အချစ်​စစ်​ရဲ့လမ်းက ကြမ်း​သော်​လည်း Part -1

2K 92 4
                                    

အိမ်တစ်အိမ်ရဲ့ ထပ်​ခိုးတစ်​ခုမှာ အသက်​သုံးဆယ်​​ကျော်​​ကောင်​မ​လေးတ​ယောက်​ Note book​ကို​တွေ့ပြီး
Girl - ဟင်​ ဘာစာအုပ်​လည်းဖတ်​ကြည့်​အုံးမှ ~~~~~~~~~~~~~
Fany.....Tiffany.... အဲ့ဒီနာမည်​​လေးကို ​ခေါ်မိတိုင်း ကျွန်​​တော့်​ရင်​ထဲ ​အေးချမ်း​နေလိုက်​တာ။ သူမက eyesmile queen ​လေး​ပေါ့။ သူမ ရယ်​လိုက်​ပြုံးလိုက်​တဲ့အခါတိုင်း ကျွန်​​တော်​ သူမကို ကြည့်​ရင်း အသက်​ရှူ ရပ်​ရပ်​သွား​လေ့ရှိတယ်​။ သူမရဲ့ ကိုယ်​လုံးကိုယ်​​ပေါက်​​ကလည်း ကျွန်​​တော်​ စာ​တွေကဗျာ​တွေ​ရေးပြီး ဖွဲ့နွဲ့မပြနိုင်​​လောက်​​အောင်​ လှပလွန်း​နေတယ်​။ သူမမှာ အလှအပအားလုံးပြည့်​စုံ​နေတဲ့အတွက်​​ကြောင့်​ သူမကို ကျွန်​​တော်​ အရမ်းစွဲလန်း​နေမိတယ်​။ကျွန်​​တော်​နဲ့​တွေ့တဲ့အချိန်​မှာ သူမ အင်္ကျီအဖြူနဲ့ ဂျင်း​ဘောင်းဘီအတိုအကျပ်​၀တ်​လာရင်​ သူမကို ကျွန်​​တော့်​ ​စေ့​စေ့မကြည့်​ရဲတဲ့အပြင်​ သူမနဲ့​လေး​ပေ​လောက်​အကွာမှာထိုင်​ပြီး စကား​ပြော​လေ့ရှိတယ်​။
"Tae...ဘာလို့ Fanyကိုမကြည့်​တာလည်း ဘာလို့ အနားလာမထိုင်​တာလည်းဟင်​"လို့ ​မေးတဲ့အခါတိုင်း ကျွန်​​တော်​ သူမကို ပြုံးပြပြီး စိတ်​ထဲ​က​နေဘဲ သူမ​မေးခွန်းကို ​​ပြန်​​ဖြေ​လေ့ရှိတယ်​။ "ငါ Fanyကိုကြည့်​မိတိုင်း ပိုချစ်​မိမှာဆိုးလို့ Fanyနဲ့အနီးဆုံးမှာ​နေရင်​ Fanyနားမှာဘဲ အမြဲ​နေချင်​မိမှာစိုးလို့" ဟုတ်​တယ်​ သူမကို ကျွန်​​တော်​အရမ်းချစ်​မိလို့မဖြစ်​ဘူး​လေ။ သူမဘ၀နဲ့ ကျွန်​​တော့်​ဘ၀က မိုးနဲ့​မြေလို ကွာခြားတယ်​။ သူမက သူမရဲ့ နန်း​တော်​သမျှ ခမ်းနားတဲ့ စံအိမ်​မှာ ​ဟင်းပွဲအစုံကို ​ရွှေလင်​ဗန်းနဲ့ စား​နေချိန်​ ကျွန်​​တော်​က​တော့ စတိုးဆိုင်​မှာ ​အချိန်​ပိုင်းအလုပ်​လုပ်​ရင်း ​ခေါက်​ဆွဲပြုတ်​တပွဲကို အလုအယက်​စား​နေရတယ်​။ ပိုက်ဆံကို​ရေလိုသုံးပြီး ​ပန်း​ရောင်​သန်း​နေတဲ့ ကား​လေးကို ​မောင်းပြီး သူမ ကျွန်​​တော့်​ကိုလာ​တွေ့ရင်​ ကျွန်​​တော်​စိတ်​ထဲမွန်းကျပ်​လာပြီး ကိုယ့်​ဘ၀ကို အလိုမကျမှု​တွေဖြစ်​လာတယ်​။ သူမကို အရမ်းချစ်​တယ်​ ကိုယ့်​ဘ၀ အ​ခြေအ​နေ​ကြောင့်​ ဆုံးရှုံးရမယ်​ဆိုတာလည်းသိ​ပေမယ့်​..........
သူမကို စ​တွေ့ခဲ့တဲ့​နေ့ကို အခုထိမှတ်​မိ​သေးတယ်​။ ရုပ်​ရှင်​​တွေထဲကလို​တော့ Romantic မဆန်​ဘူး​ပေါ့ဗျာ

အချစ်​စစ်​ရဲ့လမ်းက ကြမ်း​သော်​လည်းHikayelerin yaşadığı yer. Şimdi keşfedin