Because I 💕U(part 4)

258 15 0
                                    

Joung Hee- "နင်​​ကောင်​​လေး တစ်​​ယောက်​ဆီက ဖုန်းနံပါတ်​​တောင်း​ပေးရမယ်​။"
ထို့​နောက်​ဓာတ်​ပုံတစ်​ပုံ ထုတ်​​ပေးသည်​။ သူမမျက်​လုံးပြူးသွား​တော့သည်​။ ထို​ကောင်​​လေးက သူမအမြဲ​တွေး​နေတတ်​တဲ့သူ​လေး
Joung Hee- ငါ​တောင်းတယ်​လို့ မ​ပြောနဲ့​နော်​။ နင့်​နည်းနင့်​ဟန်​နဲ့ ​တောင်း​နော်​။ ရ​အောင်​​တောင်း နှစ်​ရက်​အချိန်​​ပေးမယ်​။ မရရင်​​တော့​လား။ နင်​သိပါတယ်​။ ငါဘာလုပ်​မယ်​ဆိုတာ။"
  ပြောပြီးပြီးချင်း သူမအမလှည့်​ထွက်​သွားသည်​။ ဒုက္ခပါပဲ ဒီလိုကိစ္စမျိုး​တွေကို သူမစိတ်​မဝင်​စားဘူး​လေ။ မတတ်​နိုင်​ဘူး Baek ကိုအကူညီ​တောင်းရမယ်​။

နောက်​​နေ့မနက်​ ​ကျောင်းသို့အ​ရောက်
Baek- အမ်​ ဘာ​ပြောတယ်​ အဲ့ဒါအဲ့ဟာမ သက်​သက်​ ရုပ်​မာတာ အဲ့ဒါ​ကြောင့်​ နင့်​ကို ငါ​ပြောတယ်​ သူတို့ကလိမ်​ကကျစ်​ သားအမိကို ဂရုမစိုက်​ဘဲနဲ့ ငါနဲ့ လာ​နေပါဆိုတာ
Soo- "​ဖေ​ဖေက ရှိ​သေးတယ်​​လေဟာ"
Baek-"​နောက်​ပြီး​တော့ ​မေ​မေနဲ့​ဖေ​ဖေ့ရဲ့ ချစ်​သက်​လက်​​ဆောင်​ဖြစ်​တဲ့ အဲ့အိမ်​ကြီးကို ငါအဆုံးရှုံးမခံနိုင်​ဘူး။ အဲ့လို​ပြောအုံးမလို့လား"
Soo ​ခေါင်းငြိမ့်​ပြလိုက်​သည်​။ စကား​ပြောရင်းနှင့်​ ​ကျောင်းခန်းသို့ပင်​ ​ရောက်​လာသည်​။ သူတို့နှစ်​​ယောက်​လုံး စိတ်​ထဲရှိတာက ဟို​ကောင်​​ချော​လေးရဲ့ ဖုန်းနံပါတ်​ကို ဘယ်​လို​တောင်းရမလဲဆိုတာ
သူမ​ရော ခါတိုင်းဆို ပွစိထိုးစကား​ပြော​နေတတ်​တဲ့ Baek ပါ ဒီ​နေ့တစ်​ရက်​​တော့ ငြိမ်​ချက်​သား​ကောင်း​နေသည်​။ အတန်းထဲ ​ရောက်​​တော့ သူမ၏မျက်​လုံး ပြူးပြူး​လေးများဖြင့်​ ထို​ကောင်​​လေးကို ရှာမိ​တော့သည်​။ ​ဟော ​တွေ့ပါပြီ။ ကိုယ်​​တော်​​ချော​လေး သူက အတန်းအ​နောက်​ဘက်​၌ ဖုန်း​ဆော့​နေသည်။ Soo စဉ်းစားမိသည်​။ ​ပြောင်​​ပြောင်​တင်းတင်းပဲ "နင့်​ဖုန်းနံပါတ်​ ငါလိုချင်​လို့" ဆိုပြီး သွား​တောင်းရင်​ ​ကောင်းမလား။ အင်း​နော်​ ဖုန်းနံပါတ်​​တောင်းတိုင်းသာ ​ပေးရရင်​ သူက အ​ချေ​ကောင်​​လေး ဘယ်​ဖြစ်​​တော့မလဲ။ အတန်းထဲမှာလည်း သူ့ကိုလိုက်​ crush ​နေတဲ့သူက အများသား။

Because I 💕 UWhere stories live. Discover now