Because I 💕U(part 5)

249 17 5
                                    

သူမ အံ့သြမှင်​သက်​လို့မဆုံး​သေး။  manager ကဆိုင်​မှ လူများကို မိတ်​ဆက်​​ပေးသည်​။
"ဒါက​တော့ တို့လိုဆိုင်​​တွေအားလုံးကို ခု​နောက်​ပိုင်းဦးစီးသွားမယ့်​ ဥက္ကဌကြီးရဲ့သား သူ​ဌေး​လေး Kim Jongin လို့​ခေါ်တယ်​။ အားလုံးသိပြီးသား ဖြစ်​မှာပါ"
(သူ့နာမည်​က Kim Jongin တဲ့လား)
သူမစိတ်​ထဲမှ ​ရေရွတ်​မိသည်​။ ထို့​နောက်​ manager က တစ်​ဦးချင်းစီ မိတ်​ဆက်​​ပေး​နေသည်​။ သူမ​ဘေးက Baek က​တော့ ပြုံးဖြီးဖြီးနှင့်​ ဘာမှမဖြစ်​သလို​နေနိုင်​​ပေမယ့်​ သူမက​တော့ ဘာအပြစ်​မှမလုပ်​ထားဘဲ ​ကြောက်​​နေမိသည်​။ ထိုစဉ်​သူ​ဌေးက Baekနဲ့ သူမကို လက်​ညှိုးထိုးပြီး
"ဒီနှစ်​​ယောက်​က​တော့ သခင်​​လေးတက်​တဲ့​ကျောင်းမှာပဲ ​ကျောင်းတက်​​နေတယ်​။ ည​နေ ၄နာရီက​နေ ၈နာရီထိဆိုင်​မှာ အချိန်​ပိုင်းလုပ်​တာ"
Baek နဲ့ သူမ ခါးညွှတ်​ပြီး အရို​သေ​ပေးလိုက်​သည်​။
ထိုသို့နှင့်​ သူမအလုပ်​ချိန်​ကုန်​ဆုံးခဲ့​တော့သည်​။ အကျီင်္လဲရန်​အတွက်​ အဝတ်​လဲခန်းသို့ သူမနှင့်​ Baek အတူဝင်​ခဲ့​လေသည်​။
Soo- Baek မ ဖုန်းကိစ္စရှင်း။ ဘယ်​သူ့ဖုန်းလဲ။
Baek- နင်​ကလည်းဟာ ငါက နင်​ဖုန်း​ကောင်း​ကောင်း​လေး ကိုင်​​စေချင်​လို့ ​စေတနာနဲ့ကို
Soo- အဲ့ဒါ​တော့ ငါသိတာ​ပေါ့ Baek ရဲ့ ဒါ​ပေမဲ့ဟာ နင်​သိပါတယ်​။ ငါက သူများ အားမကိုးချင်​ဘူး ဆိုတာ။
Baek က အင်္ကျီလဲပြီး သူမပုခုံးကိုလာဖက်​ရင်း သူမနဲ့ Baek အိတ်​ကိုယ်​စီကိုင်​ရင်း အဝတ်​လဲခန်းအပြင်​သို့ ထွက်​ခဲ့​တော့သည်​။
Baek- နင်​သူ့ဆီက အလကားယူတာမှ မဟုတ်​တာ Soo ရ။ သူနင့်​ဖုန်းကို မ​တော်​တဆခွဲလိုက်​မိသလိုဖြစ်​လို့ သူပြန်​​လျော်​​ပေးတာပဲဟာ။ ပြီး​တော့နင့်​ကိုလဲ ​တောင်းပန်​တာပဲ​လေ ဟုတ်​ဘူးလား။
စကား​ပြောရင်း သူမတို့နှစ်​​ယောက်​ ဆိုင်​အပြင်​ဘက်​သို့ ​ရောက်​လာသည်​။ ထိုခဏ သူ​ဌေး​လေး သူ့ကား​ရှိရာဘက်​ ​လျှောက်​လာတာကို မြင်​လိုက်​ရသည်​။
"ဒီ ဒီမှာရှင့်​ " သူမလှမ်း​ခေါ်လိုက်​သည်​။
Jongin- ကျွန်​​တော့်​ကို ​ပြောတာလား
Soo- nae (ဟုတ်​)
Baek- arni(ဘာမှမဟုတ်​.....​) Soo ကလည်း.....
Baek မက သူမဖုန်းပြန်​​ပေးမလို့ကို အတင်းကြီးလိုက်​တား​နေသည်​။
Soo- ဟို​လေ ဖုန်း​လေး ပြန်​​ပေးချင်​လို့ပါ
Jongin- ကျွန်​​တော်​ ​ပေးတဲ့ဖုန်း မကြိုက်​လို့လား ပြန်​သွားလဲ​ပေးရမလား
Soo-မဟုတ်​ပါဘူး ဒီတိုင်းပြန်​​ပေးတာပါ။ ကျကွဲသွားတဲ့ဖုန်းအတွက်​ ဘာမှ​လျော်​​ပေးစရာ မလိုပါဘူး။ ​ကျေးဇူးတင်​ပါတယ်​။
ထိုသို့​ပြောပြီး ထွက်​လာခဲ့လိုက်​သည်​။ Baek မက​တော့ တစ်​လမ်းလုံး ပွစိထိုးလာသည်​။ သူက​ကောင်း​စေချင်​လို့ ဘာညာနဲ့​ပေါ့။

Because I 💕 UWhere stories live. Discover now