ့​တော့ တိတ်​​တော့​နော်​" သူမမျက်​ရည်​​တွေကို သုတ်​​ပေးရင်း နဖူး​လေးကို ဖွဖွ​လေးနမ်းလိုက်​သည်​။ Fanyက​တော့ ဘယ်​​လောက်​ငိုထားမှန်းမသိ ပင်ပန်းပြီး ကျွန်​​တော့်​ရင်​ခွင်​ထဲမှာ အိပ်​​ပျော်​သွား​လေသည်​။
မနက်​​ရောက်​​တော့ သတင်းစာပို့တဲ့အလုပ်​က နားရက်​ဖြစ်​​သော်​ညားလည်း Fanyကို ဟင်းချက်​​ကျွေးချင်​လို့ ​ဈေးကိုထွက်​လာခဲ့တယ်​။ Fanyကို​တော့ အိပ်​​စေချင်​လို့ မနှိုးဘဲထွက်​လာခဲ့တယ်​။ ​ဈေးက​နေ ပဲပြား, ဆလပ်​ရွက်​, သုံးထပ်​သား​တွေဝယ်​ခဲ့တာ​ပေါ့။ပိုက်​ဆံကုန်​ကုန်​ပါ​စေ ကိုယ်​မစားရက်​မ​သောက်​ရက်​စုထားတာ​လေး​တွေက သူမအတွက်​ဘဲ​လေ။ ​ဈေးကပြန်​​ရောက်​တာ​တောင်​ အိပ်​ပုတ်​မ​လေးကမနိုး​သေးဘူး။ မနှိုး​သေးပါဘူး။ ထမင်းဟင်းချက်​လိုက်​ပါအုံးမယ်​။ "Tae, ဘာ​တွေချက်​​နေတာလည်း" အိပ်​ချင်​မူးတူးအသံ​လေး​ကြောင့်​ အူယားလို့ သူမနှုတ်​ခမ်းကို နမ်းပီး "နိုးပီလား ဝက်​မ​လေး"
"Arr,မျက်​နှာမသစ်​ရ​သေးဘူး​လေ ဘာလို့နမ်းတာလည်း"
"ချစ်​လို့နမ်းတာပါ သွား ​ကြောင်​​ချေးအိုး​လေး မျက်​နှာသွားသစ်​အုံး ညကငိုထားတာ ​ကြောင်​​ချေးအိုး​ရုပ်​​ပေါက်​​နေပြီ😜😜"
" Tae​နော်​😒"
ကျွန်​​တော့်​ကို မျက်​​စောင်းထိုးပြီး ​ရေချိုးခန်းထဲ ဝင်​သွားတဲ့သူမကို ကြည့်​ပြီး ပြုံး​နေမိတယ်​။ သူမ မျက်​နှာသစ်​ပြီး ထွက်​လာ​တော့ "Fany,လာ ထမင်းစားမယ်​"
"Onnဘာ​တွေချက်​ထားတာလည်း"
"ပဲပြားဟင်းရည်​နဲ့ ကြက်​ဥ​ပေါင်း"
"woooစားမယ်​​ဟေ့"
"စားနိုင်​လို့လား😢😢"
"စားနိုင်​ပါတယ်​ မီယားTae😥"
"Wae,ဘာဖြစ်​လို့လဲ "
"တကယ်​က ဒီအလုပ်​​တွေက အိမ်​ရှင်​မအလုပ်​​တွေ​လေ အာ့ကို😓"
"Aww Fanyရယ်​ ဘာများလည်းလို့ အချစ်​မှာ ဒါ​တွေမလိုပါဘူး Fany​ပြောသလို တ​ယောက်​နဲ့တ​ယောက်​ ဂရုစိုက်​ချစ်​​နေဖို့က အဓိက​လေ ကဲပါ ထမင်းစားလိုက်​အုံး ​နေ့လည်​ကျ သုံးထပ်​သားကင်​နဲ့ ဆလပ်​ရွက်​သုပ်​​ပေးမယ်​ ကြိုက်​လား😄"
"onn😍 Tae​ကျွေးသမျှအကုန်​ကြိုက်​တယ်​"
"ဟုတ်​ပါပြီ☺"
မနက်​စာစားပြီး​နောက်​မှာ​တော့
"Tae, Fany​တွေး​နေတာ​လေ Tae ညအချိန်​ပိုင်းအလုပ်​ထွက်​လိုက်​ပါ့လား အဲ့အစား ဆိုင်​တစ်​ဆိုင်​ဖွင့်​ရ​အောင်​"
Fany​ပြောတာကို ကျွန်​​တော်​စဉ်းစားကြည့်​တယ်​ သူမ​ပြောသလို ဆိုင်​တဆိုင်​ဖွင့်​ရမလား အချိန်​ပိုင်းအလုပ်​က​နေထွက်​ပြီး စုထားတဲ့ ပိုက်​ဆံ​တွေနဲ့ဆို ဆိုင်​ခန်းငှါးဖို့ လုံ​လောက်​တယ်​​လေ။ ဆိုင်​ဖွင့်​လိုက်​တာ​ကောင်းမယ်​ထင်​တယ်​ ညမိုးချုပ်​ကြီးမှာ သူမတ​ယောက်​တည်း အိမ်​မှာထားပြီး အပြင်​ထွက်​ပြီးအလုပ်​လုပ်​ရတာထက်​စာရင်​​ပေါ့။
"Tae, Fany​ပြောတာကို ပြန်​​ပြောအုံး​လေ ဘာ​တွေ​တွေး​နေတာလည်း"
"Aww Fany​ပေးတဲ့အကြံကို စဉ်းစား​နေတာ"
" Fanyမှာ စုထားတဲ့ ပိုက်​ဆံ​တွေရှိရင်​ အဲ့ပိုက်​ဆံနဲ့ ဆိုင်​ခန်းငှါးမယ်​​လေ"
"Fanyမှာ စုထားတာ​တွေရှိတယ်​"
"Omm, ​Taeနဲ့ချစ်​သူဖြစ်​ပြီးကတည်းက Fany စုထားတာ​☺"
"Wooo"
"​😁😁"
"အဲတာဆို Taeည​နေကျ Sooyoung ဆီသွားပြီး အကူအညီ​တောင်းအုံးမယ်​"
"Sooyoung? "
"Tae ရဲ့best friend ​လေ ​ယောင်္ကျား​လေးပါ😄 "
"Aww onnပါ Taeခဏနား​နေလိုက်​ Fany​ဆေးလိုက်​မယ်​ ပန်းကန်​​တွေကို"
"​ဆေးတတ်​လို့်လား?😜"
"ဘာလည်း အထင်​​သေးတာလား😒😒"
"ဟုတ်​ရပါဘူးဗျာ အဲ့တာဆို Taeအခန်းထဲ ခဏသွားလှဲလိုက်​အုံးမယ်​​နော်​"
"Nae"
ကျွန်​​တော်​အခန်းထဲမှာ လှဲ​နေရင်း ခဏအကြာ
ပန်းကန်​ကျကွဲသံ​တွေကြားလို့ ထွက်​ကြည့်​​တော့ စပ်​ဖြဲဖြဲနဲ့ Fanyတ​ယောက်​ ပန်းကန်​အကွဲ​တွေကို ​ကောက်​ပြီး
"ဆပ်​ပြာ​တွေ​ကြောင့်​ ​ချောပြီးကျသွားတာ😁😁"
"ဟုတ်​ပါပြီ ဟင်​😳 ​နေအုံး လက်​ညိုးမှာ ​သွေး​တွေ ရှတာထင်​တယ်​"
"Tae​ပြောမှ သတိထားမိတယ်​ နာလိုက်​တာ😖"
ကျွန်​​တော်​လည်း သူမလက်​ညိုးကို ငုံပြီး ​သွေး​တွေကို မျိုချလိုက်​တာ​ပေါ့။ သူမက​တော့ မျက်​လုံး​လေးပြူးပြီး ကြည့်​​နေ​လေရဲ့။
" fanyခဏ ​ဆေး​သေတ္တာသွားယူလိုက်​အုံးမယ်​"
ဆေး​သေတ္တာယူပြီး သူမလက်​က ဒဏ်​ရာကို ​ဆေးထည့်​ပြီး အနာကပ်​ပလာစတာ ကပ်​​ပေးလိုက်​​ပြီး
"Tae, Fany​သွေး​တွေကို မရွံဘူးလား"
"ကိုယ့်​ချစ်​သူရဲ့ ​သွေးကို ရွံစရာလား"
"ဟုတ်​လို့လား Taeက ​သွေးစုပ်​​ဖုတ်​​ကောင်​မဟုတ်​ဘူးလား အသားကလည်းဖြူ​ဖွေး​နေတာဆို​တော့"
"Onn Taeက ​သွေးစုပ်​​ဖုတ်​​ကောင်​"ဆိုပြီး သူမလည်​ပင်း​လေးကို marking​ပေးလိုက်​တယ်​။ သူမ ညည်းသံ​ကြောင့်​ သူမကို ​ပွေ့ချီပြီး အခန်းထဲ​ခေါ်လာ​တာ​ပေါ့။ ဒီလိုနဲ့ ည​နေ အလုပ်​ကပြန်​လာ​တော့ သံပုရာရည်​​လေးနဲ့ ​စောင့်​​နေတဲ့ သူမကို​တွေ့​တော့ အ​မော​ပြေသွားတယ်​။
"Fany​ရေ သတင်း​ကောင်းပါလာတယ်​​ဟေ့ ဆိုင်​ခန်း​နေရာရပြီ😊"
"Omo😍😍"
"Sooyoungကိုသွား​မေးတာ​လေ ငါ့ကိုဆိုင်​ခန်း​လေးရှာ​ပေးပါလား​ဆိုပြီး အဲ့တာသူက ရှာစရာမလိုပါဘူးတဲ့ သူ့မှာ တစ်​ထပ်​အိမ်​တစ်​လုံးရှိတယ်​ လူမ​နေဘူး မင်းတို့ဖွင့်​လို့ရတယ်​တဲ့"
"Omo😍😍"
"လခလည်း​ပေးစရာမလိုဘူး တစ်​ခုဘဲတဲ့ သူဗိုက်​ဆာလို့ လာစားရင်​ အလကား​ကျွေးရမှာတဲ့​လေ"
"အို ​ကျွေးမှာ​ပေါ့ ကိုယ့်​​ကျေးဇူးရှင်​ဘဲ​လေ☺☺"
ဒီလိုနဲ့ Fanyအကြံ Sooyoung ​ကျေးဇူး​ကြောင့်​ "Taeny"ဆိုတဲ့ စား​သောက်​ဆိုင်​​လေး ဖွင့်​နိုင်​တာ​ပေါ့။ စစဖွင့်​ချင်းမှာ customer​တွေ သိပ်​မများ​ပေမယ့်​ ​နောက်​ပိုင်းများလာတယ်​။ အထူးသဖြင့်​ ည​နေ​ကျောင်းဆင်းချိန်​ဆို ​ကျောင်းသားတချို့ fanyကိုလာငမ်းကြတာ​လေ။ ကျွန်​​တော့်​မှာ Fanyက ကျွန်​​တော့်​မိန်းမဆိုတာ သူတို့​တွေ သိ​စေချင်​လို့ " မိန်းမ​ရေ ကိုယ့်​ကို ပန်းကန်​​လေးယူ​ပေးပါအုံး" "ပန်းကန်​​တွေ ဘာလို့ ​ဆေး​နေတာလည်း ကိုယ်​​ဆေး​မလို့ကို"ဆိုပြီး လာငမ်းတဲ့ လဒ​တွေ ကြား​အောင်​​ ​အော်​​ပြောရတာတမျိုး 😒။ Fanyက အခု​တော့ အရင်​လို ပန်းကန်​​တွေ သိပ်​ လွတ်​မကျ​တော့ပါဘူး။ ​သေချာ​ဆေးတတ်​သွားပြီ ထင်​ပါရဲ့။ ဒါ​ပေမယ့်​ ကျွန်​​တော်​ သူမကို ပန်းကန်းမ​ဆေးခိုင်းချင်​ဘူး။ တခါတခါ ပန်းကန်​ အများကြီး ​ဆေးရင်း သူမလက်​​တွေ​အေးပြီး ပဲကြီး​ရေစိမ်​ထားသလို ရှုံ့​နေရင်​ ကျွန်​​တော်​ စိတ်​မ​ကောင်းဖြစ်​မိတယ်​။ တခါတခါ ဧည့်​များရင်​ သူမ စားပွဲထိုးလုပ်​ပြီး မနိုင်​နင်း​တွေသယ်​တာတို့ ဘာတို့မြင်​ရင်​ ရင်​ထဲတမျိုးကြီး။ Fanyက​တော့ " ​မောင်​တထမ်းမယ်​တရွက်​ အလုပ်​လုပ်​ရတာ မပင်​ပန်းပါဘူး"တဲ့။ တခါတခါ hyoyeon က လာကူ​ပေးသလို sooyoung အလည်​လာချိန်​နဲ့ ဧည့်​များချိန်​တိုက်​​နေရင်​ sooကလည့်း ဝင်​ကူ​ပေးပါတယ်​။ ဒီလိုနဲ့ ဆိုင်​ဖွင့်​တာ သုံးလပြည့်​ပြီးတဲ့​နေ့မှာ ကျွန်​​တော်​နဲ့Fanyကြား ကံကြမ္မာဆိုး​တွေဝင်​​ရောက်​လာတယ်​။

အချစ်​စစ်​ရဲ့လမ်းက ကြမ်း​သော်​လည်းDonde viven las historias. Descúbrelo ahora