Because I 💕 U(part 3)
361 16 0
(Soo- အွန်းးး မနက်​​ရောက်​မှ Baek ကို ​​မေးရမယ်​ ဘာဖြစ်​တယ်​ဆိုတာ)
သူမအလုပ်​က မနက်​စော​စောထပြီး အ​ဒေါ်ကြီးနှင့်​ အိမ်​အလုပ်​​တွေ ကူလုပ်​ရသည်​။ ထို့​နောက်​ ​ဖေ​ဖေ့ကို ပြင်​ဆင်​စရာရှိတာ ပြင်​ဆင်​​ပေးပြီးမှ ​ကျောင်းသွားရသည်​။ သူမတို့ အတန်းသို့ လမ်း​လျှောက်​သွားရင်း  baek နဲ့ လိုင်း​ပေါ်တွင်​ စကား​ပြောလာခဲ့ရာ စက်​ဘီးလမ်း​ပေါ်သို့ ​ရောက်​မှန်းမသိ ​ရောက်​လာသည်​။ ထိုခဏ
"ခွပ်​"ဆို​သော အသံနှင့်​ ​ဘေးက ကပ်​နင်းသွား​သော စက်​ဘီးတစ်​စီး​ကြောင့်​ သူမလန့်​ပြီး ဖုန်းလွတ်​ကျသွားသည်​။ သူမ​ စက်​ဘီးနင်းသွား​သော သူကို ​ဒေါသထွက်​ဖို့ သတိမရ။ ပြုတ်​ကျသွား​သော ဖုန်း​လေးကိုသာ ကြည့့််ုပြီး ရှိုက်​ကြီးတငင်​ငင်​ ငို​နေမိ​တော့သည်​။ ဒီဖုန်း​လေးက သူမကို သူမအ​မေ မ​သေခင်​က လက်​​ဆောင်​​ပေးထား​လေး။ ခုထိ သူမပြင်​ပြီး သုံး​နေတုန်း ခု​တော့....
------ဒီမှာ
သူမအသံလာရာသို့ ​မော့ကြည့်​မိလိုက်​သည်​။
အသံပိုင်​ရှင်​က သူမအချိန်​ကြာကြာ ကြည့်​ဖူးတဲ့ headphone နဲ့ ​ကောင်​​လေး ကမ်း​နေ​သော သူ့လက်​ကို ကြည့်​မိ​တော့ ချက်​လက်​မှတ်​တစ်​ရွက်
------​ရော့ ဒါ​လေးယူထားလိုက်​ ဖုန်းပြန်​ဝယ်​လို့ ရတာ​ပေါ့
သူမဘာမှပြန်​မ​ပြောရ​သေးခင်​ ​ဘယ်​တုန်းက ​ရောက်​​နေမှန်းမသိတဲ့ Baekက ဝင်​​ပြော​တော့သည်​။
Baek- ဒီမှာ လူကိုဘာမှတ်​​နေလဲ အဲ့ချက်​လက်​မှတ်​တစ်​​စောင်​နဲ့ ဒီဖုန်းကို တန်​ဖိုးဖြတ်​လို့ရမယ်​ ထင်​​နေတာလား
-------အဲ့ဒီဖုန်းက ဘယ်​​လောက်​တန်​​နေလို့လဲ
Baek- တန်​တယ်​ အရမ်းအဖိုးတန်​တယ်
Soo အ​မေ မ​သေခင်​တုန်းက ​ပေးထားတာ
Soo- Baek ရယ်​ လာပါ။ သွားရ​အောင်​။ 
Baek- အမ​လေး ​ပြောရမယ်​ ကြီး​တော်​ရဲ့ ညည်းလို​တော့ ခန္တီပါရမီ ကျုပ်​မှာမရှိဘူး ​ငွေဂုဏ်​​မောက်​​နေတဲ့ ဟာ​တွေ
သူမအတင်းဆွဲ​ခေါ်ခဲ့တာ​ကြောင့်​ ​ဒေါသအိုး Baek မှာပွစိထိုးရင်း သူမ​နောက်​သို့ပါလာ​တော့သည်​။ ဟိုတစ်​​ယောက်​မှာ​တော့ သူတို့နှစ်​​ယောက်​ကို ​ငေးရင်း ​နောက်​မှာကျန်​ခဲ့သည်​။
သူမသယ်​လာ​သော ​ရေဘူးကိုထုတ်​​ပေးလိုက်​ရင်း
Soo- ​အေးပါ ​ရော့ ​ရေ​လေး​သောက်​နားပြီး​ပြော
သူမ​ပြော​တော့မှ ငဘတ်​မက ရယ်​​တော့သည်​။
Baek- အဲ့ဒါညည်း​ကြောင့်​ မိဆိုရဲ့ ညည်း နုံလို့်အလို့ ဖြစ်​တာ
Soo- အင်​ မဟုတ်​ပါဘူး​နော်​ ------
ထိုသို့ အပြန်​အလှန် စ​နောက်​ရင်း သူမငိုတဲ့​နေ့​တွေက ငဘတ်​မ​ကြောင့်​ ​ပျော်​ခဲ့ရသည်​ချည်းပါပဲ
ခဏ​နေ​တော့ သူမ​ဘေးကို ​စောနက ​ကောင်​​လေး လာထိုင်​သည်​။ Baek က​တော့ မျက်​​စောင်း​တွေသာပစ်​ထိုး​နေသည်​။ စာသင်​ချိန်​နှစ်​ချိန်​ပြီး​သော်​ သူမစာအုပ်​​ပေါ် စာရွက်​ကပ်​ပြီး သူအခန်းပြင် ​ထွက်​သွားသည်​။ စာရွက်​​ပေါ်မှာ ​ရေးထားတာက
"Sorry ငါမသိလို့"
Baek တစ်​​ယောက်​ရယ်​ပါ​တော့သည်​။
Baek- ဟားးး စာကတုံးတိကြီး
Soo- နင်​ကလဲ မရီပါနဲ့ သူများကို
သူ​တော်​​တော်​စိတ်​ကုန်​သွားသည်​။ လူတစ်​​ယောက်​သူတစ်​ခါမှ အဲ့​လောက်​ မ​တောင်းပန်​ဖူးဘူး။ ဒါပထမဆုံး ​တောင်းပန်​ဖူးတာ။ အဲ့ဒါကလည်း ကိုယ်​ချင်းစာမိသွားလို့။ သူ့မှာလည်း အ​မေမရှိ​တော့ သူမဘဝကို ကိုယ်​ချင်းစာမိသွားလို့။ သူအခန်းပြင်​က​နေ ပြန်​လှမ်းကြည့်​မိ​တော့ ဟိုနှစ်​​ယောက်​က သူ​ရေးထားတဲ့စာ ဖတ်​ပြီး ​လှောင်​​နေ​လေရဲ့။ ဖုန်းကျကွဲလို့ ငိုခဲ့တဲ့ ​ကောင်မ​လေးကလည်း ခု​တော့ သူမ,မဟုတ်​သလိုပဲ။ ခုမှ​ကြည့်​မိတယ်​။ အဲ့​ကောင်​မ​လေးနှုတ်​ခမ်းက ရယ်​လိုက်​ရင်​ heart shape(အသဲပုံစံ) ​လေးပါလား။ (အင်းးးးး ရင်​ဘတ်​ထဲက တစ်​မျိုးကြီးပဲ။ ငါ အစာမ​ကြေဘူးလား မသိဘူး)
ကျောင်းကအပြန်​ အိမ်​အ​ရောက်​ မ​ရောက်​စဖူး ​စော​စောအိမ်​​ပြန်​​ရောက်​​နေ​သော သူမအစ်​မကို ​တွေ့လိုက်​ရသည်​။ သူမအ​ပေါ်သို့တက်​မည်​​အပြင်​​ လက်​နဲ့လှမ်းတားလိုက်​တဲ့ သူမအစ်​မ​ကြောင့်​ သူမ,အစ်​မ ရပ်​ကြည့်​လိုက်​မိသည်​။
Soo- ဘာကိစ္စလဲ
Joung Hee- ဘာဘာကိစ္စလဲလဲ။ ငါ့အ​မေ ရှာတဲ့ ပိုက်​ဆံနဲ့ သုံး​နေပြီး​တော့။ နင်​ကများ။ သူမကိုပါးရိုက်​ရန်​ လက်​ပြင်​ပြီးမှ။
Joung Hee- ရတယ်​​လေ ကိစ္စမရှိဘူး။ နင်​ငါ့ကို အလုပ်​တစ်​ခု လုပ်​​ပေးရမယ်​။
Soo ထွက်​သွားမည်​အပြု သူမအစ်​မက
"နင်​မလုပ်​​ပေးရင်​ ငါအ​မေ့ကို နင်​,နင်​နဲ့ နင့့််​သူငယ်​ချင်း အချိန်​ပိုင်းအလုပ်​လုပ်​​နေတဲ့အ​ကြောင်း တိုင်​လိုက်​မယ်​"
ထို့​ကြောင့်​ သူမစိတ်​ပျက်​ပျက်​နှင့်​ သူမအမနှင့်​ မျက်​နှာချင်း ဆိုင်​လိုက်​သည်​။
Joung Hee- နင်​​ကောင်​​လေးတစ်​​ယောက်​ဆီက ဖုန်းနံပါတ်​​တောင်း​ပေးရမယ်​။
Because I 💕 UWhere stories live. Discover now