လေ၏အလျှင်ကြောင့် ဘယ်ယိမ်းညာရမ်းနေသောလိုက်ကာစများကြားဆက်ကြောင်းတို့မှ နေမင်း၏ရောင်ခြည်ဖြိုးဖြိုးဖြောက်ဖြောက်တို့သည် အပြိုင်ကျဆင်းတိုးဝှေ့၍ အခန်းအတွင်းကျထိုးလာခြင်းနှင့်အတူ သာယာနာပျော်ဖွယ် ကျေးငှက်တို့၏တကျီကျီအော်ဆာနေသည့်အသံတို့နှင့် မနက်ခင်းတစ်ခုသည် သာယာတောက်ပနေလွန်းသည်။
'Baekhyuneeထတော့ အောက်မှာအားလုံးစောင့်နေကြပြီ မင်းပဲကျန်တော့တယ်'
Japanမှာပြင်ဆင်ထားသည့် FanSignပွဲတစ်ခုအတွက်သွားဖို့ အဖွဲ့ဝင်တွေအားလုံး ပြင်ဆင်ပြီးတက်ကြွနေကြသည်။
နှစ်တွေချီသော လေ့ကျင့်သင်ယူခြင်းနှင့်အတူ ထိတွေ့ဆက်ဆံမှုတွေ၊ ရေစက်ဆိုသည့် တွေ့ဆုံရမည့်ကံတရားဆိုတာတွေကြောင့် တစ်နေရာဆီဖြစ်နေခဲ့သည့် သည်သူတွေသည် EXOဆိုသည့် အမည်တစ်ခု၏ အဖွဲ့ဝင်တွေအဖြစ် ဆုံတွေ့စုစည်းမိသည်မှာ တန်ဖိုးအရှိဆုံးထဲက တန်ဖိုးမဖြတ်နိုင်ဆုံးတွေဖြစ်ခဲ့သည်။
ဝါသနာတူရာ သည်သူတွေသည် ကံတရား၏ ဖန်တီးပေးမှုကြောင့် များစွာသောလူတွေကြားထဲမှ ရွေးထုတ်စစ်တင် ကျန်ရှိနေခဲ့သည်ကို မြင်လွှာအရှေ့ မတွေ့မဆုံ၊ မမြင်ဖူးပါရက်နဲ့ ချစ်ခြင်းအပြည့်ပေးခဲ့ပြီး တန်ဖိုးထားပေး၊ အားဖြစ်စေခဲ့သော တစ်ဦးတစ်ယောက်မှစတည် တစ်ဆယ်၊ တစ်ရာ စသောစသော တစ်ထောင်ကျော်သွား တစ်သိန်း၊ တစ်သောင်းအပြင်မရေတွက်နိုင်ပါသော မတစ်ထောင်သား လူတို့သည် ချစ်ကြိုက်နှစ်သက် အားပေးခဲ့သည်မှာ စတည်ရာမှ ယနေ့အထိတိုးတိုးပွားလာ တွေးကြည့်မိတိုင်းလည်း အပြုံးမည်သည်က ပေါ်လို့လာခဲ့ရသည်။
ထိုFanအများနဲ့တွေ့ရသည်မှာ ဘဝရဲ့ပျော်ရွှင်စရာတွေထဲက ပျော်ရွှင်စရာအဖြစ်ရဆုံးနဲ့ အမှတ်တရ ထိတွေ့မှုတွေအများဆုံးရနိုင်သည့်နေရာတစ်ခုမို့လည်း အားလုံးတက်ကြွနေကြသည်ကမဆန်း။
ပင်ပန်း၍စိတ်ဓာတ်ကျမိသည်ရှိသော်၊ မျက်ရည်တို့ ကျဆင်းမပြတ်နာကျင်ခဲ့ရသည်ရှိသော်၊ မနာလိုသူတို့၏ နှိမ့်ချထိုးနှက်သည့် စကားလုံးတွေရှိသော်၊ ပြုံးပြခွင့်လေးတောင်မရအောင် တားဆီးထားမှုကြီးတွေရှိသော် မေတ္တာမပြတ်ဘဲ ထာဝစဉ်အပြုံးတို့သာ အစဉ်အမြဲပေး၊ ချစ်ကြောင်းတွေကို အမျိုးမျိုးဖွင့်ပြ ကိုယ့်အကျိုးအတွက်မပါဘဲ ချစ်စိတ်တစ်ခုတည်းနဲ့တန်ဖိုးထားပေးပြီး ကိုယ်တွေအတွက်အဘက်ဘက်မှဖြည့်ဆည်းပေးနေသော ထိုလူသားတို့က ဘုရားကပေးတဲ့လက်ဆောင်ဆိုပါက ထိုလူသားတို့အား အပြုံးတစ်ခုသာပြန်တုံ့ပြန်ပေးနိုင်သည်ကို မတင်းတိမ်နိုင်သည်က ဘုရာကပေးတဲ့ ပြစ်ဒဏ်တစ်ခုဖြစ်လိမ့်မည်။
YOU ARE READING
My Precious Boys ✔ [ChanBaek BD Present For My Lovely WaiNi]
Romantizm//ChanBaek Yaoi// I wish you to be happy & healthy in your life and whatever your everything is Okay March 31 day' s [Book]