I Can't Control to Hate You

5.4K 307 7
                                    

မင်းကိုမုန်းဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး

✨🌟 CHAN BAEK YAOI 🌟✨

Birthday Present For You:-*

""""""""""""""""""""""""""""""""""""""""""

ကျွန်​​တော်​​လေ ဘဝမှာ
ကိုယ်​ချစ်​ရတဲ့သူ​တွေနှင့်အတူ အရမ်းကိုပျော်​ရွှင်​ရတဲ့ မိသားစုလေးတစ်​ခု​အဖြစ်နဲ့အတူတူနေဖူးချင်သည်။

ByunBaekHyun

နေ့ရှိသ၍မညီးမညူဘဲ တစ်​ယောက်​ထဲ​သာနေလာတဲ့ Baekhyun မနက်​၅နာရီ​လောက်​ထဲကစပြီး အလုပ်​ကိုဆင်းရသည်​။

'ရာသီဥတု​လေးက​ကောင်းလိုက်​တာ'

အိမ်မှ ထွက်ထွက်ခြင်း ပတ်ဝန်းကျင်ရဲ့ သာမှုကို ခပ်တိုးတိုး ရေရွတ်ရင်း ပြုံးမိသည်။

အလုပ်နှင့်အိမ်က သိပ်မဝေးပါ။ နာရီပိုင်းလောက်လျှောက်သည်နှင့်ရောက်၏။ အလုပ်ရှေ့ရောက်သည့်အခါ အင်္ကျီဘေးအိပ်ကပ်ထဲမှ ဆိုင်သော့ကို ထုတ်ပြီးဖွင့်ကာ ဝင်သည်။ အထဲရောက်သည်နှင့် လိုက်ကာများကို လိုက်ဖွင့်လိုက်သည်။ စားပွဲတွေကိုလည်း ပြောင်ရှင်းအောင် လိုက်သုတ်ပေးရသည်။
ကိုယ်ကပိုင်ရှင်မဟုတ်ပေမဲ့ ပိုင်ရှင်တစ်ယောက်လို တစ်ဆိုင်လုံးကိုယ့်လက်ထဲ အပ်ထားကာ သူဌေးရဲ့ အယုံကြည်ရဆုံး လူတစ်ယောက်ဖြစ်ရတဲ့အတွက်လည်း တွေးရင်း ပြုံးမိသေးသည်။

အလင်းရောင်ထဲ နေရောင်ခြည်ပါ ကပ်ပါလာပြီး ဆိုင်အတွင်း ထိုးဖောက်လာကြသည့်အချိန်ဆို လူ တစ်ယောက်စ၊နှစ်ယောက်စ ဆိုင်အတွင်းရောက်လာချေပြီ။

'အစ်ကိုက အမြဲကို ပြုံးနေတာပဲနော် ဒီဆိုင်ထဲရောက်တာနဲ့ အစ်ကိုကိုတွေ့လိုက်ရင် အေးချမ်းနေတာပဲ'

Baekhyunအ​ရှေ့က စားသုံးသူ​ကောင်မလေးရဲ့​ပြောစကား​ကြောင့်​ ပြုံးရုံမျှပြုံးပြကာ ပူပူ​နွေး​နွေးကော်​ဖီတစ်ခွက်​ကိုချ​ပေးပြီး ဦးညွှတ်ကာ ပြန်​​လျှောက်​လာခဲ့သည်​။

ကျွန်တော့်ကို အေးချမ်းသည်တဲ့လား။ ဟက် ဟက်....
ကျွန်​​တော့်​ရင်​ထဲအမြဲတမ်း​ပူလောင်မှောင်​မှိုင်း​နေပြီး ဘယ်​​သောအခါမှလည်း ကြည်လင်အေးချမ်းလာမည်​မဟုတ်ပါ။
ကျွန်​​တော့်​ဘဝမှာ ​နွေး​ထွေးလွန်းလှပြီး နူးညံ့ပာတယ်ဆိုတဲ့​'မေတ္တာ' ဆိုတာမျိုးလည်း လုံးလုံးလျားလျားမျှမရှိခဲ့ဖူးဘူး။ အေးချမ်းမှုဆိုတာလည်း ဘယ်လိုဆိုတာ ကျွန်တော်သိမနေခဲ့ဘူး။

My Precious Boys ✔ [ChanBaek BD Present For My Lovely WaiNi]Where stories live. Discover now