အချစ်​စစ်​ရဲ့လမ်းက ကြမ်း​သော်​လည်း Part-2

1.4K 86 3
                                    

သူမနဲ့စ​တွေ့တာ ဒီလို​လေး~~~~~~~
ည​နေခင်းတခုမှာ​ ကျွန်​​တော်​​ကျောင်း​ရှေ့မှာ ​ကြော်​ငြာစာရွက်​​ဝေပြီး အိမ်​ကိုပြန်​လာတာ​ပေါ့။ အိမ်​​ရောက်​ရင်​ အဆာ​ပြေစားဖို့ စတိုးဆိုင်​ တခုမှာ ​​​ပေါင်​မုန့်​ဝယ်​​နေရင်း သူမနဲ့​တွေ့တာ​လေ။ သူမက ဖုန်း​ပြောရင်း ​ငွေရှင်း​နေတာ​ပေါ့။ ​မုန့်​ထုပ်​​တွေနဲ့ဖုန်း​​ပြောရင်းထွ​က်​သွား​ရင်း ​ငွေရှင်း​ကောင်​တာမှာ သူမပိုက်​ဆံအိတ်​ကျန်​ခဲ့တာကို မသိဘူး ။ ကျွန်​​တော်​လည်း ​ကောင်​တာ​ပေါ်ကပိုက်​ဆံအိတ်​ကိုယူပြီး သူမ​နောက်​​ပြေးလိုက်​တာ​ပေါ့ ။ကျွန်​​တော်​ သူမဆီ​ရောက်တော့ သူမကား​ပေါ်​ရောက်​​နေပြီ​လေ။ ကျွန်​​တော်​လည်း  ကားမှန်​ကို လက်​နဲ့ပုတ်​လိုက်​​တော့ သူမ မှန်​တံခါးဖွင့်​ပြီး "ဘာကိစ္စရှိလို့ပါလည်း"ဆိုတဲ့ သူမရဲ့ ချိုသာတဲ့အသံ​လေးကို ကြားလိုက်​ရစဉ်​ တခဏ ကျွန်​​တော့်​ရင်​ထဲ ဘင်​ခရာတီးဝိုင်းများ​ရောက်​​နေလား ​​အောက်​​မေ့ရတယ်​။ ​နောက်​မှ အသိတရားဝင်​လာပြီး "ဟို မင်းပိုက်​ဆံအိတ်​ကျန်​ခဲ့လို့ လိုက်​​ပေးတာပါ" ကျွန်​​တော့်​ စကား​ကြောင့်​ သူမ မျက်​လုံး​လေးပြူးပြီး "Omo ​ကျေးဇူးတင်​ပါတယ်​​နော်​ အကိုသာလာမ​ပေးရင်​ ကျွန်​မလမ်းမှာ ​ယာဉ်​ထိန်းရဲနဲ့​တွေ့ရင်​ အဖမ်းခံရမှာ လိုင်​စင်​မပါလို့ လိုင်​စင်​ကိုဒီထဲထည့်​ထားတာ​လေ တကယ်​​ကျေးဇူးတင်​ပါတယ်​​နော်​ ခု​တော့ ခွင့်​ပြုပါအုံး ကျွန်​မမှာ အ​ရေးကြီးကိစ္စရှိလို့ပါ​"ဆိုပြီး ကျွန်​​တော့်​ကို ပြုံးပြပြီး ထွက်​သွားတဲ့ သူမကို ​ငေးကြည့်​ရင်း ရင်​ထဲမှာ ထူးဆန်းတဲ့ခံစားချက်​​တွေဖြစ်​​ပေါ်လာတယ်​။ ဘယ်​​လောက်​ထိ ​ငေး​ကြည့်​​နေမှန်းမသိ သူမကား​လေး မြင်​ကွင်းက​နေ​ပျောက်​သွားမှ အိမ်​ပြန်​ဖို့ သတိရ​တော့တယ်​။ ဒီလိုနဲ့ နှစ်​ရက်​ သုံးရက်​​လောက်​ကြာ​တော့ သူမနဲ့အမှတ်​မထင်​ လမ်းမှာပြန်​​တွေ့တယ်​​လေ။ အဲ့မှာဘဲ သူမနဲ့ရင်းနှီးမှုရသွားတယ်​။ အဲ့ရင်းနှီးမှုကလည်း သူမပိုက်​ဆံအိတ်​ကို ယူလာ​ပေးလို့​ကျေးဇူးတင်​တဲ့အ​နေနဲ့ ကျွန်​​တော့်​ကို ​ကျွေးခဲ့တဲ့ ​နေ့လည်စာ​ကြောင့်​ဖြစ်​ပါလိမ့်​မယ်​။ ပိုက်​ဆံရှင်း​တော့ ကျွန်​​တော်​က ​ကော်​ဖီတခွက်​ သူက အ​အေးတစ်​ခွက်​​သောက်​တဲ့ဟာကို တစ်​​သောင်းဆိုတာ​ကြောင့်​ ကျွန်​​တော်​အံ့သြသွားတယ်​ အံ့သြမှု​တွေနဲ့အတူ အားနာမှု​တွေပါ​ရော​ထွေးလာတယ်​။ သူမက​တော့ ပိုက်​ဆံအုပ်​​တွေထဲက တစ်​​သောင်းတန်​တစ်​ရွက်​​လျော့သွားတာ ဘာမှမဖြစ်​​ပေမယ့်​ ကျွန်​​တော့်​အတွက်​က​တော့ ​ငွေတစ်​​သောင်းရဖို့ သုံးရက်​ဆက်​တိုက်​​ ​နေပူတာေ​တာင်မမှု​ ကျောင်း​တွေ​ရှေ့မှာ လက်​ကမ်း​စာရွက်​​တွေ ​ဝေခဲ့ရတယ်​လေ။ အဲ့ဒီ​နောက်​ပိုင်းမှာ သူနဲ့ကျွန်​​တော့်​ကြား သံ​ယောဇဉ်​​လေး​တွေ တိုးပွားလာတယ်​ facebookဆိုတဲ့ လူမှုကွန်​ယက်​​ကြောင့်​​ပေါ့။ ​သူ​ကော်​ဖီတိုက်​တုံးက အာလပသလာပ စကား​တွေ​ပြောရင်း Facebookဘက်​ကို​ရောက်​သွားပြီး ကျွန်​​တော့်​အ​ကောင့်​ကို​မေးပြီး သူလာအပ်​တယ်​​လေ။ Online​ပေါ်မှာ ​နေ့တိုင်းစကား​တွေ​ပြောရင်း သူမကို ကျွန်​​တော်​ချစ်​မိသွားတယ်​။ သူမအတွက်​ ရည်​စူးပြီး ကဗျာ​တွေလည်း​ရေးဖြစ်​တယ်​။
" မင်း​ရဲ့ အပြုံးတစ်​ပွင့်​​ကြောင့်​ ​လောကကြီးကို ခဏတာ​မေ့ခဲ့ဖူးတယ်
မင်း​​ရဲ့ အပြုံးတစ်​ပွင့်​​ကြောင့်
ညဘက်​ စွဲလန်းစိတ်​နဲ့ အိပ်​စက်​လို့မရ​အောင်​ ဖြစ်​ခဲ့ဖူးတယ်
မင်း​ရဲ့ အပြုံးတစ်​ပွင့်​ဟာ ကျွန်​​တော့်​ဘ၀ကို ​ပြောင်းလဲ​စေတယ်
             သိပ်
                   ချစ်
                         တယ်​"   
                    Taengoo💫
ကျွန်​​တော်​ သူမအ​ကြောင်း​တွေ တင်​သမျှ post​တွေကို အမြဲ like​ပေးခဲ့တယ်​။ သူမလည်း ရိပ်​မိ​နေဟန်​တူပါတယ်​။       
တ​စ်​​နေ့မှာ​တော့ ကျွန်​​တော့်​ကဗျာ​လေးတခုမှာ သူမ cmt လာ​ပေးတယ်​​လေ
"မင်း​ကို ချစ်​တဲ့အချစ်​မှာ
ဂုဏ်​​၊​ငွေ၊ စည်းစိမ်​ဥစ္စာစတဲ့
အ​ရောင်​​တွေမပါဘဲ သန့်​ရှင်းတဲ့ အဖြူ​ရောင်​အချစ်​နဲ့ ချစ်​​နေတာ မင်းသိပါ​စေ။"
                         Taengoo💫
"Taengoo က ဘယ်​သူ့ကိုချစ်​​နေတာလည်းဟင်​"
ဖြေရခက်​တဲ့​မေးခွန်း​တွေကို ​ကြောက်​လို့ ​ကျောင်းတက်ရတာကိုမုန်းပါတယ်​​​ဆိုမှ သူမက ​ဖြေရခက်​တဲ့ ​မေးခွန်းကိုလာ​မေးတယ်​ ။ ကျွန်​​တော်​ line​ပေါ်ကဆင်းခဲ့ပီး​ သူမ​မေးခွန်းကို မ​ဖြေဘဲ ​သူရဲ​ဘော​ကြောင်​စွာနဲ့ ထွက်​​ပြေးခဲ့တယ်​။ ဒါ​ပေမယ့်​ အချစ်​နဲ့ ​ချောင်းဆိုးတာ ထိန်းမရဘူးဆိုတဲ့ စကားအတိုင်း သူမ​ပေါ်ထားရှိတဲ့ ကျွန်​​တော့်​ရဲ့ အုံ့ပုန်းအချစ်​​တွေကို တ​နေ့မှာ ထုတ်​​ဖော်​​ပြောမိလိုက်​တယ်
"Fany yrr ငါ မင်းကိုချစ်​တယ်​" ကျွန်​​တော့်​စကား​ကြောင့်​ အ​အေး​သောက်​​နေရာက​နေ ​ခဏရပ်​သွားပြီး
"Tae ခုနက ဘာ​ပြောတာလည်း"
"အာညီး ဘာမှမဟုတ်​​တော့ဘူး "
"ဘာလို့ ဘာမှမဟုတ်​တာလည်း မိန်းက​လေး တ​ယောက်​ကို ချစ်​တယ်​​ပြောပြီး ဘာမှမဟုတ်​ဘူးဆိုပြီး ဘာမှမဖြစ်​သလို​နေမလို့​ပေါ့"
"အဲ့လိုမဟုတ်​ပါဘူး Fany စိတ်​ဆိုးသွားတယ်​ထင်​လို့ဆက်​မ​ပြောတာပါ"
"Fany စိတ်မဆိုးပါဘူး"
"စိတ်မဆိုးဘူးဆိုရင် ချစ်​လား"
ကျွန်​​တော့်​​မေးခွန်း​ကြောင့်​ ရှက်​ပြုံး​လေးပြုံးပြီး ​ခေါင်း​လေးငုံ့ကာ "အွန်း ချစ်​တယ်​"
သူမအ​ဖြေကိုကြားတုံးက ကိုယ့်​နားကိုယ်​​တောင်​ မယုံဘူး ကျွန်​တော်​​များနားကြားလွဲတာလားဆိုပြီး
"Fany တကယ်​​ပြောတာ​နော်​"
"Onn​ပေါ့ Fanyလည်း Taeကို စိတ်​၀င်​စား​နေတာပါ"
"၀မ်းသာလိုက်​တာ fanyရယ်​"
Fanyနဲ့ချစ်​သူဖြစ်​ပြီး ​နောက်​ပိုင်း ကျွန်​​တော်​အလုပ်​​တွေပိုကြိုးစားခဲ့တယ်​ တ​နေ့ကျ လက်​ထပ်​ခွင့်​​တောင်းပြီး အတူ​နေတဲ့အခါ သူမရဲ့အိမ်​မှာလို အ​ကောင်းစား​တွေ မ​ကျွေးနိုင်​​တောင်​ ထမင်းနပ်​မှန်​​အောင်ေ​တာ့ ​ကျွေးနိုင်ရမယ်ေ​​​ပါ့။

အချစ်​စစ်​ရဲ့လမ်းက ကြမ်း​သော်​လည်းTempat cerita menjadi hidup. Temukan sekarang