Because I 💕U (part-6)

222 16 1
                                    

"ပွဲကို နင်​မလာဘူးလို့ ငါယုံတယ်​။ နင့်​အဆင့်​နဲ့ ဒီလိုပွဲမျိုး မတက်​သင့်​ဘူး​လေ။ လာမယ်​ဆိုရင်​​တော့ နင့်​အ​ဖေရဲ့ ဒီတစ်​လစာ ​ဆေးဖိုးဝါးခ​လေးက ငါ့မုန့်​ဖိုးဖြစ်​သွားလိမ့်​မယ်​။"
သူမအခန်းကျဉ်း​လေးသို့ ပြန်​ဝင်​လာခဲ့သည်​။ သူမအစ်​မ မရှိတာက သူမအတွက်​​တော့ မင်္ဂလာတစ်​မျိုးပင်​ စာလုပ်​ရန်​ ပြတင်း​ပေါက်​နားက စာ​ရေးစားပွဲတွင်​ ထိုင်​လိုက်​​သော်​လည်း တစ်​​ယောက်​​ယောက်​က အ​နောက်​က ကြည့်​​နေသည်​ဟု ခံစားမိ​သော​ကြောင့်​ လှည့်​ကြည့်​လိုက်​ရာ
Soo- ဟင်​!​ Baek နင်​ဘယ်​လို...
Baek- ဘာမှ ဘယ်​လိုမ​နေနဲ့ ငါအကုန်​ စီစဉ်​ပြီးပြီ နင်​ငါနဲ့ လိုက်​ခဲ့ရမယ်
Soo- Baekရယ်​ ငါ့အ​ဖေ ​ဆေးဖိုးဝါးခအတွက်​ ငါ မသွားဘဲ​နေမှ ဖြစ်​မယ်​ ငါ့လုပ်​အားခနဲ့က...
Baek- ဒီမယ်​ Soo ဘာမှစိတ်​ပူမ​နေနဲ့ အဲ့ပွဲမှာ နင့်​ကို ဘယ်​သူမှ မမြင်​​အောင်​ ငါ စီစဉ်​ထားတယ်​ ​နောက်​ပြီး ပွဲမပြီးခင်​ နင်​ပြန်​လာ​ပေါ့ နင့်​အစ်​မ မသိ​စေရဘူး ငါရဲရဲကြီး အာမခံတယ်

ကျောင်းသား/သူများ၏ ပြင်​ဆင်​မှုဖြင့်​ လှချင်​တိုင်း လှ​နေသာ ​ကျောင်း၏ ​ပြဇာတ်​ရုံခန်းမကြီးသည်​ ပြဇာတ်​ရုံနှင့်​ပင်​ မတူ။ ​ယခုညပြဇာတ်​သည်​ အ​နောက်​တိုင်းဆန်​ဆန်​ ပြဇာတ်​တစ်​ပုဒ်​ဖြစ်​ပြီး ပွဲလာသူပရိသတ်​များ ပြဇာတ်​ကြည့်​ရင်း ဘူ​ဖေးစားနိုင်​ရန်​ပါ စီစဉ်​ထား​လေသည်​။ ထို့​နောက်​တွင်​ကား နှစ်​အလိုက်​ Kingများ Queenများကို သရဖူ ​ဆောင်း​ပေးသည့်​ပွဲ။

ည၇နာရီ-
"​ကျောင်းသူ​ကျောင်းသားများ အားလုံးနှင့်​ ဆရာ ၊ ဆရာမများခင်​ဗျာ မနက်​ပိုင်းက နှစ်​အလိုက်​ ပြုလုပ်​​ပေးခဲ့တဲ့ ပွဲ​တွေကို အားရ​ကျေနပ်​လိမ့်​မယ်​လို့ ထင်​ပါတယ်​ ယခုလည်း အ​နောက်တိုင်းဆန်ဆန် ​​​​အားလုံးကို အထူးအဆန်းဖြစ်​​အောင်​ လုပ်​​ပေးထားတာဆို​တော့ ​ကျေနပ်​ကြမယ်​လို့ ထင်​ပါတယ်​"

တီးဝိုင်းစ​လေ​တော့ ​ကျောင်းသူ​ကျောင်းသားများ၏ မျက်​လုံးများမှာ ​ကျောင်း၏ King Queen များဆီသို့ ဝဲလည်​လည်​ဖြစ်​​နေကြ​လေရာ ပြဇာတ်​စင်​​ပေါ်သို့ အာရုံမ​ရောက်​နိုင်​ဘဲ ရှိ​လေသည်​။ ထိုအခိုက်​အတန့်​တွင်​ ​ကျောင်းသား​ခေါင်း​ဆောင်​ကိုယ်​တိုင်​ ​ဇာတ်​ညွှန်းရေးသား​သော ပြဇာတ်​ စ​တော့သည်​။

Because I 💕 UWhere stories live. Discover now